အပိုင်း✨🍁(၂၁)

10K 1.1K 162
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၁)

“အခြေအနေဘယ်လိုလဲ ဦးခိုက်...ဇနီးအသစ်လေးနဲ့ သာယာနေတယ်ပေါ့...ဟုတ်လား... ငါကြားတာက ဗိဿနိုးမင်းသမီးက အတော်လေးလှတယ်ဆို ...”

“မင်းကတော့...ပေါက်ကရပြောဖို့စပြီ...မတွေ့ရတဲ့နှစ်တွေအတွင်း ပိုပြီးမျက်နှာပြောင်လာသလိုပဲ ဇမ္ဗူဒီရာဇ်...”

“ဟားးးအဲ့ဒီလိုဖြစ်သွားလား...ငါက နောက်တာပါကွာ ....”

“အဟွန်း!!!”

သူငယ်ချင်းနှစ်ယောက် ပေါ့ပါးစွာပဲရယ်လိုက်ကျသည်။ဇမ္ဗူဒီရာဇ်က ဟန်လင်းပြည်မှ လက်ရှိအုပ်ချုပ်နေသည့်မင်းတစ်ပါးပဲဖြစ်သည်။ဒဝီဦးခိုက်နှင့် ဇမ္ဗူဒီရာဇ်က ပညာစသင်ခါစအရွယ်ကတည်းက ရင်းနှီးခင်မင်လာသောသူများဖြစ်ရာ တစ်ဦးနှင့်တစ်ဦးပြောမနာဆိုမနာပင်ဖြစ်သည်။
စစနောက်နောက်နှင့်ပျော်ပျော်ပါးပါးနေတတ်သော ဇမ္ဗူဒီရာဇ်က ဘုရင်ဖြစ်သည်တိုင်အောင် မပြောင်းလဲပေ။

“အဲ့ဒီတော့ မင်း တကောင်းကိစ္စကိုဘယ်လိုလုပ်ဖို့ဆုံးဖြတ်ထားလဲ...”

“မဆုံးဖြတ်ရသေးဘူး...”

“အင်း...ကိုယ့်တိုင်းပြည်အရေးတောင်မှ မာနထားနေမယ်ဆိုရင် သတိုးသင်္ခကို တကယ်ဩချရမှာပဲ...အဲ့ဒီကောင်က တက္ကသီလ(တက္ကသိုလ်ပြည်နယ်)မှာကတည်းက မင်းကိုလိုက်တုပြိုင်နေတာမလား...”

“အင်း...ထားပါ ငါကြည့်လှုပ်ရှားလိုက်မယ်...မင်းရော ကိစ္စတွေပြီးပြီဆိုတော့ ဘယ်နှစ်ရက်လောက်ကြာဦးမှာလဲ...”

“တကူးတကလာဖို့အဆင်မပြေဘူးလေ... အဲ့ဒီတော့ ရောက်တုန်းရောက်ခိုက် တစ်လလောက်ဇိမ်ယူသွားရမယ်...ဟားးး”

“အဟွန်း!!မင်း တိုင်းပြည်က ပစ်ထားခဲ့လို့ရတယ်ပေါ့...”

“အစ်ကိုတော်နဲ့ဦးရီးတော်ရှိတယ်လေ...စိတ်ချထားလို့ရတယ်...ဘာလဲ မင်းက မကျွေးထားနိုင်လို့လား...”

“ကျွေးထားနိုင်ပါတယ်...မဟုတ်လည်း မြို့ရိုးထောင့်မှာ ပိုလျှံတာတွေကို ခေါစာပုံလေ့ရှိတာပဲ ထွေးထူးပြင်ဆင်စရာမလိုဘူး...အဟွန်းး!!!”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now