အပိုင်း✨🍁(၂၃)

9.8K 979 159
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၃)

မျက်မှောက်ခေတ်ကာလ
March 29,10:48AM

‌နန်းထိုက်တော်ဝင်ဆေးရုံကြီး၏ သီးသန့်အခန်းထဲ‌တွင် လူလတ်ပိုင်းအရွယ် ကောင်လေးတစ်ယောက်ဟာဆိုလျှင် ကုတင်ပေါ်မှ ပိုက်များသွယ်တန်းလျှက်ရှိနေသော ကောင်ငယ်လေးအားကြည့်ရင်း မျက်ဝန်းပြာလေးများမှ မျက်ရည်လေးတွေဝေ့ဝဲလာရသည်။

ဦးညို သားကြီးကို တစိမ့်စိမ့်ကြည့်ရင်း စိုးရိမ်ပူပန်လာသည့်စိတ်များက ထိန်းမရ။
သားလေး သတိမလည်လာသေးတာ ဒီနေ့နှင့်ဆိုလျှင် 2လကျော် 3လနီးပါးထိ ရောက်နေပြီပဲဖြစ်သည်။
ဘယ်ဆီဘယ်ဝယ်ရောက်လို့ ဘယ်လိုတွေများ ခိုကိုးရာမဲ့ လွင့်မြောနေသလဲဆိုတာမသိရ။အေးစက်စက်နေရာတွေမှာများ အထီးကျန်နေမလား၊ကမ္ဘာကြီးရဲ့ ဘယ်နေရာထိကိုများ လွင့်မြောနေသလဲဆိုတာ မသိရသည့် အတွက် ပိုလို့စိတ်ပူမိသည်။

ကိုကိုနှင့်သားငယ်က အရေးကြီးအစည်း‌အဝေးရှိသည့်အတွက် ရုံးကိုသွားသောကြောင့် သားကြီးဘေးတွင် ဦးညိုတစ်ယောက်ထဲကျန်ခဲ့ခြင်းဖြစ်သည်။

“ပါးပါးသားလေး ဘယ်တွေရောက်နေတာလဲဟင်...လည်ပတ်လို့ဝရင်လည်း ပါးပါးတို့ဆီအမြန်ပြန်လာခဲ့တော့နော်...ပါးပါးတို့စောင့်နေတယ်....နော် ဧကလေး...ပါးပါးတို့ဆီ မြန်မြန်ပြန်လာခဲ့ပေးပါ...သားရယ်....”

ဦးညို တိုးတိတ်စွာပြောရင်း မျက်ရည်များက ကျဆင်းလာပြန်သည်။သားကို ပြင်းပြင်းထန်ထန်သတိရစိတ်ပူမိတိုင်း ကျဆင်းလာသည့် မျက်ရည်ပူများဟာဆိုလျှင် တစ်ရက်ထပ်တစ်ရက်ပိုများလာတာပဲရှိသည်။ သူငိုလျှင် ကိုကိုနှင့်သားငယ်လေးတို့ပို၍ ခံစားရသဖြင့် ကိုကိုတို့ရှေ့မငိုမိအောင် ထိန်းထားသော်လည်း ကိုကိုတို့မရှိသည့်အချိန်တိုင်း ခုလို သားကြီးမျက်နှာလေးကိုကြည့်ပြီးငိုမိသည်ကအခါခါပင်ဖြစ်သည်။

ထို့နောက်တွင်တော့ ဦးညို သား၏ပါးပြင်နုနုလေးကိုအသာပွတ်သပ်ရင်း နှဖူးပြင်လေးကိုဖွဖွလေးအနမ်းပေးလိုက်သည်။
အခန်းအပြင်တွင် အသာအယာဖွင့်ဟထားသော တံခါးပေါက်မှတစ်ဆင့် ထိုအချင်းအရာကိုကြည့်ပြီး တိတ်တိတ်လေး မျက်ရည်ဝဲနေသော လူတစ်ယောက်လည်းရှိလေသည်။ထိုလူ၏စိတ်ထဲတွင်တော့
ဒီမိသားစုလေးကိုကောင်းကောင်းမကာကွယ်ပေးနိုင်လို့ဆိုသည့် အပြစ်တင်စိတ်များကြီးစိုးနေခဲ့လေသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now