Attention please❤️

7.1K 595 47
                                    

ဟယ်လို ဒါလေးကို
ကိုယ်ရှင်းရှင်းလင်းလင်း လုပ်ချင်လို့ပါဗျ
ကိုယ်ဖတ်တဲ့စာအုပ်တွေက
တြိစက္ကရဲ့ ရှမ်ဘဲလားသို့မဟာဂန္ဓာရီ
ရုပ်ပြောင်းနာမ်ခွာမိစ္ဆာ
ပုညခင်ရဲ့ အိမ်မက်ဆက်ကြိုး
စိမ့်ရဲ့ ပန်ထွာဘုရင်မ

ပျူခေတ်၊သရေခေတ္တရာ၊ဗိဿနိုး၊ဟန်လင်း၊တကောင်း စသည့်အကြောင်းအရာတွေအကုန်လုံးက Googleမှ ရှာဖွေပါတယ်

ကိုယ်မသိတဲ့ သမိုင်းအကြောင်းအရာဖြစ်တဲ့အတွက် လက်လှမ်းမှီသလောက်ရှာဖွေရပါတယ်

စိတ်စွမ်းအင်စက်ကွင်းဆိုရင် စာအုပ်ထဲကအတိုင်းပဲကို ကိုယ်နားလည်သလိုပြန်ရေးပြထားတာပါ...

အကြောင်းအရာတွေကို တိတိကျကျပြောရရင်....
စိတ်အကြောင်း ၊ရှမ်ဘဲလားအကြောင်း
အဲ့ဒါတွေက စာအုပ်ထဲက‌နဲ့တူတူပါပဲ
ကိုယ်ပြန်ကိုးကားရေးထားတာပါ...

ကိုယ့်အတွက် ပယင်းက စိန်ခေါ်မှုတွေနဲ့
မလွယ်ကူပါဘူး ...
ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့စာအုပ်တွေပြန်ရှာရတယ်...
အကြောင်းအရာမတိကျမှာဆိုးလို့ စာအုပ်ထဲအရင်ချရေး လိုအပ်တဲ့အချက်တွေ ဆွဲထုတ် နားလည်သလိုပြန်စကားစုလုပ်ရပါတယ်

အချိန်လည်းလုပေးရတယ်
ည1နာရီကျော်ထိ စာအုပ်တွေဖတ်ရတယ်
တကယ်မလွယ်ကူပါဘူး

ကိုယ်ဖတ်တဲ့စာအုပ်တွေကိုပြောပြထားတာမို့ အကြောင်းအရာတူပြီး copyတယ်ဆိုပြီး
ပြောတယ်ဆိုရင် ကိုယ်တကယ်ဝမ်းနည်းမိမှာပါပဲ ...ကိုယ်က ကိုယ်သိတဲ့အကြောင်းအရာတွေကို စိတ်ကူးယဉ်ဝတ္ထုလေးဖန်တီးခဲ့တာပါ....

Introမှာပြောခဲ့သလိုပဲ
ကိုယ်ရေးမယ့် မင်းတွေက သမိုင်းမှာတကယ်မရှိပါဘူး
ကိုယ့်ဖန်တီးမှုသပ်သပ်ပါပဲ...

အဲ့ဒီတော့ ကိုယ်ပြောချင်တာက
ကိုယ် ဒီစာအုပ်တွေထဲက ကိုးကားပြီးဝေမျှထားတာဖြစ်လို့
မကြိုက်ရင် မဖတ်ဖို့အကြံပေးပါရစေ
ကိုယ်အားထုတ်ထားတဲ့ အရာကို
အထိအခိုက်မခံနိုင်လို့ပါ....

ဆက်ရေးဖို့ လန့်လာတဲ့အထိ
စာသားတွေအမှားမခံတော့ အတော်လေးစဉ်းစားနေရတယ် ဒီကိစ္စကို....

ကိုယ်ကဝါသနာပါလို့ရေးနေတာမို့
ပြဿနာဖြစ်မှာကြောက်ပါတယ်...
ခုဖြစ်နေတဲ့copyကိစ္စမဟုတ်တဲ့
သမိုင်းကြောင်းတွေကိစ္စကိုပြောတာပါ...

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now