အပိုင်း✨🍁(၁၃)

12.2K 1.1K 53
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၁၃)

ဧကလေး သူ့ရှေ့မှ ပေလွှာအထပ်ထပ်အားကြည့်ရင်း အံ့ဩသွားရသည်။
ဒါတွေက အရှင်ဒဝီဦးခိုက် ကိုယ်တိုင် ပျူစာကို မြန်မာပြန်ရေးထားသည့် သရေခေတ္တရာအကြောင်းပင်မဟုတ်ပါလား။
သရေခေတ္တရာအကြောင်းသိချင်သည်ဟုပြောသည့်အချိန်တုန်းက

“ကိုယ်တော် ပြန်လည်ရေးသားထားတဲ့ ပေလွှာတွေရှိတယ် သျှင်းငယ် လေ့လာချင်ရင် ကိုယ်တော်ပြပေးမယ်...”

ဟုပြောလာတော့ ဧကလေး အံ့ဩမိသွားသေးသည်။
ပေလွှာထက်က ရှင်းလင်းပြတ်သားသည့်စာလုံးလေးများအားမြင်လိုက်မိသည့်အချိန်တွင်တော့ မျက်ဝန်းပြာလေးများက မှိတ်ကျလုမတတ်ပြုံးမိ‌သွားသည်။
^လူတစ်ယောက်ရဲ့စိတ်ထားကိုသိလိုပါက ထိုလူရဲ့လက်ရေးကိုကြည့်ကြည့်ပါတဲ့....^
သူကြားဖူးသည့်ထိုစကားအတိုင်းဆိုရင်
ဝိုင်းစက်နေအောင် လှသည့်မျိုးမဟုတ်ပဲ ရှင်းလင်းပြီး ပြတ်သား‌သည့် စာလုံးလေး‌တွေသည် အရှင်ဒဝီဦးခိုက်အား ကိုယ်စားပြုနေသလိုပင်။
ဧကလေး စိတ်ဝင်တစားပဲ သရေခေတ္တရာအကြောင်းကို ဖတ်လိုက်သည်။

သရေခေတ္တရာဟူသည်မှာ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသောမြို့ဟု အဓိပ္ပာယ်ရသည်။
သရေခေတ္တရာမြို့ကို ဂဝံပတေ့အရှင်သူမြတ်အမှူးပြု၍ ဒွတ္တဘောင်မင်းကြီးတည်‌ထောင်ခဲ့ပြီး မင်းစဥ်မင်းဆက်အုပ်စိုးခဲ့ကြသည်။

မြို့ရိုးတို့မှာ လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည်။မြို့ရိုးအဝန်းမှာ ၈မိုင်ခွဲခန့် ရှည်လျားပြီး မြို့အကျယ်ဧရိယာသည် အကြမ်းဖျင်းအားဖြင့် စတုရန်းမိုင် ၅မိုင်ခွဲခန့်ရှိသည်။
တောင်မြောက်အကွာအဝေးက ၂မိုင်ခွဲခန့် အရှေ့အနောက်အကွာအဝေးက ၂မိုင်ခန့်ရှိသည်။မြို့ပုံစံမှာ စက်ဝိုင်းမကျတကျရှိပေသည်။ကျုံးသည် မြို့ရိုးကိုဝန်းရံလျက်ရှိပြီး အုတ်မြို့ရိုးပတ်လည်တွင် မြို့ပေါက်များ ဖောက်လုပ်ထားသည်။
အချို့နေရာများတွင် မြို့ရိုး ၂ထပ် ၃ထပ် ရှိသည့်နေရာလည်းတွေ့ရပြီး အချို့နေရာများတွင် အမြင့်ပေ ၁၅ပေခန့်ရှိသည်ကိုတွေ့ရသည်။မြို့ရိုး၏အလယ်ဗဟိုလောက်နေရာတွင် အလျား၁၇၀၀ပေနှင့် အနံ ၁၁၂၅ပေခန့် ရှိသည့် စတုရန်းပုံစံ နန်းတော်ရာရှိသည်။
ကျုံးနှုတ်ခမ်းအချို့နေရာများတွင် အုတ်များစီခင်းထားသည်။ကျုံး၏အကျယ်မှာ ၃၅ပေမှ ပေ၈၀ခန့်အထိကျယ်ဝန်းသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Où les histoires vivent. Découvrez maintenant