အပိုင်း✨🍁(၅၂)-(Final)

20.5K 1.3K 306
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၅၂)(Final )

1:00AM,

ညတွင်းချင်းမရပ်မနားမောင်းနှင်လာပါသောကားလေးသည် ဟော်နန်းထဲသို့အရှိန်ဖြင့်ကွေ့ဝင်လာပြီးနောက် စင်ဝင်အောက်တွင်ရပ်လိုက်သည်။ ကမ္ဘာ ကားပေါ်မှ အမြန်ဆင်းပြီး ခြေလှမ်းကျဲကြီးများဖြင့် မိမိအိပ်ဆောင်ဆီသို့ဦးတည်လိုက်သည်။တိတ်ဆိတ်နေသော မင်းမဟာဟော်နန်း၏ လျှောက်လမ်းတစ်ခုလုံးတွင် ကမ္ဘာခြေလှမ်း အမြန်လျှောက်နေသောကြောင့် ကုတ်အင်္ကျီနှင့်ခန္ဓာကိုယ်ပွတ်တိုက်မိရာမှ ထွက်လာသည့်အသံကလွှဲလျှင် တခြားမည်သည့်အသံမှမကြားရပေ။ကမ္ဘာ မိမိအခန်းရှေ့အရောက် ခြေစုံရပ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ တံခါးကိုအသာဖွင့်၍ အထဲကိုဝင်လိုက်သည်။

စဝ်စံဦးခိုက် ကျင့်စဉ်ခန်းထဲမှာကျင့်ကြံနေရင်း သားဖြစ်သူရောက်လာပြီဆိုတာ သိလိုက်သောကြောင့် တစ်ချက်ပြုံးလိုက်ရင်း အရာအားလုံးအဆင်ပြေဖို့ပဲမျှော်လင့်မိသည်။

မှိန်ပျပျလရောင်သဲ့သဲ့အောက်တွင် ကုတင်ပေါ်မှလူသားလေးသည် ပန်းချီကားချပ်လေးကိုကျစ်ကျစ်ပါအောင်ဖက်တွယ်ရင်း ခြောက်ကပ်နေပါသော မျက်ရည်စီးကြောင်းတစ်ချို့ဖြင့်အိပ်ပျော်နေလေသည်။
ကမ္ဘာ မည်သည့်အသံမှမထွက်အောင် ညှင်သာစွာ ကုတင်ဘေးသွားလိုက်ပြီးနောက် အိပ်ပျော်နေသောလူသားလေး၏ ဘေးတွင်အသာဝင်ထိုင်လိုက်သည်။

မှိုင်းဖျနေသော ပယင်းရောင်မျက်ဝန်းများသည် ချစ်ရပါသောအမျိုးသားငယ်လေးအား တစိမ့်စိမ့်ကြည့်နေရင်း အရည်ကြည်လေးတွေဝေ့ဝဲလာသည်။ချစ်ပါသည်ဆိုပြီး အမြဲနာကျင်စေမိသည့်သူ၊ မိမိနောင်တတရားကင်းချင်ရုံနှင့် အန္တရာယ်တွင်းထဲဆွဲခေါ်ခဲ့သူ၊အချစ်တွေကိုသင်ပြခဲ့ပြီးမှ အတ္တတွေကြောင့် အဝေးကနေပဲငေးကြည့်ရင်း ရင်နာစေခဲ့သူ၊သူဟာ ကောင်ငယ်လေးကို ထိခိုက်နာကျင်စေခဲ့သည်။

ကမ္ဘာ ခြောက်စပြုနေသည့် မာန့်မျက်နှာထက်မှ မျက်ရည်စီးကြောင်းလေးအားဖွဖွလေး ထိတွေ့ပွတ်သပ်လိုက်ရင်း...
“အရာအားလုံးအတွက် မောင် တောင်းပန်ပါတယ် မာန်...မောင်က မာန့်ကို ထပ်ကာထပ်ကာနာကျင်စေခဲ့တယ်....မာန့်ရဲ့ပျော်ရွှင်နေတဲ့ဘဝလေးထဲကို နာကျင်မှုတွေရစေခဲ့တယ်...မောင်က မကောင်းတဲ့အကောင်ပါ...မာန့်အတွက် မကောင်းတဲ့ကောင်လုံးလုံးပါ...ဒါပေမဲ့ ဒါပေမဲ့ မောင် မာန့်ကို လုံးဝလက်လွှတ်မပေးနိုင်ဘူး....လက်လွှတ်ပေးဖို့ဆိုတာ မောင်သေရင်တောင်မဖြစ်နိုင်ဘူး...မောင် သိပါတယ်...မောင်က မောင်က...”
ကမ္ဘာ ဘာစကားမှဆက်မဆိုနိုင်တော့ဘဲ စီးကျလာသောမျက်ရည်များကြောင့် ခေါင်းကြီးကိုငုံ့ထားမိသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now