အပိုင်း✨🍁(၃၈)

9.4K 1K 106
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၃၈)

ဧကလေး ဆေးရုံမှဆင်းပြီး ငါးလခန့်အကြာတွင် နေ့အချိန်ဆိုလျှင် အိမ်ထဲက Gymဆော့တဲ့အခန်းထဲမှာပဲ အချိန်ကုန်တတ်သလို ညဆိုလျှင်လည်း အခန်းထဲက ပန်းချီကားချပ်တစ်ခုခုရှေ့မှာ အချိန်ကုန်နေတတ်သည်။
မှိန်ဖျဖျမျက်ဝန်းပြာလေးများဆီမှ အပြုံးရိပ်များကိုမြင်တွေ့ရဖို့ခက်ခဲသွားသလို ပြုံးသည့်အချိန်တွင်လည်း ထိုအပြုံးထဲမှာနာကျင်မှုတွေကိန်းဝပ်နေပြန်သည်။

အမြဲတစ်စုံတစ်ခုကိုတွေး တစ်နေရာရာကိုငေးနေတတ်သော သားကြီးကိုကြည့်ပြီး ဦးညိုရင်နာမိသည်။ပျော်ပျော်နေတတ်တဲ့ကလေးက ဘာတွေများကြုံတွေ့ခဲ့ရလို့ ယခုလိုဖြစ်သွားရသည်လည်းဆိုတာသူမသိ။
ကလေးဆိုးလေးလို မိမိရင်ခွင်ထဲတိုးဝှေ့ချွဲ့နွဲ့တတ်တဲ့ကလေးက တိတ်ဆိတ်သွားသည်။တီတီတာတာအသံလေးတွေဝေဆာနေတတ်သော သူ့ဒယ်ဒီနဲ့အမြဲစကားနိုင်လုနေတတ်သော ညီဖြစ်သူကိုစနောက်ပျော်ရွှင်နေတတ်သော ကလေးငယ်က ယခုလိုတိတ်ဆိတ်သွားသည့်အခါ နေ့ရက်‌တိုင်းကဝမ်းနည်းဖွယ်ရာပင်။သားကြီးကအိမ်ရဲ့ဆည်းလည်းလေးဆို သားငယ်ကအိမ်ရဲ့ကံ‌ကောင်းမှုလေးပင်ဖြစ်သည်။ယခုအိမ်ကဆည်းလည်းလေးတိတ်ဆိတ်နေသည့်အခါ ကံကောင်းမှုလေးကလည်းမပျော်ရွှင်တော့ပေ။

ယခုလည်း ညစာထမင်းစားဖို့တက်အခေါ် ပန်းချီကားရှေ့မှာ တမေ့တမောငေးကြည့်နေသာ သားကြီးကိုတွေ့လိုက်ရသည်။သားကြီးဆွဲနေသည့်အရာအားကြည့်မိတော့ စူးရှနေသည့် ပယင်းရောင်မျက်ဝန်းတစ်စုံပင်။
ဦးညို ထိုပန်းချီကားချပ်ထားမှ ပယင်းရောက်မျက်ဝန်းတစ်စုံကိုကြည့်ရင်း ထိုမျက်ဝန်းထဲမှ အရှိန်အဝါများကိုခံစားမိနေသည်။အသက်ဝင်လွန်းလှသည့် မျက်ဝန်းလှလှလေးများပင်။အဆိုးထဲကအကောင်းတစ်ခုကိုပြောရမည်ဆိုလျှင် သားကြီး၏မျက်လုံးများက ပြန်ကောင်းလာကာ အရောင်တွေကိုပြန်ခွဲခြားလာနိုင်တာပင်ဖြစ်သည်။
ထို့နောက် ဦးညို သားကြီး၏ နောက်နားအသာရပ်ပြီး ခေါ်လိုက်သည်။

“သားကြီး...ဧကလေး....”

“ဗျာ ပါးပါး...”
ဧကလေး ပါးပါးအသံကြောင့် ဆွဲလက်စ စုတ်တံကိုချလိုက်ပြီး နောက်လှည့်ကာပြုံးပြလိုက်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now