အပိုင်း✨🍁(၃၂)

7.9K 843 91
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း ✨🍁 (၃၂)

“သျှင်းဓနနောင်ကို ငါ့ကိုပေးရမယ်...”

သတိုးသင်္ခ၏စကားဆုံးသည်နှင့် ဒဝီဦးခိုက်၏ထိန်းချုပ်ထားသည့်စိတ်များလွတ်ထွက်သွားကာ သတိုးသင်္ခ၏ ဝတ်ရုံစအားဆွဲပြီး မျက်လုံးချင်းဆုံစေလိုက်သည်။
ပြင်းထန်သောအကြည့်နှစ်ခု၏ဆုံမှတ်ဟာအသွားထက်တဲ့ဓားသွားနှစ်ချောင်းကဲ့သို့စူးရှနေသည်။

“သိပ်ကိုသတ္တိကောင်းနေပါလား သတိုးသင်္ခ...”
ဒဝီဦးခိုက် အံကိုတင်းတင်းကြိတ်ကာ တစ်လုံးချင်းဆီပြောလိုက်သည်။

“အဟွန်း! မင်းအဲ့ဒီလိုအထိမခံဖြစ်လေ ငါကအဲ့ဒီအထိမခံနိုင်တဲ့အရာကို ပိုလိုချင်လေပဲ...”

“ငါတို့ရဲ့ပြဿနာတွေက သျှင်းငယ်နဲ့ဘာမှမဆိုင်ဘူး မင်း မဆိုင်တဲ့သူကိုဆွဲမထည့်နဲ့...”
ဒဝီဦးခိုက် ဒေါသကိုထိန်းချုပ်ထားရလွန်းလို့ မေးကြောများပါတင်းတောင့်နေပြီး ပယင်းရောင်မျက်ဝန်းများက စူးလက်နေသည်။

“ဒါပေမဲ့ ငါ သျှင်းဓနနောင်ကိုလိုချင်တယ်လေ...ဟက် သူကအမျိုးသားတစ်ဦးဖြစ်မှန်းသိနေတာတောင် မင်း အထိခိုက်မခံနိုင်အောင်မြတ်နိုးသေးတာပဲမလား...ငါလည်းသူ့ကိုမြတ်နိုး...”

“ခွပ်!! ခွပ်!!”

သတိုးသင်္ခ၏စကားပင်မဆုံးသေး အရှိန်နှင့်ပစ်ဝင်လာသောထိုးချက်များကြောင့် လူက ပစ်စလက်ခတ်နောက်ကိုယိုင်သွားကာ နောက်မှ စားပွဲကိုအမြန်လက်ဖြင့်ထောက်လိုက်ရသည်။

အထဲမှဝရုန်းသုံးကားအသံများကြောင့် သတိုးသင်္ခ၏ကိုယ်ရံတော်အထဲကိုအမြန်‌ ပြေးဝင်လာရာ ‌နှုတ်ခမ်းထောင့်မှသွေးများစီးကျနေသော အရှင်သခင်ဖြစ်သူကိုတွေ့ခိုက် စိုးထိတ်သွားကာ အနားကိုအမြန်သွားလိုက်သည်။ကိုယ်ရံတော်‌မှာ အရှင်သတိုးကိုထိခိုက်အောင်လုပ်သည့် သရေခေတ္တရာပြည့်ရှင်ကို ဒေါသထွက်သွားပေမယ့် သူ့တိုင်းပြည်အတွင်းမှာ လက်လွှတ်စပယ်ဓားထုတ်၍မဖြစ်သဖြင့် လက်သီးကိုတင်းတင်းဆုပ်လိုက်ကာ ဒေါသများကိုထိန်းလိုက်ပြီး

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now