အပိုင်း✨🍁(၂၇)

8.9K 899 110
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၇)

"အရှင့်...."
ဧကလေး သူမေးတာကိုမဖြေပဲ စနေသည့် အရှင့်ကြောင့် ကုန်းအော်ရင်း ဆူပုတ်ပုတ်လေးဖြစ်သွားသည်။ဒီဘုရင်က ကြာလေ မျက်နှာပြောင်‌လာလေဟု သူထင်မိသည်။

"အဟွန်း!!!!"
ဒဝီဦးခိုက်မှာတော့ ကိုယ်စနောက်လိုက်သည့်အတွက်‌ဆူပုတ်ပုတ်‌လေးဖြစ်နေသောသျှင်းငယ်ကြောင့် သဘောတကျပြုံးမိသည်မှာ ထိန်းပင်မရချေ။

ထိုအချိန် မှန်နန်းဆောင်ထဲသို့ ကိုယ်ရံတော် မဏိဝင်ရောက်လာသည်။

"အရှင်..."

"အင်း မဏိ..ကိစ္စတစ်စုံတစ်ရာများရှိလို့လား..."

"တကောင်းပြည့်ရှင်သတိုးသင်္ခရောက်တော်မူလာပြီး အရှင်နှင့်တွေ့ခွင့်တောင်းနေပါတယ်အရှင်..."

"ကောင်းပြီ..စားသောက်ပွဲပြင်ဆင်ထားလိုက်ပါ ဧည့်သည်ကိုသေချာဧည့်ခံတွေ့စုံရမှာပေါ့..."

"အမိန့်တိုင်းပါအရှင်..."
မဏိ ဦးညွှတ်နှုတ်ဆက်ပြီး အရှင့်အမိန့်အတိုင်းဆောင်ရွက်ရန် ပြင်ဆင်လိုက်သည်။

"တကောင်းပြည့်ရှင်ဟုတ်လား...အရှင်..."

"အင်း!!သျှင်းငယ်သိလား..."

"ဟင့်အင်း မသိပါဘူးဗျ...တကောင်းဆိုတာက်ို ကြားဖူးသလိုရှိလို့..."

တကောင်းရာဇဝင်ထဲကမောင်ပေါက်ကျိုင်းဆိုပြီး အိပ်ယာဝင်ပုံပြင်တွေထဲ သူကြားဖူးသည်။ မအိပ်မနေအသက်ရှည်၊မေးပါများစကားရ၊သွားပါများခရီး‌ရောက်ဆိုပြီး စကားသုံးခွန်းနှင့်အတူ နဂါးကြီးကိုသတ်ပြီးဘုရင့်သမီးတော်ကိုအရယူနိုင်ခဲ့သည်ဟူ၍ ပါးပါးပြောပြဖူးသည်။ယုံတမ်းစကားသပ်သပ်ပဲလား၊ တကယ်ရာဇဝင်မှာရှိခဲ့တာလား ၊ အိပ်ယာဝင်ပုံပြင်ပဲလားဆိုတာတော့ သူသေချာမသိပေ။သို့ပေမယ့် ဒီလောကကြီးက လိုက်မမှီနိုင်လောက်သည့် ဆန်းကျယ်မှုမျိုးစုံရှိသည့်အတွက် ဧကလေး ထိုပုံပြင်ကို ယုံသည်။

"ဟုတ်ပါပြီဗျာ..တကောင်းပြည်နယ်ကလည်း ဖွံ့ဖြိုးတိုးတတ်နေဆဲပြည်နယ်တစ်ခုပါပဲ...စီးပွားရေးလုပ်ငန်းကတော့ ကိုယ်တော်တို့သရေခေတ္တရာလိုမျိုးပဲ အိုးဖုတ်ခြင်းနဲ့တခြားလက်မှုပညာတွေလုပ်ကိုင်တယ်...ယခုလက်ရှိ အုပ်ချုပ်နေတာက
သတိုးသင်္ခတဲ့ ကိုယ်တော်တို့နဲ့ တက္ကသီလတုန်းကတော့ ပညာသင်ဖော်တွေပေါ့...."

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now