အပိုင်း✨🍁(၄၃)

10.4K 1K 145
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၄၃)

ကမ္ဘာ ရင်ဘတ်ကကျိန်စာ၏နာကျင်မှုကို မခံစားရတော့သည်အထိ ရင်ထဲကနာကျင်မှုကအလေးသာနေသည်။မျှော်လင့်ချက်များပျောက်ဆုံးသွားသလို၊မှိုင်းညှို့နာကျင်သွားသည့်မျက်ဝန်းပြာလေးများ၏အကြည့်က သူ့နှလုံးသားကိုချေမွနေသည်။ကိုယ်ချစ်မြတ်နိုးရသည့်လူအား မသိချင်ယောင်ဆောင်ရသည့် နာကျင်မှုမျိုးလောက် တခြားမည်သည့်အရာကမှနာကျင်လိမ့်မည်မဟုတ်ပေ။

ရူးလောက်အောင် ထွေးပွေ့ထားချင်ပေမယ့်
ရူးလောက်အောင် လွမ်းနေပေမယ့်
ရူးရူးမိုက်မိုက်ဖြစ်ချင်ရာဖြစ်ဆိုပြီး မိုက်ရူးရဲဆန်ဆန်လုပ်ပစ်လိုက်ချင်ပေမယ့် ကံကြမ္မာက လုပ်ခွင့်မပေးပေ။ခမည်းတော်ကိုသာ ထိုကတိကိုမပေးခဲ့လျှင် ကမ္ဘာကျိန်စာကိုမမှူဘဲဇွတ်တိုးမိနိုင်လောက်သည်။ရှေ့မတိုးသာသည့်အခြေအနေမှာ အချိန်၅နှစ်မပြည့်မချင်း နေမြဲတိုင်းနေနေရဦးမည်ပင်။

*မောင့်ကို နားလည်ပေးပါ မာန်...
အတ္တကြီးတယ်ပဲဆိုဆို မာန့်ဆီကို
မောင်ရောက်အောင်လာခဲ့မှာမို့ ခဏလေးပဲ...ခဏလေးပဲ သည်းခံပေးပါ...မာန်...*

အစော အထုပ်များကိုကိုင်ရင်း ထွက်သွားသည့် မင်းမြတ်ကျော‌ပြင်လေးအားကြည့်ရင်း ဆွေး‌မြည့်နာကျင်နေသော ပယင်းရောင်မျက်ဝန်းများကိုကြည့်ရင်း အခြေအနေများကိုပြန်စဉ်းစားနေမိသည်။မင်းမြတ်လိုလူမျိုးကတော့ လူမှားပြီး ထိုသို့ဆက်ဆံမည်မဟုတ်ဆိုတာ အစော သေချာသိသည်။အထူးသဖြင့် မင်းမြတ်ကိုကြည့်နေသည့် ဦးခိုက်မျက်လုံးများကို သူပိုနားလည်‌သည်။

အချစ်ဆိုသည့်အရာကို ကိုယ်တိုင်ကြုံဖူး၊ခံစားဖူး၊ထိတွေ့ဖူးသည့်လူတိုင်း အချစ်နှင့်ပတ်သက်သည့်အရိပ်အယောင်များကိုနားလည်စွာ ဘာသာပြန်ဆိုနိုင်ကြသည်။မင်းမြတ်နှင့်အကြည့်ချင်းဆုံသည့်အချိန်မှလွဲလျှင် ကျန်သည့်အချိန်များက ‌လွမ်း‌ဆွတ်ဆွေးမြည့်စွာကြည့်နေသော ပယင်းရောင်မျက်ဝန်းများ၏အဓိပ္ပာယ်ကို ‌အစောနားလည်နေသည်။ဘယ်လိုပင် လူမှားနေတယ်ပြောပြော တခြားလူများသာဆိုလျှင် ယောင်္ကျားတစ်ယောက်က အခြားယောင်္ကျားတစ်ယောက်နှင့်မှားသည့်အပေါ် သည်းခံလောက်မည်ဟုမထင်ပေ။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now