အပိုင်း✨🍁(၅၁)

11.4K 1.1K 97
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၅၁)

ကံ့ကော်ပန်းပင်လေးအောက်မှာ အထီးကျန်စွာပန်းချီဆွဲနေပါသော ကျောပြင်ငယ်လေး၊
အိပ်ဆောင်ထဲမှအပြင်ဘက်ကရှူ့ခင်းများအားမှိုင်းဖျစွာကြည့်‌နေပါသော ‌ပုံရိပ်ငယ်လေး၊စတင်တွေ့ဆုံမှုမှာ အံ့ဩသင့်သွားပုံရသည့် မျက်ဝန်းဝိုင်းဝိုင်းလေးများ၊ထိုမှတစ်ဆင့် ရင်းနှီးခဲ့ပုံ၊တစ်စထက်တစ်စသံယောဇဉ်တွေဖလှယ်မိခဲ့ပုံ၊ပထမဆုံး‌ဆွဲပေးခဲ့သည့် ပုံတူပန်းချီလေး၊အိုးပုံလေး၊ ကျောခိုင်းခဲ့တဲ့အချိန် ညှိုးငယ်စွာကျန်ရှိနေ‌ခဲ့သော ပုံရိပ်လေး။ထိုပုံရိပ်တွေတစ်ခုချင်းဆီကို ဧကလေး မျက်ရည်များဖြင့်လိုက်ကြည့်ရင်း ထိုအချိန်တုန်းက ခံစားချက်များက ရင်ထဲကိုအလုံးအရင်းနှင့်ဝင်ရောက်လာသည်။

ထိုပန်းချီထဲက သူမဟုတ်တဲ့ သူလေး၏ ပင်ပန်းသိမ်ငယ်ခဲ့ရသော ဘဝလေးတစ်ခုက သူ့အားမွန်းကျပ်စေသည်။မျက်ဝန်းပြာလေးတွေဖြင့် ထူးထူးဆန်းဆန်းမွေးဖွားလာပြီး မိခင်ဖြစ်သူ၏အသက်နှင့်အလဲအထပ်လုပ်သလိုဖြစ်ကာ ရှင်သန်ခဲ့ရသော ကောင်လေးတစ်ယောက်၊ဖခင်ဖြစ်သူက မိခင်ဖြစ်သူသေဆုံးရတာသူ့ကြောင့်ဟူ၍ ပစ်ပစ်ခါခါလုပ်ကာ လျစ်လျူရှူ့ခံခဲ့ရသည့်ကောင်လေးတစ်ယောက်၊ချစ်ခြင်းမေတ္တာနှင့်ပတ်သက်လျှင် အစ်မတော်ဆီကလွဲလို့မရခဲ့တဲ့ကောင်လေးတစ်ယောက်က သူ့ကိုနွေးထွေးစွာပြုံးပြခဲ့တဲ့ လူတစ်ယောက်ဆီမှာပျော်ဝင်သွားခဲ့သည်။သိမ်ငယ်ခဲ့ရတဲ့အချိန်တွေကုန်ဆုံးပြီး ထိုလူ့အချစ်တွေနဲ့ပျော်ရွှင်နေခဲ့သည်။သို့သော်လည်း တစ်ချို့သောကံကြမ္မာတွေကိုတော့ သူရှောင်လွဲလို့မရခဲ့။ထပ်ခါတလဲလဲ အရွေးချယ်မခံရမှုတွေကြားထဲ စိတ်ရောကိုယ်ပါပြိုလဲခဲ့ပေမယ့် ထို့လူလုပ်ရပ်မှန်သည်မို့ တစ်ခါလေးမှတောင် အပြစ်မမြင်ခဲ့မိ။ထိုလူ့ကိုခက်ခဲအောင်မလုပ်ရပ်၊သူ့ကြောင့် ထိခိုက်နစ်နာမှာစိုးသည့်အတွက် အကုန်လုံးစိတ်တိုင်းကျ နယ်နှယ်ဒဏ်ကိုခံယူခဲ့ပြီး တစ်ခဏတာရရှိခဲ့သည့်အချစ်တွေအတွက် ကျေးဇူးတင်မိပါကြောင်း သူ‌သိစေခဲ့သည်။

ဧကလေး ထိုပန်းချီကားချပ်ထဲမှ ကောင်ငယ်လေးအား ဖွဖွလေးထိကြည့်ရင်း
*မင်းကငါ... ငါကမင်း...ထပ်တူကျတဲ့လူနှစ်ယောက်...အဲ့ဒီချိန်တုန်းက မင်း ဘယ်အတိုင်းအတာထိပင်ပန်းနေခဲ့ရမလဲဆိုတာ နှိုင်းပြဖို့စကားလုံးတောင်မရှိပါဘူး...မင်း မောင့်ကိုတစ်ခါမှအပြစ်မမြင်ခဲ့ဖူးဆိုတာ ငါသိပါတယ်...ဒါပေမဲ့ မောင်က သူ့ဘဝတစ်လျှောက်လုံး ကိုယ့်စိတ်ကိုယ်အပြစ်ပေးရင်းရှင်သန်ခဲ့တယ်...မောင်က မင်းကိုသိပ်ချစ်ခဲ့တာပါ...သိပ်ချစ်လွန်းလို့ သူကံကြမ္မာတစ်ခုလုံးကိုတောင် အလဲအထပ်လုပ်ပြီး ငါ့ကို သိစေခဲ့တာ...သူပြောင်းလဲချင်ခဲ့တဲ့ အတိတ်တစ်ခုက မင်းဘဝလေးက တကယ်ပဲပျော်ရွှင်ခဲ့ရပါတယ်...အစ်မတော်ကမင်းကိုအရမ်းချစ်သလို အစ်ကိုတော်ကလည်းမင်းကိုအရမ်းချစ်တယ်...အချုပ်အနှောင်ကင်းကင်းနဲ့ သရေခေတ္တရာက မင်းခန္ဓာကိုယ်ထဲမှာ ငါနေပျော်ခဲ့တယ်....မင်းကငါဖြစ်နိုင်သလား ငါကမင်းဖြစ်နိုင်သလား မသိပေမယ့် ငါတို့နှစ်ယောက်လုံးအတွက် မောင်ပြောင်းလဲခဲ့တဲ့ အတိတ်တစ်ချို့က ပျော်ရွှင်စေမယ်လို့ ငါယုံကြည်ပါတယ်....*

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Où les histoires vivent. Découvrez maintenant