အပိုင်း✨🍁(၄၁)

9.8K 1K 151
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၄၁)

ဂမ္ဘီရနယ်မြေတွင် အချိန်တစ်နှစ်မျှကြာပြီးနောက် စဝ်မင်းကမ္ဘာဦးခိုက်အိမ်ပြန်ချိန်တန်ပြီဖြစ်သောကြောင့် ဆရာကိုယ်တိုင် မင်းမဟာဟော်နန်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

“ကျေးဇူးတင်ပါတယ်ဆရာ...”

“မလိုဘူး ‌..နောက်ဆုံးအနေနဲ့ထပ်မေးမယ်..မှတ်ဉာဏ်တွေကိုတကယ်မဖျက်ဘူးလား...”

“ဟုတ်ကဲ့ မဖျက်ပါဘူးဆရာ...”

ကမ္ဘာ ဆရာထပ်ကာထပ်ကာမေးသည့်မေးခွန်းအတွက် တစ်ခုထဲသောအဖြေဖြစ်သည့် ထိုအဖြေကိုပြန်ဖြေလိုက်သည်။
မှတ်ဉာဏ်တွေထဲက သူနှင့်ပတ်သက်သည့်အကြောင်းအရာများကိုဖျက်ပစ်လိုက်ရုံဖြင့် ခံစားချက်တွေကသေဆုံးသွားမည်မဟုတ်ပေ။လူကမမှတ်မိရင်တောင် နှစ်‌‌ပေါင်း၂၀၀၀ကျော်ကဖြစ်တည်လာသောခံစားချက်များကို နှလုံးသားကမှတ်မိနေလိမ့်မည်။သူ၏နာကျင်ခံစားနေရသည့်ဒုက္ခများမှ လွတ်မြောက်စေချင်သော ဆရာ၏စေတနာကိုနားလည်ပါသည်။သို့သော် အချစ်ကပေးသည့်နာကျင်မှုများကို သူနှစ်ခြိုက်သည်လေ။

“တယ်လည်းခေါင်းမာပြီးလက်ပေါက်ကပ်တဲ့တပည့်လေး.. မင်းရွေးချယ်မှုအတွက် ခံနိုင်ရည်ရှိပါစေလို့ ဆရာဆုတောင်းပေးပါတယ်...ဘယ်ပြဿနာမဆိုဖြေရှင်းရမယ့်နည်းလမ်းရှိတယ်ဆိုပေမယ့် နည်းလမ်းနှစ်ခုလုံးကို မင်းကမလုပ်ချင်ဘူးဆိုတော့.... အင်း...ကဲဆရာသွားပြီ...”

ဆရာ သက်ပြင်းသဲ့သဲ့ချရင်းပြောလိုက်သည်။ကမ္ဘာ၏ခေါင်းမာပုံက လွန်ခဲ့သောနှစ်များကထက်ပိုဆိုးလာသလိုပင်။ကျိန်စာကိုဖြေဖို့ နည်းလမ်းနှစ်ခုရှိသည့်အနက် ပထမတစ်ခုဖြစ်သည့် ပန်းချီကားချပ်ကိုဖျက်ဆီးပစ်ရမည်ဆိုသော နည်းလမ်းကိုလုပ်လိမ့်မည်မဟုတ်ဆိုတာသူသိပြီးသားဖြစ်သည်။

ဒုတိယတစ်ခုဖြစ်သည့် မှတ်ဉာဏ်ဖျက်ခြင်း။ထိုနည်းလမ်းကိုသာသုံးဖြစ်ပါက ကျိန်စာမှအလုံးစုံမလွတ်မြောက်နိုင်ပေမယ့် မှတ်ဉာဏ်ဖျက်ပြီးနောက်ပိုင်း တစ်ဖက်က ကလေးနှင့်သာမတွေ့ဆုံတော့လျှင် နှစ်ဦးကြားကချစ်ခြင်းမေတ္တာကြိုးကပါးသွားကာ နာကျင်ခံစားရမှုများမှလွတ်မြောက်နိုင်မည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ထိုကျိန်စာသည် တစ်ဖက်ကကလေးအပေါ်ထားသည့် ကမ္ဘာ၏ခံစားချက်များနှင့်တိုက်ရိုက်သက်ဆိုင်နေသောကြောင့်ဖြစ်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now