အပိုင်း✨🍁(၁၉)

10.3K 1.1K 272
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၁၉)

“အဟွန်း!!!!”

အရှင်ဒဝီဦးခိုက် ခပ်လှမ်းလှမ်းမှ မိမိတို့လာသည်ကိုမြင်သည်နှင့် သကလပ်ကြီးကိုင်ကာ အကြည့်လွှဲသွားပါသော သျှင်းငယ်ကြောင့် ချစ်မြတ်နိုးစွာကြည့်ရင်း ပြုံးလိုက်မိသည်။

အရှင့်၏မြင်ရခဲလှသောအပြုံးကိုမြင်ခိုက် မသိမသာချောင်းကြည့်နေပါသော အပျိုတော်လေးများသည် ရင်ဘက်ကိုအသာဖိလိုက်မိကြသည်။သူတို့အရှင်၏အပြုံးကို သူမတို့နန်းတွင်းရောက်နေစဉ်တစ်လျှောက်လုံး တစ်ခါမှတောင် တွေ့မြင်ဖူးခြင်းမရှိခဲ့။အမြဲတည်တင်းနေသောမျက်နှာတော်က ခန့်ညားချောမောလွန်းလှသည်။ပြုံးတော်မူလိုက်သည့်အခါတွင်တော့ ဖော်ပြစရာစကားလုံးပင်မရှိတော့။

“ရှင်တို့ရေ...ကျူပ်တို့အရှင်ကချောလိုက်တာတော်ရေ... အရှင့်အပြုံးလေးကိုမြင်လိုက်ရလို့ ကျုပ်တို့ အစားအသောက်မစားပဲ အာဟာရသိဒ္ဓိတွေပြည့်သွားသလိုပဲရှင်...”

“ဟုတ်ပါတော်ရေ ကျုပ်ရောပဲတော့...ခိခိ...”
(#ကိုယ်ရောပဲ..ခိခိ>•<)

ဟု အစချီကာ အပျိုတော်လေးများ၏ တီးတိုးတီးတိုးသဖန်းပိုးအသံလေးများဟာ လွင့်ပြန်လာပြီး သကလပ်ကြီးမကာ မမြင်ချင်ယောင်ဆောင်နေသော ဧကလေးဆီအထိ ရောက်လာသည်။

ဧကလေး သကလပ်ကြီးကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ..
*အဟွန်း..တော်တော်‌ပြုံးပြချင်နေတယ်ပေါ့...ဟုတ်လား... ကိုယ့်ကိုကိုယ်ကာယဗလမောင်‌လမ်းလျှောက်နေတယ်များထင်နေလားမသိဘူး ...တစ်လမ်းချင်းလာနေတာ...သူ့ဘာသာနေတဲ့သူတွေကိုလည်းအကြောင်းမဲ့ အားအားယားယားလိုက်ပြုံးပြနေတယ်...ဒီလောက်ပြုံးချင်နေတာ လာစမ်းဆိုပြီး ရှေ့တည့်တည့်ထိုင်ခိုင်း တစ်နေ့လုံး ပြုံးပြခိုင်းလိုက်ရ...ငါနော် ငါ ငါ ...ဟင်းဟင်း...”
ဧကလေး ၏စိတ်ထဲမှ ကျိန်းဝါးသံများအား တစ်ယောက်ယောက်ကြားသွားပါက သေချာပေါက် ရူးသွားပြီဟုသတ်မှတ်ကျပေလိမ့်မည်။

ကိုယ့်ကြောင့်ပြုံးမှန်းမသိသော သခင်လေးတစ်ယောက်ဟာတော့ အရှင့်အား မသိလိုက်မသိဘာသာစိတ်ကောက်နေလေတော့သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now