အပိုင်း✨🍁(၃၉)

9.3K 995 76
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၃၉)

“မင်းမြတ်ဧကဦးမာန်....”

“ဘာလဲ....”

“ငါ့ကိုနည်းနည်းပါးပါးအဖက်လုပ်ပါဦး....မင်း သတိပြန်ရလာကတည်းက အရမ်းစိမ်းကားသွားတယ်...ငါအရမ်းဝမ်းနည်းတာပဲ...”
ထူးခြား ဧကအားကြည့်ရင်း လုပ်ငိုသံကြီးနှင့်ပြောလိုက်သည်။ဒီနေ့မနက် ဧကဆီရောက်သည့်အချိန်မှစ၍ သူဆက်တိုက်လျစ်လျူရှူခံနေရတာဖြစ်သည်။ယခုလည်း သူ့လေ့ကျင့်ရေးပဲမဲလုပ်နေပြီး လူကိုတော့ ဘာစကားမှမပြောပေ။သူ့မှာ ကိုယ်ပျောက်လူသားပမာ ဘာလုပ်ရမှန်းမသိ ဧကနောက်ပတ်လိုက်နေရသည်။

“ကျစ်!!အဲ့ရုပ်ကြီးမလုပ်စမ်းနဲ့...ကျက်သရေတုန်းလွန်းလို့... ”
ဧကလေး ထူးခြား‌မျက်နှာဆီသို့ ပခုံးပေါ်တင်ထားသည့် မျက်နှာသုတ်ပဝါကိုလှမ်းပစ်‌ပေါက်ရင်း ပြောလိုက်သည်။

“မင်း အရမ်းပြောင်းလဲသွားတယ်...ငါ့ကိုအရင်လိုမခင်တော့ဘူးမလား ...အရင်က မင်းမြတ်ဧကဦးမာန်ကိုပဲပြန်လိုချင်တယ် ပြန်ခေါ်ပေး....ဗြဲ....”

“ဟားးးးး ခွေးကောင်...သောက်မြင်ကပ်အောင်အရမ်းလုပ်နော်...”
ဧကလေး တစ်ယောက်ထဲဒရမ်မာတွေချိုးနေသော ထူးခြားအားကြည့်ရင်း မနိုင်သလိုခေါင်းရမ်းလိုက်သည်။အရင်ခေတ်က သက္ကနှင့်ယခုထူးခြားက တကယ်ကိုအကျင့်စရိုက်တွေ မတူညီကြပေ။သို့သော်လည်း ထူးခြားကိုမြင်တိုင်း သက္ကနှင့်အတူသရေခေတ္တရာအတွင်း ဗရုတ်ကျခဲ့သည့်အကြောင်းအရာများကိုပြန်မြင်ယောင်လာမိသည်ကတားမရ။တစ်နှစ်ဆိုတဲ့အချိန်အ‌တောအတွင်းနေသားတကျပျော်ရွှင်ခဲ့သောနေ့ရက်များက တစ်ဦးတစ်ယောက်ချင်းဆီကိုသူအရမ်းလွမ်းမိပါသည်။

“ဟဲဟဲ အဆဲခံလိုက်ရမှ နေသာထိုင်သာရှိသွားတော့တယ်...မင်းပြောတော့ ပြခန်းသွားကြည့်မှာဆို....ဘယ်ချိန်သွားမှာလဲ...”

“အင်း..ဒယ်ဒီ စီစဉ်ပေးထားတာ...”

“အေး ဒီနေ့သွားမှာမလား...ငါလည်းပြခန်းတစ်ခုလောက်ဖွင့်ချင်သားပဲ...ဖွင့်ရင်ကောင်းမလား...”

“မင်းကဘာပြခန်းဖွင့်ချင်တာလဲ...”

“အချစ်ပြခန်းလေ...ရောင်းမထွက်သေးတဲ့ ဦးမိုးမြင့်အောင်ရဲ့ထုတ်ကုန်ကြီး မောင်ထူးခြားအောင်ရဲ့ချစ်တတ်မှူအဖြာဖြာကိုခင်းကျင်းပြသမယ့် အချစ်ပြခန်း.....မင်းရော ရောင်းမထွက်သေးဘူးမလား သနားသောအားဖြင့် မင်းကိုလည်း ပြခန်းမှာတစ်နေရာပေးပါ့မယ်လေ....”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now