Special Extra (4)

13.1K 775 80
                                    

Unicode

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အချပ်ပို✨🍁(၄)

စက်တင်ဘာ(၂၇)ရက်နေ့ နံနက် (၄)နာရီခန့်အချိန်,

“တွီ....တွီ.....”

အိမ်မက်ကမ္ဘာထဲတွင် ဧကလေးတစ်ယောက် ပျူခေတ်၊သရေခေတ္တရာပြည်ကိုရောက်သွားသည့်အချိန်တုန်းက မောင်နှင့်လည်ပတ်ခဲ့သည်များ ပြန်လည်မြင်မက်ရင်း ဖက်လုံးကိုတင်းတင်းဖက်၍ နှုတ်ခမ်းလေးများတွန့်ကွေးနေသည်မှာ အိပ်နေရင်းတောင် ဘယ်အတိုင်းအတာထိပျော်နေလဲဆိုတာ သိသာနေသည်။သရေခေတ္တရာက ဈေးတန်းထဲလျှောက်လည် တွေ့သမျှအကုန်လျှောက်ဝယ်စားခဲ့သည့်အချိန်တွေ ညနေစောင်းအချိန် ဘုရားစေတီများကို သွားရောက်ဖူးမျှော်ခဲ့သည့်အချိန်များနှင့်ဥယျာဉ်တော်ထဲ ကံကော်ပန်းပင်လေးများစိုက်ပျိုးခဲ့သည့်အချိန်များကို မြင်မက်နေခြင်းဖြစ်သည်။

အိမ်မက်လေးက ကောင်းလွန်းလှသဖြင့် တစ်လျှောက်လုံးမြည်နေခဲ့သည့်ဖုန်းသံလေးကို သူမသိသလို အချိန်ကြာကြီးထပ်ခါထပ်ခါမြည်နေပေမယ့် ကိုင်မယ့်သူမရှိသော ဖုန်းလေးဟာလည်း နောက်ဆုံးတော့ အားလျှော့စွာတိတ်ဆိတ်သွားသည်။

ခြံပြင်တွင် ဆိတ်ငြိမ်စွာရပ်ထားသော ကားလေးဘေးမှ လည်ကတုံးစတစ်နှင့်ယောပုဆိုးအနက်ရောင်ကိုဝတ်ထား ပယင်းရောင်မျက်ဝန်းများနှင့်ကောင်လေးတစ်ယောက်သည်လည်း ပြန်လည်ဖြေဆိုလာခြင်းမရှိသည့် ဖုန်းလေးကိုကြည့်ပြီး ပြုံးလိုက်ကာ မှိန်ပြပြမီးရောင်လေး လင်းနေသော အခန်းဆီသို့လှမ်းကြည့်လိုက်သည်။
ကြည့်ရတာ* မနက်စောစော ဘုရားကိုတူတူသွားရအောင်လာခေါ်နော် မောင်..*ဟုပြောခဲ့သည့်ကောင်လေးက အခုတော့ အိမ်မက်ထဲမှာ ဘုရားဖူးနေသည့်ပုံပင်။ထို့နောက် ဖုန်းကိုဆက်မခေါ်တော့ဘဲ ကားရှေ့ပိုင်းbodyကိုအသာမှီလိုက်ကာ လက်ကိုပိုက်၍ ချစ်ရသူရှိသော အခန်းဆီသို့ ပယင်းရောင်မျက်ဝန်းလေးများက ပြုံးကာ ငေးကြည့်နေလိုက်သည်။

***********

သက္ကရာဇ် ကိုကို့မွေးနေ့အတွက် ပါးပါးက ယတြာအတူတူချေပြီး ဘုရားသွားရအောင်ဟုမှာထားသဖြင့် မနက်လေးနာရီနှ်ိုးစက်ပေးထားရာ နှိုးစက်မြည်သည်နှင့် မျက်ဝန်းညိုများက ဆတ်ခနဲပွင့်လာသည်။ထို့နောက် အိပ်ယာမှထလိုက်ကာ ဝတ်ထားသည့်စွပ်ကျယ်ကိုဆွဲချွတ်လိုက်ရာ ငယ်စဉ်ကတည်းကသေချာ‌ကျန်းမာရေးလိုက်စားခဲ့သော ကြွက်သားများက သူ့ထက်ငါအလုအယက် အပြိုင်အဆိုင်ထွက်ပေါ်လာသည်။အရင်ဆုံး ခန္ဓာကိုယ်ရှိအကြောအချဉ်များကို အရင်ဆန့်လိုက်ရာ အကြောလိုင်းများကအပြိုင်းအပြိုင်းထွက်ပေါ်လာသည်။ထို့နောက် ဒိုက်ကိုအချက်100ခန့် ပုံမှန်ထိုးလိုက်ပြီးနောက် ထွက်လာသောချွေးများကို တဘက်ဖြင့်သုတ်လိုက်ရင်း လိုက်ကာစကိုဖွင့်လိုက်ရာ သိပ်မလင်းသေးသည့်ပတ်ဝန်းကျင်တွင် တွေ့လိုက်ရသည့်ကားနှင့် ကားရှေ့မှ ကိုကို့အခန်းရှိရာဘက်ကိုကြည့်နေသော လူ‌တစ်ယောက်ကြောင့် မျက်ခုံးတန်းလေးများက စုကြုံ့သွားသည်။

You've reached the end of published parts.

⏰ Last updated: Sep 27, 2022 ⏰

Add this story to your Library to get notified about new parts!

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now