အပိုင်း✨🍁(၄၅)

10.9K 1K 24
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၄၅)
(စဝ်မင်းကမ္ဘာဦးခိုက် POV)

At 5:00AM,

ကမ္ဘာ ဘားမှကားသွားယူလာပြီးနောက် ဆေးရုံအနားမှ တိုက်ခန်းဆီကိုပြန်လာလိုက်သည်။တစ်လမ်းလုံးကားမောင်းနေရင်းတွေးနေမိသည်က ခမည်းတော်နှင့်တွေ့ဆုံဖို့အကြောင်းအရာများပင်ဖြစ်သည်။ကမ္ဘာ ပန်းမြိုင်ပြည်သူ့ဆေးရုံမှာ ဖောင်ကျဖို့ကြိုးစားသည့်အချိန်ကတည်းက ခမည်းတော်တို့ သူဘယ်ခြေလမ်း လှမ်းနေမှန်း ရိပ်မိလောက်မည်ထင်သော်လည်း တစ်ခွန်းတားမြစ်ခြင်းမရှိခဲ့သည့်အတွက် ဇဝေဇဝါဖြစ်ခဲ့ရသေးသည်။ဒီနှစ်တွေအတောအတွင်း ခမည်းတော်တို့လည်း သူ့အားလက်လွှတ်ထားပုံပေါ်သည်။တစ်နှစ်လုံးလုံး အိမ်ပြန်မလာသည့်သူ့အား မယ်မယ်ကိုယ်တိုင်က အိမ်ပြန်လာပါဟု ဇွတ်ခေါ်ခြင်းမရှိ။

“သားနေပျော်သလိုနေပါ...အဓိကက သားလေးစိတ်ချမ်းသာဖို့ကအဓိက ...”ဟု ဖုန်းခေါ်သည့်အချိန်တိုင်းပြောလေ့ရှိသည်။
ကမ္ဘာကိုယ်တိုင်က ဟော်နန်းမှာနေရသည်ကိုမွန်းကျပ်မိသည့်အတွက် အားလပ်ရက်များရသည့်တိုင်အောင် မပြန်ဖြစ်ခဲ့ပေ။ခမည်းတော်ကိုပေးထားသည့်ကတိကို ၃နှစ်အတွင်းဖောက်ဖျက်ခြင်းမရှိဘဲ မာန့်ကိုလွမ်းသည့်အချိန်တိုင်း စိတ်စွမ်းအင်ကျင့်စဉ်ကိုပိုကျင့်မိသည်။ကျိန်စာကိုရ‌အောင်ထိန်းချုပ်သည်။
ကတိအကြောင်းတွေးဖြစ်တော့ ထိုနေ့ကအကြောင်းအရာများကို ပြန်မြင်ယောင်လာမိသည်။

Flash back,

“ဒါတွေကဘာလဲ စဝ်မင်းကမ္ဘာဦးခိုက်!!”

စဝ်စံဦးခိုက် အင်္ကျီကိုဆွဲဖြဲပစ်လိုက်ပြီး ပေါ်လာသည့် ရင်ဘတ်မှ အက်ကွဲကြောင်းများကိုလက်ညိုးထိုးရင်း ဒေါသတကြီးမေးလိုက်သည်။

ကမ္ဘာ ခမည်းတော်မေးခွန်းကို မဖြေဘဲခေါင်းကိုငုံ့ထားမိသည်။ဒီကိစ္စနှင့်ပတ်သက်ပြီး သူ့ရွေးချယ်မှုအတွက် နောင်တရမိခြင်းတစ်ခါတောင်မရှိသည့်အတွက်ကြောင့် ဖြေစရာစကားလည်းမရှိပေ။

“မင်းကို ငါမေးနေတယ် စဝ်မင်းကမ္ဘာဦးခိုက်!!ဒါတွေကဘာတွေလဲ!!ဟမ်!!မင်းဘာတွေလျှောက်လုပ်လာတာလဲ!!ပြောစမ်း!!ဟျောင့်!!ဖြေစမ်း!!!”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now