အပိုင်း✨🍁(၄၇)

10.4K 1K 61
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၄၇)

“အရောင်ကတစ်မျိုးပဲ...”

ဧကလေး မျက်စိရှေ့ကဆွဲလက်စပန်းချီကိုကြည့်ရင်း တွေးတွေးဆဆပြောလိုက်သည်။
ပုံမှာစပ်ထားသည့်အရောင်ကတစ်မျိုးဖြစ်နေသည့်အတွက် တခြားအရောင်နှင့်ရောဖို့တွေးရင်း ဆေးခွက်များကိုကြည့်ကာ အဆင်ပြေမည့်အရောင်ကိုရှာလိုက်သည်။

“အင်း...ဒါလေးသုံးလိုက်မယ်....”

“Ok Nice....အဆင်ပြေသွားပြီ...”

ရုပ်လုံးကြွပုံပေါ်လာသော ပန်းချီကားချပ်လေးကိုကြည့်၍ ဧကလေး နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။နာရီကြည့်လိုက်တော့ 12ထိုးခါနီးပြီဖြစ်သည့်အတွက် အစောနှင့်တွေ့ဖို့ရာ ချိန်းထားသဖြင့် ဆေးခွက်များကိုပိတ်လိုက်ကာ တစ်ဖက်က Cafeဆိုင်ဘက်ကိုသွားလိုက်သည်။

“ကြိုဆိုပါတယ်ရှင်....”

ဆိုင်တံခါးကိုဖွင့်ဖွင့်ချင်း အပြုံးလေးနှင့်‌နှုတ်ဆက်လာသော ဆိုင်ကဝန်ထမ်းလေးကိုပြန်ပြုံးပြလိုက်ရင်း..
“မစောယုမာလာနွယ် ရှိလားဗျ...”

“ဟုတ်ကဲ့ ရှိပါတယ်ရှင့်... ခဏလေးနော် မမကိုသွားခေါ်ပေးပါ့မယ်ရှင့်...”

“ကျေးဇူးပါဗျ...”

ထို့နောက်ဧကလေး အပြင်ဘက်ကိုကောင်းစွာမြင်နေရသော နေရာတွင် နေရာယူလိုက်သည်။အပြင်က သွားလာလှုပ်ရှားနေသော သူများကိုငေးကြည့်ရင်း မောင့်အကြောင်းကခေါင်းထဲအလိုလိုရောက်လာသည်။
*မောင်နဲ့မ‌တွေ့ရတာတောင် တစ်ပတ်တိတိရှိသွားပါပြီလား...ဖုန်းနံပတ်မသိ...ဘယ်မှာနေလဲလည်းမသိ...စဝ်မင်းကမ္ဘာဦးခိုက်ဆိုတဲ့နာမည်ကလွဲလျှင်ဘာမှမသိတဲ့ ကျွန်တော်က မောင့်ကိုဘယ်မှာလိုက်ရှာရမလဲ ...တမင်သက်သက်ရှောင်ဖယ်နေတာလား...ကျွန်တော့်ကိုလာတွေ့‌ဖို့ မအားလပ်တာလားမသိပေမယ့် မောင့်ကိုဆက်သွယ်ဖို့တစ်ခုခုချန်ထားခဲ့ရင်ကောင်းမှာပဲ....*

“ဟူး....”

ဧကလေး သက်ပြင်းကို ခပ်တိုးတိုးရှိုက်ရင်း ဆေးရုံဝန်းထဲလှမ်းကြည့်လိုက်ရာ တွေ့လိုက်ရသော ကျောပြင်ကျယ်ကြောင့် ထိုင်နေရာမှ ဆတ်ခနဲထရပ်လိုက်မိသည်။
“ဟင်...မောင်လား..”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now