အပိုင်း✨🍁(၂)

20.2K 1.6K 94
                                    

စိတ်စုစည်းခြင်းအမှုပြုရာတွင်အရေးကြီးဆုံးမှာ ခန္ဓာကိုယ်၏ အနေအထားပင်ဖြစ်သည်။
ကမ္ဘာ အနေအထားမှန်မှန်ဖြင့် ခန္ဓာကိုယ်မှာရှိသည့်အကျောအချဉ်များကို လျှော့ချလိုက်ပြီး ချက္ကရမှတစ်ဆင့် တဖြည်းဖြည်းချင်း ဝင်လေထွက်လေကို မှတ်နေလိုက်သည်။

ဆရာသင်ပေးထားသည့် နာမ်ခွာစိတ်လွှတ်အတတ်ပညာဟာ ခက်ခဲမယောင်နှင့် ရိုးရှင်းသည်။စိတ်စွမ်းအင်ကို တိုးပွားအောင်လုပ်ပြီး ကိုယ်၏ပန်းတိုင်ကို အရင်ဆုံး တစ်သတ်မှတ်ထဲထားလိုက်သည်။
(ဥပမာ ကိုယ်က ဧဝရတ်တောင်ထိပ်ကိုသွားချင်တယ်ဆိုပါစို့ စိတ်က ထိုဧဝရတ်တောင်အား အာရုံစူးစိုက်ပြီး အမှူးပြုရမည်ပဲဖြစ်သည်။)

စဝ်မင်းကမ္ဘာဦးခိုက်၏ ပန်းတိုင်က အသက်၁၂နှစ်အရွယ်ကတည်းက ယခုအသက်၁၇နှစ်အရွယ်ထိ တစ်ခါမှပြောင်းလဲခြင်းမရှိခဲ့သည့် ထိုတစ်‌စုံတစ်ယောက်ပဲဖြစ်သည်။အကြိမ်ကြိမ်စိတ်လွှတ်ပြီး အနားသို့ရောက်အောင်လည်း သွားဖူးသည်ပဲဖြစ်သည်။

ဆရာသင်ပေးထားသည့်အတိုင်း စိတ်စွမ်းအင်ချဲ့ထွင်ခြင်း၏ ပထမအဆင့်အနေဖြင့် လိုအပ်သည်က အသက်ရှူသွင်းခြင်းနည်းပင်ဖြစ်သည်။အသက်ရှူသွင်းရာတွင် အာကာသစွမ်းအင်(အတက်နိုင်ဆုံးစိတ်ကိုလွှတ်ပေးပြီး သဘာဝတရားကြီးမှပေးသည့်စွမ်းအင်များကို စုပ်ယူခြင်း)ကို စိတ်ကရည်စူးပြီးရှူသွင်းကာ ထိုစွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသာမက မနောစိတ်ထဲရောက်အောင်ပို့ပေးရမည်ဖြစ်သည်။
အဓိကအချက်မှာ စပြီးကျင့်စဉ်စသည့်အချိန်မှစ၍ ခန္ဓာကိုယ်အနေအထားဟာ တစ်သမတ်တည်းထားရပြီး ပြောင်းလဲလှုပ်ရှားခြင်းမပြုရပေ။

မင်းမဟာဟော်နန်းသည် အဘယ်ကြောင့် အသက်အရွယ်ငယ်ရွယ်သည့်အချိန်တွင် ဒီလိုခက်ခဲတဲ့ကျင့်စဉ်မျိုးကို ကျင့်ကြံရသလဲဆိုသည်မှာ လူများအားလုံးသည် ငယ်ရွယ်စဉ်ဘဝတွင် ခန္ဓာကိုယ်ထဲတွင်စွမ်းအင်အပြည့်ရှိသည်။မည်သည့်ရောဂါမျိုးမှ မရှိပဲ ကျန်းမာသန်စွမ်းကြသည်။
တဖြည်းဖြည်း လူလတ်ပိုင်းရောက်လာသည့်အချိန်တွင်တော့ ထိုစွမ်းအင်များက ယိုယွင်းလာသည်။အဘယ်ကြောင့်ဆိုသော် အစားအသောက်၊အနေအထိုင်များကြောင့်ပဲဖြစ်သည်။သို့သော် လူသားတွေက ထိုယိုယွင်းလာသည့်အကြောင်းအရာများကို မသိကျိုးကျွံပြုပြီးနေလိုက်ရာ အသက်အရွယ်ရလာသည့်အခါ၌ နာတာရှည်ရောဂါများကို စတင်ခံစားလာရသည်။ထိုအခါ ဇရာကြောင့်ဟူသော ခေါင်းစဉ်အောက်၌ လူတိုင်းဟာ မရဏတရား(သေခြင်းတရား)ကို မရှောင်လွဲနိုင်ဘူးဆို၍ ဖြေသိမ့်ကြသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now