အပိုင်း✨🍁(၄၂)

10.1K 1K 212
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၄၂)

About 3years Later,

🎼ပုံပြင်လေးလို...ဒဏ္ဍာရီတစ်ခုလို....
ရင်ခုန်ခြင်းများ....ရှင်သန်ခြင်းအစ....
သူကလည်းငို ကိုယ်ကလဲပြို...
ချစ်တတ်လွန်းသူကြီးနဲ့...
မချစ်ရက်တော့သူတစ်ဦး...
ဒီသံသရာမှာတည့်တည့်ကြီးကိုတိုး...
မိုးလင်းက မိုးချုပ်ချစ်နေသူနဲ့...
အမြဲရုပ်တည်ကြီးနဲ့သူ....
ဘဝပျက်သွားတယ်ပြောလည်း....
အပြုံးမပျက်တဲ့သူတစ်ဦးအတွက်...
သူပြန်မလာတာ ဆန်းတော့သိပ်မဆန်းဘူး...
သူကလည်းသူ...ကိုယ်ကလည်းလူ...
တစ်မျိုး....ဒါ ဒါ ဒါ ဒါ ဒါ ဒါ.........
ဒါ ဒါ ဒါ ဒါ ဒါ ဒါ........

ဧကလေး သီချင်းကိုခပ်တိုးတိုးဆိုညီးရင်း စုတ်ချက်တွေကို သေသပ်စွာပုံဖော်နေမိသည်။အခုတလော သူBigBangရဲ့ ACCIDENTဆိုသည့် သီချင်းလေးကိုပါးစပ်ဖျားထဲစွဲနေပြီး ဘာလုပ်လုပ်ဆိုနေမိသည်။ပြခန်းက အတော်လေးအောင်မြင်နေပြီဖြစ်ပြီး နေ့ရက်တိုင်းက ပြခန်း၊အိမ်၊မြစ်ကမ်း စသည်ဖြင့်ပုံမှန်လည်ပတ်နေသည်။

တစ်နေ့တာအတွက် မနက်အိပ်ယာထသည်နှင့် နာရီဝက်လေ့ကျင့်ခန်းလုပ်သည်။ မနက်စာကို ပါးပါးတို့နှင့်အတူတူစားသည်။ပြီးလျှင် ပြခန်းသွားဖို့ပြင်ဆင်သည်။ပြခန်းမှာတစ်နေ့လုံးရှိနေပြီး နေ့လယ်ထမင်းစားချိန်ဆို cafeဆိုင်လေးမှာ ထိုင်ဖြစ်သည်။ Cafeဆိုင်လေးရဲ့ပိုင်ရှင်ဖြစ်သည့် အစ်မတော်နှင့်ရုပ်တူသည့် အစောနှင့်တောင် မိတ်ဆွေတွေလိုဖြစ်နေပြီဖြစ်သည်။ ပြခန်းကပြန်လာရင်တော့ မြစ်ဘေးကို နာရီဝက်လောက်သွားထိုင်ရင်း ရောက်တက်ရာရာတွေးဖြစ်ငေးဖြစ်သည်။ညပိုင်းတွင်တော့ တစ်ခါတစ်လေစိတ်ပါရင် ထူးခြားနှင့်ဆိုင်ကယ်ပတ်စီးသည်။ပါးပါးတို့နှင့်အတူ ရောက်တက်ရာရာများပြောရင်း ညစာအတူစားသည်။ကလေး‌ဆိုးလေးလိုပါးပါးတို့ကိုကပ်ချွဲရင်း movieအတူတူကြည့်သည်။သက္ကရာဇ်လေးကို လိုက်စနောက်သည်။စိတ်မပါလျှင်တော့ ပန်းချီဆွဲခန်းထဲမှာပဲ ကိုယ့်ကိုကိုယ်ပိတ်လောင်ထားလိုက်သည်။

ပုံမှန်လည်ပတ်နေသော သူ၏နေ့ရက်များတွင် တစ်စုံတစ်ဦးအကြောင်းတွေးမိသည့်အချိန်တိုင်း တိတ်ဆိတ်သွားတတ်သည်။
ကိုမာဝင်ပြီး သတိပြန်ရလာသည့်အချိန်မှစလျှင် အချိန် ၄နှစ်မျှကြာခဲ့ပြီဖြစ်ပြီး တစ်စုံတစ်ယောက်နှင့်တွေ့နိုင်ပါဦးမလားဆိုသည့် မျှော်လင့်ချက်များလည်းလျော့နည်းလာပြီဖြစ်သည်။ပြည်မှပြန်လာပြီးနောက်ပိုင်း ပါးပါးတို့ကို ဖွင့်ဟပြောပြ၍ အတူတူ အဖြေရှာဖွေခဲ့သော်လည်း အစအနရှာမရအောင်အထိ ပဟေဋိတစ်ပုဒ်လို ပျောက်ဆုံးနေခဲ့သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now