Extra✨🍁(2)

10.6K 770 54
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အချပ်ပို✨🍁(၂)

"ထူးထူးလေး..."

"...."

"ထူးထူးလေးလို့..."

"ဘာလဲဗျာ ခင်ဗျားနဲ့ကျွန်တော်သိလို့လား..."
မထူးမချင်း ဘေးကနေအတင်းကပ်ကာခေါ်နေသူကြောင့် ထူးခြား စိတ်မကြည်တော့။

"ထူးထူးလေးကလည်း ကိုယ်မှားပါတယ်နော်...စိတ်မဆိုးပါနဲ့တော့.."

"ဘယ်သူကစိတ်ဆိုးနေလို့လဲ...အားအားယားယား..."

"ဟက်!သေချာလား စိတ်မဆိုးတာ..."

"သေ ချာ တယ်..."
ထူးခြား အမြင်ကတ်ကတ်နှင့် တစ်လုံးခြင်းဖိပြောလိုက်သည်။

"အဲ့ဒါဆို ကိုယ်ဗိုက်ဆာပြီ..."

"အမ်..."

"ကိုယ်ဗိုက်ဆာနေပြီ..လေယာဉ်ပေါ်ကတည်းက ဘာမှမစားခဲ့ရဘူး..ရောက်ရောက်ချင်း ဒီကိုတန်းမောင်းလာတာမို့ ဗိုက်ထဲမှာလည်း အစုံအဆန်ရထားတွေခုတ်မောင်းနေပြီ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့..."
ဗညား ဗိုက်လေးကိုပွတ်ပြရင်း သနားစဖွယ်မျက်နှာလေးလုပ်ကာပြောလိုက်သည်။တကယ်လည်း စထွက်လာကတည်းက ဘာမှမစားခဲ့သဖြင့် သူဗိုက်အတော်လေးဆာနေပြီဖြစ်သည်။

"တကယ်ဘာမှမစားရသေးတာလား..."

ဗညား ခေါင်းကိုတစ်ဆတ်ဆတ်ညိတ်ပြလိုက်သည်။

*ဒီလူကတော့ တကယ်ပါပဲ..*
ထူးခြား စိတ်ဆိုးနေတာလေးတောင်ဘယ်ပျောက်သွားမှန်းမသိ ဗိုက်ဆာနေသောသူကြောင့်..
"လာ ကျွန်တော့်နောက်လိုက်ခဲ့..."

"ဟုတ်ကဲ့ပါဗျ.."

ထူးခြား ဗညားကိုခေါ်၍ စားဖိုဆောင်ဘက်ကိုသွားလိုက်ရင်း အရင်ဦးဆုံး တစ်ခုခုစားစေလိုက်သည်။စိတ်ဆိုးစရာရှိလျှင် ပြီးမှဆက်စိတ်ဆိုးမည်။အခုတော့ ထိုလူစားနေသည်ကိုဘေးမှ ဖုန်းသုံးရင်းထိုင်စောင့်ပေးနေလိုက်သည်။

ဗညား စားသောက်ပြီးတော့ ဘေးမှ ဂိမ်းထိုင်ဆော့ရင်း သူစားနေသည်ကိုစောင့်ပေးသည့် ထူးထူးလေးကိုကြည့်လိုက်ကာ..
"ထူးထူးလေးကရော စားပြီးပြီလား.."

"ပြီးပြီ..."
*တော်သေး မေးဖော်တော့ရသေးလို့...*
ထူးခြား သူစားသောက်လို့ဝမှ မေးဖော်ရသော ဗညားကိုစိတ်ထဲမှမကျေမနပ်ပြောလိုက်ရင်း စကားကိုခပ်ပြတ်ပြတ်ပဲပြောလိုက်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now