Extra✨🍁(3)

10K 655 37
                                    

Unicode

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အချပ်ပို✨🍁(၃)

ကမ္ဘာ အခန်းထဲမှာတစ်ယောက်တည်း ကုတင်ပေါ်မှီရင်းဆေးစာအုပ်တစ်အုပ်ဖတ်နေခိုက် မျက်လုံးထောင့်မှမြင်နေရသော အခန်းထဲသို့ ဝင်မလာဘဲ ချောင်းကြည့်နေသူကြောင့် နှုတ်ခမ်းလေးတွေတွန့်ကွေးသွားရသည်။မာန်ကတော့ တကယ်ကိုအသည်းယားစရာလေးပင်။နေ့ခင်းကတည်းက ကိုထူးခြားအောင်နှင့် တိုးတိုး တိုးတိုး တိုင်ပင်နေသည့် အကြောင်းအရာကို သူအကုန်သိပြီးပြီဖြစ်သောကြောင့် မာန်သူ့ကိုဘယ်လိုလာပြောမလဲဆို‌တာ သိချင်၍ သေချာမသိချင်ယောင်ဆောင်နေခြင်းဖြစ်သည်။

သို့သော်လည်းဘာတွေ‌တွေးပူနေသလဲမသိသည့် လူကြီးလေးက သူ့အနားကိုမယောင်မလည်ရောက်ရောက်လာသော်လည်း ဘာစကားမှမပြောဘဲ ပြန်ပြန်ထွက်သွားသောကြောင့် ကမ္ဘာ ထုတ်မေးဖို့ပြင်လိုက်သည်။မာန်တစ်ယောက်ထဲ အတွေးတွေလွန်ပြီး စိုးရိမ်နေမှာမျိုး သူမလိုချင်ပါ။မာန်ဖြစ်ချင်တာ၊လုပ်ချင်တာမှန်သမျှ မာန့်ကိုမထိခိုက်သ၍ သူပိတ်ပင်တားဆီးလိမ့်မည်မဟုတ်ပါ။

ယခုလည်း ကုတင်ဘေးက အံဇွဲထဲမှ ပစ္စည်းရှာသလိုလိုနှင့် သူ့အားမထိတထိကြည့်နေပြန်သည်။စာအုပ်တွေကလွဲလျှင် တခြားပစ္စည်းမရှိသော အံဇွဲထဲမှာ အပြန်ပြန် အလှန်လှန်ရှာနေသော ‌မာန့်ကိုကြည့်ရင်း ကမ္ဘာ မနေနိုင်တော့ဘဲ အသည်းယားလာသောကြောင့် လှမ်းပြောလိုက်သည်။

“မာန် ဘာရှာနေတာလဲ..ဘာလိုချင်လို့လဲ...မောင်ကူရှာပေးရမလား...”

“အဲ..ဟိုဟာလေ...ဖုန်း ! ဟုတ်တယ် ကျွန်တော့်ဖုန်း ဘယ်နားထားလိုက်မိမှန်းမသိလို့...အဲ့ဒါ...”

ဧကလေး မောင် သူ့အား သတိထားမိနေမှန်းမသိသောကြောင့် လန့်သွားပြီး လက်ညှိုးကိုဟိုဒီထိုးရင်း စကားတွေကအစီအစဉ်မကျထွက်သွားသည်။ထူးခြားအောင်လှောင်လည်းလှောင်ချင်စရာပင်။သူကိုယ်တိုင်က မောင်အခြေအနေကိုကြည့်ကာ မောင်စိတ်အနှောင့်အယှက်ဖြစ်မလားတွေးပူနေပြီး မီးပုံပွဲကိစ္စကိုမပြောရဲသည့် မောင်ဦးထိပ်ထားစံလေးဖြစ်နေသည်။ပါးပါးတို့များသိရင် ပါးပါးသားလေးက ဘယ်တုန်းက ဒီလောက်လိမ်မာသွားတာလဲဟု စနောက်‌ကျလိမ့်မည်မှာ သေချာသည်။သူ့ရဲ့မရင့်ကျက်မှု‌တွေကြောင့် မောင် ငြိုငြင်သွားမည်ကိုမလိုလားပါ။ထို့ကြောင့် ဇွတ်အတင်းမပြောချင်ပါ။မောင်က သူသာပြောရင် ဘာမဆိုဖြည့်ဆည်းပေးမည်ဆိုတာ ဧကလေးကောင်းကောင်းသိပါသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now