အပိုင်း✨🍁(၇)

12.5K 1.3K 132
                                    

ဧကလေး ပေါင်ကိုလိမ်ကျစ်ထားရင်း လက်သီးကိုဆုပ်ထားမိသည်။
သူဘယ်လိုမှသည်းမခံနိုင်တော့
နန်းတက်ပွဲကလည်း ခုချိန်ထိမပြီးသေး
လူတွေကလည်း တစ်ကျပ်နေသောကြောင့် ထွက်လို့ကလည်းအဆင်ပြေမှာမဟုတ်။

“ပါးပါးရေ သားအဖြစ်ကိုကြည့်ပါဦး...အရင်ဘဝကများ သား သူများသေးပေါက်ချင်တာကို တားခဲ့မိလို့ ဒီဘက်ခေတ်မှာ လာဝဋ်ခံနေရတာလားလို့... ဟင့်...”
ဧက စိတ်ထဲမှ ပြောလိုက်ရင်း ဘေးမှ သက္ကကို အသာအယာတို့လိုက်သည်။

သက္က လက်ကိုလာတို့သော သခင်လေးကြောင့် အသာအယာမော့ကြည့်လိုက်ရာ
တစ်နေရာကို လက်ကအုပ်ထားရင်း ပေါင်ကိုလိမ်ထားကာ အံကြိတ်ထားသည်ကို တွေ့လိုက်ရသည်။

“သခင်လေး ဘာဖြစ်လို့လဲဗျ...”

“အပေါ့သွားချင်လို့....”

“ဗျာ.....”

“အပေါ့သွားချင်လို့လို့ ...ထွက်ကျကုန်တော့မှာပဲ ငါနော်.....”

“အော် ဟုတ်ကဲ့ သခင်လေး...သက္ကနောက်က လိုက်ခဲ့ပါ သခင်လေး.....”
သက္ကမှာ သခင်လေး၏ အရေးတော်ပုံကျဆုံးတော့မလိုဖြစ်နေသည့် မျက်နှာထားကြောင့် အမြန် ကုန်းကွ၍ သွားဖို့ပြင်လိုက်သည်။

ဧကလေးမှာလည်း ရှေ့က ကုန်းကွသွားသော သက္ကနောက် အမြန်မှီအောင်လိုက်ရင်း ဒီလူအုပ်ကြီးထဲကမထွက်ခင် သူအရင်ထွက်ကျတော့မတက်ဖြစ်နေသည်ကို အံတွေပါကြိတ်ပြီး ထိန်းထားရသည်။

နန်းဆောင်အပြင်ဘက်ကိုရောက်သည့်နောက်မှာတော့ သက္က ညွှန်ပြသည့်ဘက်ကို ဧကလေး အဓိကနေရာအား လက်တစ်ဖက်ကအုပ်ကိုင်ရင် ပေါင်ကိုလိမ်ရင်းပင် လိမ်ဖယ်လိမ်ဖယ်နှင့် သုတ်ချေတင်တော့လေသည်။

“ပျူခေတ်ရောက်မှပဲ မင်းမြတ်ဧကဦးမာန်ရဲ့
တစ်သက်လုံးကထိန်းသိမ်းလာတဲ့
Inmageထိခိုက်တော့တယ်.... ချီး....”

*********

နန်းအပ်ပွဲပြီးသည့်နောက်တွင်တော့ လက်ဆက်ပွဲကိုကျင်းပရာ ဒဝီဦးခိုက်
အခါတော်ပေးသည့် အမတ်ကို အရိပ်အကဲပြလိုက်သည်။

“ယခုလိုမင်္ဂလာအပေါင်းနှင့် ခညောင်းသည့်နန်းအပ်ပွဲပြီးသည့်နောက် နှစ်ပြည်ထောင် ပေါင်းစည်းညီညွတ်ရေးအတွက်
မြင့်မြတ်လှပါသော သရေခေတ္တပြည်၏ အရှင်မဟာရာဇာဒဝီဦးခိုက်နှင့် ဗိဿနိုးပြည့်ရှင်၏ သမီးတော်ကညာ ခတ္တရာသျှင်နွယ်တို့၏ လက်ဆက်ပွဲကို ကျင်းပမည်ဖြစ်ပါကြောင်း.....”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Hikayelerin yaşadığı yer. Şimdi keşfedin