အပိုင်း✨🍁(၃)

16.5K 1.4K 115
                                    


ကမ္ဘာ စိတ်စွမ်းအင်စက်ကွင်း၏ ဒုတိယအဆင့်ဖြစ်သော မေတ္တာထုတ်လွှတ်ခြင်းစက်ကွင်းကို ကျင့်နေရင်း ဆရာပြောသည့်စကားများကို နားထဲကြားယောင်လာသည်။

“လူရဲ့အတွင်းအဇ္ဈတ္တမှာ ခိုအောင်းနေတဲ့ စွမ်းအားစိတ်တွေရှိတယ် ...အဲ့စွမ်းအားတွေကို အားကောင်း‌လာအောင် သေချာပြုစုပျိုးထောင်ပေးရင် ကိုယ်လိုချင်သလို အသုံးချလို့ရတယ်...အဲ့ဒါကမေတ္တာပို့ခြင်းလို့ခေါ်တဲ့‌ မေတ္တာစွမ်းအင်က စွမ်းအင်အမြင့်ဆုံးပဲ...”

(ကျွန်တော်‌တို့တွေ မေတ္တာပို့တယ် ပဌာန်းတွေရွတ်ကြတယ် ပဌာန်းမရွတ်ခင်မှာ မေတ္တာသုတ်ကိုရွတ်လေ့ရှိကြတယ်မလား ။
အဲ့လိုရွတ်လိုက်တဲ့အခါမှာ ကျွန်တော်တို့ပို့လိုက်တဲ့ မေတ္တာဓာတ်တွေက အရပ်ရှစ်မျက်နှာ အကုန်လုံးကိုပြန့်နှံ့သွားတယ်။
သာမန်မေတ္တာပို့ရုံလေးပို့တဲ့သူတွေမှာကျ မေတ္တာစွမ်းအင်နည်းတယ်။ဆုတောင်းမေတ္တာပို့သတယ်ဆိုတာ ကျွန်တော်တို့ ရွတ်လိုက်တဲ့အချိန်လေးတင် အလုပ်လုပ်တာမဟုတ်ဘူး။အကျိုးဖြစ်စေတာမဟုတ်ဘူး။အဲ့စွမ်းအင်တွေကတစ်ချိန်လုံးအလုပ်လုပ်နေတာမျိုး။ကျွန်တော်တို့စိတ်က အားကောင်းကောင်းနဲ့ ကိုယ်လိုချင်တဲ့အကြောင်းအရာကို သေချာစိတ်နှစ်ပြီး မေတ္တာပို့လိုက်ရင် ကိုယ်ဖြစ်ချင်တာတွေဖြစ်လာနိုင်တယ်။တစ်ချို့တွေဆို ပဌာန်းကို အဓိဌာန်တွေနဲ့ ရွတ်ကြတယ်ပဲမဟုတ်လား။
အမြဲတမ်းမေတ္တာပို့ ရွတ်ဖတ်နေသူတွေက ဘဝမှာ အောင်မြင်မှူတွေရတက်တယ်။မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေကစောင့်ရှောက်ပေးလေ့ရှိတယ်။)

“မေတ္တာဓာတ်လိုင်းတွေ အားကောင်းလာရင် မင်းဖြစ်ချင်တဲ့ကိစ္စက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊သိစိတ်နှင့်ဖြစ်စေ၊မသိစိတ်နှင့်ဖြစ်စေ တစ်စုံတစ်ခုကိုတောင့်တလိုက်ရင် အဲ့ဒီအရာဖြစ်လာစေဖို့ အထောက်အပံ့ဖြစ်သွားလိမ့်မယ် ....”

ကမ္ဘာ ပို့လွှတ်သည့် မေတ္တာစွမ်းအင်ကအားကောင်းလွန်းသောကြောင့် မိုင်ပေါင်းထောင်ချီအောင်ဝေးနေပါစေ ထိုတစ်စုံတစ်ယောက်ဆီ‌ ရောက်သည်။
သူ၏မေတ္တာတွေနှင့်ထိုတစ်စုံတစ်ယောက်ကို နွေးထွေးစေသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now