အပိုင်း✨🍁(၃၁)

9K 854 95
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၃၁)

ရာဇကုဋေ‌နန်းဆောင်တော်အတွင်း အရှင်ဒဝီဦးခိုက်နှင့်အတူ ကိုယ်ရံ‌တော်မဏိတို့ လျှို့ဝှက်အကြောင်းအရာများကိုတိုင်ပင်ဆွေးနွေးနေကြသည်။

“မဏိ...”

“မှန်လှပါအရှင်...”

“အခြေအနေဘာထူးခြားလဲ...”

“အမတ်ကြီးမဟာသိနရဲ့လှုပ်ရှားမှုကလွဲရင် တကောင်းအရှင်ကတော့ အဆောင်တော်ထဲကထွက်လာခြင်းမရှိသေးပါဘူးအရှင်....”

‌“ကောင်းပြီ..အခြေအနေကိုဆက်စောင့်ကြည့်ထား..လျှို့ဝှက်အထူးတပ်ဖွဲ့နဲ့ရောဆက်သွယ်ထားလား...”

“ဟုတ် ဆက်သွယ်ထားပါတယ်အရှင်...”

“အွန်း!! ပြန်လို့ရပြီ...”

“အမိန့်အတိုင်းပါအရှင်...”

ဒဝီဦးခိုက် မဏိထွက်သွားပြီးနောက် သရေခေတ္တရာရဲ့မြို့ရိုး၊မြို့အနေအထားပုံစံ၊လျှို့ဝှက်လမ်းကြောင်းများကို လေ့လာနေလိုက်သည်။အရေးအကြောင်းဆိုအသုံးပြုဖို့ အနောက်တံခါးနှင့်ပတ်သတ်တဲ့လမ်းကြောင်းကိုလည်း သူစစ်ဆေးထားပြီးပြီဖြစ်သည်။ပုံသေတွက်ဆလို့မရတဲ့အခြေအနေမျိုးမှာ သူအစစအရာရာကိုကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။အခြေအနေတွေအကုန်လုံးက ထင်သလောက်ရိုးရှင်းမနေသည့်အပြင် အတွင်းလူတွေပါပါနေသည့် ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်သောကြောင့် ဟာကွက်မရှိ‌အောင်ထိန်းထားရမည်။

ကိစ္စရပ်များနှင့်ပတ်သတ်၍ သတိုးသင်္ခနှင့်‌ဆွေးနွေးကြည့်ဖို့ဆုံးဖြတ်ထားသော်လည်း သတိုးသင်္ခနှင့်မျက်နှာချင်းဆိုင်ယခုအချိန်အထိမတွေ့ရသေးပေ။
ကိုယ့်ကိုတမင်ရှောင်နေသလားဟုတွေးမိသော်လည်း ထိုကိစ္စကမဖြစ်တန်ရာ။
မိမိတိုင်းပြည်အထိဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီးမှတော့ မိမိကိုရှောင်နေလိမ့်မည်မဟုတ်ပေ။သို့သော် သူတို့နှစ်ယောက် ညစာစားပွဲပြီးကတည်းကမစုံဖြစ်တော့တာ ဖြစ်သည်။ထို့ကြောင့် နောက်ရက်တော့ ဒဝီဦးခိုက် အဆောင်တော်ထိသွားရောက်တွေ့စုံဖို့ဆုံးဖြတ်လိုက်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now