အပိုင်း✨🍁(၃၀)

9.8K 857 19
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၃၀)

ဧကလေး ရာဇကုဋေနန်းဆောင်တော်မှပြန်လာပြီးနောက် တစ်နေ့လုံး ကံ့ကော်ဆောင်ထဲကမထွက်နိုင်အောင် ခွီနေရသည်။
မနက်စောစောကအကြောင်းအရာများကို ပြန်တွေးမိတိုင်း ရယ်ချင်လာသည့်စိတ်ကထိန်းမရတော့။အိပ်ယာပေါ်မှောက်ယက်ကြီးအိပ်ပြီးတွေးမိလိုက် ပက်လက်လှန်ရင်း ‌အမိုးက ပန်းဆွဲများကိုကြည့်ရင်း တွေးလိုက်နှင့် အတွေးကမ္ဘာထဲနယ်‌ကျွံနေလေ၏။
အရှင် အဆောင်သို့ပြန်လာပို့ပေးပြီးသည့်နောက်မှစ၍ သူအဆောင်အပြင်ကိုမထွက်မိတော့တာပဲဖြစ်သည်။

အရှင်လည်း အရေးကြီးကိစ္စရှိပုံရသည်။သူ့ကိုပို့ပေးပြီးသည်နှင့် ကိုယ်ရံတော်မဏိကိုခေါ်ကာ တန်းပြန်သွားလေသည်။

"သခင်လေး..."

ထိုအခိုက် အဆောင်အပြင်ဘက်မှ သက္ကခေါ်သံကိုကြားတော့ ဧကလေး ထထိုင်လိုက်သည်။

"ဟင်...အင်း ဝင်ခဲ့လေ သက္က..."

"ဟုတ်ကဲ့ ဟီး..."

ဟုတ်ကဲ့ဆိုပြီး စပ်ဖြီးဖြီးနှင့်ဝင်လာသော သက္ကမျက်နှာပေးကြောင့် ဧကလေးရယ်ချင်လာမိသည်။ဒီနေ့ကတော့ ဘယ်အရာကနေနေ သူ့ကိုရယ်အောင်လုပ်နေကြသည်။

"ဘာလဲဟ...ရုပ်ကိုက..."

"ဟီး...သခင်လေး..."

"အင်း ပြော...."

"ဟိုလေ ညက...ဟီး..."

"အင်း ညက ဘာဖြစ် ...ဆက်ပြောလေ ဘယ့်နှယ့် ဘရိတ်တန့်ဆွဲနေတာတုန်း....တဟီးဟီးနဲ့ မြင်းကြီးကြနေတာပဲ..."

သခင်လေး၏ ပျစ်ပျစ်နှစ်နှစ်စကားသံအဆုံး သက္ကမျက်နှာလေး မဲ့ကျသွားရသည်။ရှေ့က ဘရတ်တန့်ဆိုသည့်စကားကိုသူနားမလည်သော်လည်း မြင်းနှင့်အနှိုင်းခံလိုက်ရတာပဲ သေချာသိသည်။

"သခင်လေးကလည်းဗျာ ကျွန်တော်မျိုး ဘရက်တန့်ဆိုတာဘာလဲမသိပေမယ့် မဆွဲပါဘူးဗျ...ဟီး သခင်မလေးကခေါ်ခိုင်းလိုက်လို့..."

"ဟုတ်လား...အဲ့ဒါကို မင်းကဘာလို့ တဟီးဟီးရယ်ပြီးပြောနေတာတုန်း...."

"ဟီး...သခင်လေး ညကအဆောင်‌တောင်ပြန်မအိပ်ဘူးမလားဗျ..."

"အေးလေ ငါအရှင့်အဆောင်မှာအိပ်တာလေ ဘာဖြစ်လို့လဲ..."
*ဘာပါလိမ့် ရူးကြောင်ကြောင်နဲ့...*
ဧကလေး သက္ကကို မသင်္ကာဖြစ်လာရသည်။ဘယ်လိုကြောင့် ဒီလောက်မျက်နှာပိုးမသတ်ဖြစ်နေရလဲဆိုတာ မသိ။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now