အပိုင်း✨🍁(၂၈)

9K 958 132
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၈)

ဧကလေး စားသောက်ဆောင်ထဲမှ အပျိုတော်လေးတွေဆီကတောင်းယူလာသော သေရည်အိုးကို အသာထုတ်လိုက်ကာ အရှင့်အဆောင်ထဲက ကုတင်ပေါ်တက်ထိုင်နေလိုက်သည်။အိုးလေးကိုရင်ဘက်ထဲပွေ့ထားရင်း တွေးနေမိသည်က အရှင့်အကြောင်းပင်။

အရှင်သူ့ကြောင့်နဲ့ထိခိုက်မှာလား။
အရှင်သူ့ကြောင့်နဲ့သိက္ခာကျရမှာလား။
အရှင်သူ့ကြောင့်နဲ့အများသူငှာရဲ့ထေ့ငေါ့တာတွေခံရမှာလား။
ရှေးဘုရင်တွေလက်ထက်ကတည်းက ‌ယောင်္ကျားလေးကိုယ်လုပ်တော်တွေရှိဖူးပေမယ့် ခုလိုအခြေအနေမျိုးနဲ့မတူဘူးမဟုတ်လား။
ခေတ်မီဖွင့်ဖြိုးတိုးတတ်နေတဲ့ 21ရာစုမှာတောင် လိင်တူအချစ်တွေက ခုချိန်ထိရှုံ့ချခံနေရတာတွေရှိနေတုန်းပဲဖြစ်သည့်အတွက် သူ့ကြောင့် အရှင်ထိခိုက်နစ်နာမှာစိုးမိသည်။ထို့ကြောင့် အရှင်နှင့်ခပ်ခွာခွာနေရမလားဟုတွေးမိသည်။ထိုသို့လုပ်လျှင် အရှင်ကလက်ခံမည်တော့မဟုတ်ပေ။

သူဟာအရှင့်ဘဝအတွက်အမည်းစက်တစ်ခုဖြစ်နေမှာကိုတော့မလိုလားပေ။
တိုင်းပြည်တစ်ခုလုံးကိုအုပ်ချုပ်နေသည့်ဘုရင်တစ်ပါးက ‌ကိုယ်နဲ့မျိုးတူလိင်တူတစ်‌ဦးကို ချစ်မြတ်နိုးနေသည်ဆိုတာ တိုင်းသူပြည်သားတွေသိသွားပါက အရှင့်အား နိမ့်ကျသည်ဆိုပြီး ပုန်ကန်ကြလေမလားဆိုတာတွေးမိတော့ တစ်စို့လာရသည်။
ထို့ကြောင့် ရင်ခွင်ထဲမှ သေရည်အိုးလေးအား ဖွင့်ပြီး မော့ချပစ်လိုက်သည်။

သူ့အတွက် လိင်တူဖြစ်စေ လိင်ကွဲဖြစ်စေ သက်ရောက်မှုမရှိသော်လည်း အရှင်အတွက်ကျမတူပေ။သူက လိင်တူမိသားစုကနေ ပါးပါးကိုယ်တိုင်လွယ်မွေးထားခဲ့သူဖြစ်သောကြောင့် LGBTနှင့်ပတ်သတ်လျှင် အတွေးတွေက သန့်စင်သည်။ကိုယ့်ကိုကိုယ် ယောင်္ကျားလေးတစ်ဦးကမွေးဖွားခဲ့သည့်အတွက်လည်း တစ်ခါမှသိမ်ငယ်စိတ်မဖြစ်ခဲ့။စသိခဲ့ရသည့်အချိန်တုန်းကဆို ပါးပါးကိုချစ်မြတ်နိုးလေးစားစိတ်တွေပိုလို့တိုးလာရသည်။ကမ္ဘာကြီးကိုကယ်တင်နိုင်မှ သူရဲကောင်းမဟုတ် ဒီလောကကြီးထဲကို သန့်ရှင်းစင်ကြယ်စွာ လူသားလေးတစ်ဦးကိုအသက်နှင့်ရင်း‌၍မွေးထုတ်ခေါ်ဆောင်ပေးခဲ့သော လူတိုင်းဟာ ဧကလေးအတွက်တော့ သူရဲကောင်းများပင်ဖြစ်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now