အပိုင်း✨🍁(၅)

15.2K 1.3K 153
                                    

ဧကလေး ဆံထုံးအားကိုင်ရင်း ပြာရာခက်စွာ မှန်ရှေ့ကိုအမြန်သွားလိုက်သည်။
မှန်ထဲမှမြင်နေရသော ကိုယ့်ပုံစံကြောင့် ရုတ်တရက် ကြက်သေသေသွားရသည်။

အလွန်နူးညံ့သောပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဆံထုံးဖြင့် အလွန်မိုက်ပြီးချောနေသော မိမိ၏ပုံကိုကြည့်ပြီး ဧကလေးမျက်တောင်တောင်မခတ်မိ။
"Wow...ငါကဆံထုံးနဲ့လဲလိုက်တာပဲဟ...အဝတ်အစားကလည်းမိုက်တယ်....လုံးဝနန်းတွင်းအဝတ်အစားမျိုးပဲ...."

ဧကလေး၏ ဖွေးနုနေသောအသားအရေပေါ်တွင် ဝတ်ဆင်ထားသော အဖြူရောင်ပိုးထည်ကြောင့် အသားအရေမှာပို၍ ဖွေးသွားသယောင်ထင်ရသည်။မျက်ဝန်းပြာပြာလေးများဟာလည်း မှန်ထဲက ကိုယ့်ပုံကိုကြည့်ရင်း တလက်လက် ဖြစ်နေသည်။

ဧကလေး ကိုယ်ပေါ်ဝတ်ထားသည့် ပိုးထည်ကို အသာအယာကိုင်တွယ်ပွတ်သပ်ထိကြည့်ရင်း ဝမ်းဗိုက်ဆီသို့လက်ကအရောက်
*ဟင်....ဘယ်ရောက်သွားတာလဲ...*
သူပြာပြာသလဲ ဝမ်းဗိုက်မှ အိင်္ကျီကိုအမြန်လှန်ကြည့်လိုက်သည်။

ထို့နောက်တွင်တော့

"အားးးးးးးးးးးးးးးး
six pack...ငါရဲ့ six packရော...
ငါမနည်းကျင့်ထားခဲ့ရတဲ့ ငါ့ရဲ့six packရော ...
အားးးးးးး"
ဧက အလန့်တကြားအော်လိုက်သည်။

"ဗျာ သခင်လေး ဆက်ပက်ဟုတ်လား....ဘာဆက်ပက်က်ို ပြောတာပါလဲခင်ဗျ....ကျွန်တော်မျိုး အဲ့ဆက်ပက်ဆိုတဲ့အရာကိုမကြားဖူးပါဘူးခင်ဗျ....သခင်လေး ဘယ်နားများထားလို့ပါလဲဗျ...."
သက္က ခေါင်းကိုကုတ်ပြီးပြောလိုက်သည်။
သခင်လေးပြောသည့် ဆက်ပက်ဆိုသည့်အရာအား သူတစ်ခါမှမကြားဖူး၍ဘာများပါလိမ့်ဟုလည်း တွေးနေမိသည်။

"ဘာတွေပြောနေတာလဲ...six packsကွ
Six packs ...ဘယ်ကဆက်ပက်နေရတာလဲ...ဟမ် Six packs‌တောင်မသိဘူးလား‌...ဟူးးးး အိမ်မက်ကြီးကလည်း ဘာကြီးမှန်းမသိဘူး ပြန်အိပ်တာပဲကောင်းပါတယ်....ပြန်အိပ်ရမယ် ပြန်အိပ်ရမယ်..."
ဧက တစ်ယောက်ထဲရေရွတ်ရင်း ညောင်စောင်းပေါ်သို့ တက်ကာ လှဲလိုက်သည်။ဒီအိမ်မက်ကြီးကို သူလုံးဝမကြိုက်ပါ။မနဲကြိုးစားပြီးကျင့်ထားရသော သူ့ရဲ့အဖိုးတန်muscleလေးများ မရှိတော့ပဲ နူးညံ့အိစက်နေသည့် အသားအရေသာရှိသော ဒီအိမ်မက်ကြီးအား လုံးဝလုံးဝ မကြိုက်ပါ။
ဧကလေး ခြုံထည်ကိုပါဆွဲခြုံရင်း မျက်လုံးတွေကိုတင်းတင်းမှိတ်ထားလိုက်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now