အပိုင်း✨🍁(၁၀)

12.7K 1.2K 213
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၁၀)

“သက္က......”

“အမိန့်ရှိပါသခင်လေး.....”

“ဒီမှာလေ စာကြည့်တိုက်တို့ ပန်းချီပြခန်းဘာညာတို့ ရှိလား....”

“ဗျာ စာကြည့်တိုက် ပန်းချီပြခန်း....”

“အေးလေ...စာအုပ် အဲ...ပျုခေတ်မှာ စာရွက်ဘာညာမပေါ်သေးလောက်ဘူးနော်...ပေရွက်ဘာညာပဲသုံးမှာဆိုတော့ စာပေလွှာ...အဲ့လိုကွာ အရင်တုန်းကအကြောင်းအရာတွေကို မှတ်တမ်းတင်သိမ်းထားတဲ့နေရာပြောတာ....ပန်းချီပြခန်းကတော့ မရှိလောက်ဘူး...”
ဧက (သျှင်းငယ်)တွေးတွေးစစလေးပြောလိုက်သည်။

“ဟုတ် မှန်နန်းဆောင်မှာတော့ ကနဦးတည်ထောင်ခဲ့တဲ့ ဒွတ္တဘောင်မင်းကြီးလက်ထက်ကနေစတဲ့ မှတ်တမ်းတွေတော့ ရှိပါတယ် သခင်လေး....”

“ဟုတ်လား ကောင်းတာပေါ့....ငါ့ကိုလိုက်ပို့....”

“ဟို ဖြစ်ပါ့မလားသခင်လေးဗျ....”

“ဘာကိုလဲ....”

“ဘာမှမဟုတ်ပါဘူး သခင်လေး...အဲ့ဒါဆို ခဏနေရင် ကျွန်တော်မျိုး လိုက်ပို့ပေးပါ့မယ် သခင်လေး....”
သက္က ထိုအဆောင်မှာ အရှင်ဒဝီဦးခိုက် အမြဲလိုလို ရှိတက်သည်ဆိုသည့်အကြောင်းကိုတော့ ထည့်မပြောလိုက်တော့ပေ။ဘယ်လို‌ပဲဖြစ်ဖြစ် ယောက်ဖတွေဆိုတော့ သခင်မလေးနဲ့ပတ်သတ်ပြီး မကြာခဏဆုံကြဦးမည်ပဲဆိုတော့ အထွေအထူးမဟုတ်ဟု သူ့စိတ်ထဲတွေးလိုက်သည်။

“အိုကေ...”

ထို့နောက် ဧက(သျှင်းငယ်) ရေချိုးဖို့ရာအတွက် ပြင်ဆင်လိုက်သည်။
အခြေအနေတွေက ဘယ်လိုပဲ‌ဖြစ်နေပါစေဦး ပျူခေတ်က သရေခေတ္တရာပြည်မှာ သူ့ရဲ့inmage ထပ်အပျက်ခံလို့မဖြစ်‌။ဒါကြောင့် သေချာလေး စမတ်ကျအောင် နေရမည်ပဲဖြစ်သည်။
‌ဒါမှ သရေခေတ္တရာတစ်ပြည်လုံးက အမျိုးသမီးလေးတွေထဲတွင် ကိုကိုဧကလေး အဲ ကိုကိုသျှင်းလေး ဆိုပြီး နာမည်ကြီးပေလိမ့်မည်။

**********

“လုံမရေ ညက အရှင်နဲ့မိဖုရား‌တို့ အိပ်ဆောင်ဝင်တာ အတော်လေးကြာမြင့်တယ်တဲ့တော့....”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now