အပိုင်း✨🍁(၃၄)

8.1K 801 64
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း ✨🍁 (၃၄)

သီဟရာဇာ ခပ်ဝေးဝေးမှ ရေးတေးတေးလှမ်းမြင်နေရသည့် သရေခေတ္တရာမြို့ရိုးကိုကြည့်ရင်း မြင်းဇက်ကြိုးကိုဆွဲကာ အကုန်လုံးကိုရပ်တန့်စေလိုက်သည်။
မကြာမှီအချိန်တွင်း နေဝင်တော့မည်ဖြစ်ပြီး ညအချိန်‌သို့ရောက်သည့်အခါ သရေခေတ္တရာကိုဝင်ရောက်စီးနင်းပြီး  ခတ္တရာနှင့်သျှင်းလေးကိုကယ်ထုတ်မည်ဟု စီစဉ်ထားလိုက်သည်။

လွန်ခဲ့သောနှစ်ရက်ခန့်က သီဟရာဇာဆီသို့ နန်းတွင်းမှစာတစ်စောင်ရောက်လာသည်။ထိုစာထဲတွင် ခတ္တရာတို့ နန်းတွင်းထဲမှာဒုက္ခရောက်နေပြီဖြစ်လို့ ဘာကိစ္စပဲရှိရှိ နောက်နှစ်ရက်နေရင် အစ်ကိုတော်အမြန်ဆုံးလာခေါ်ပေးပါဟုရေးထားသဖြင့် သီဟရာဇာ အလွန်အမင်းစိုးရိမ်သွားရသည်။
စာရရချင်း ချက်ချင်းသွားခေါ်ချင်ပေမယ့် နှစ်ရက်နေမှလာခေါ်ပါဟုပါလာသောကြောင့် သီဟရာဇာ စိုးရိမ်သော်လည်း အောင့်အည်းစောင့်နေခဲ့ရသည်။ထို့ကြောင့်သူ့လူတစ်ယောက်ကို သရေခေတ္တရာအတွင်းသို့ စေလွှတ်ပြီး သတင်း‌အကြောင်းအရာအချို့ကို စုံစမ်းစေလိုက်သည်။

ကနဦးအစီအစဥ်မှာ ဒဝီဦးခိုက်နှင့်လူချင်းတွေ့၍ ပြေပြေလည်လည်ညှိနှ်ိုင်းပြီး ညီငယ်နှင့်ညီမငယ်ကိုပြန်ခေါ်မည်ဟုဆုံးဖြတ်ထားသော်လည်း ယခုမူအခြေအနေအရပ်ရပ်ကြောင့် ပြောင်းလဲသွားရသည်။
သီဟရာဇာ မြင်းပေါ်မှဆင်းလိုက်ပြီးနောက် တပ်မှုးလေးတစ်ယောက်က မြင်းကိုမနီးမဝေးသို့ဆွဲသွားလေသည်။

ထိုအချိန်တွင် အနားသို့ သီဟရာဇာစေလွှတ်ထားသည့်သူလျှိုရောက်လာပြီး..

“ဦးညွှတ်ပါတယ်အရှင်...”

“အခြေအနေဘာထူးလဲ....”

“နေမွန်းတည့်ချိန်အခါက သရေခေတ္တရာပြည့်ရှင်နှင့်တကောင်းပြည့်ရှင်တို့ရဲ့ လက်ရုံးရည်ပြိုင်ပွဲကျင်းပပါတယ်အရှင်...
အဲ့ဒီလက်ရုံးရည်ပွဲမှာ သရေခေတ္တရာပြည့်ရှင် အနိုင်ရရှိပါတယ်အရှင်...”

“အွန်း...”

“နန်းတွင်းထဲမှာ မူမမှန်တဲ့လှုပ်ရှားမှုအချို့ရှိနေပါတယ်အရှင်...သခင်လေးနဲ့သခင်မလေးကိုတော့ သရေခေတ္တရာပြည့်ရှင်အနီးမှာ အဆင်ပြေ‌ပြေပြုံးပြုံးရွှင်ရွှင်တွေ့ရပါတယ်အရှင်....”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now