အပိုင်း✨🍁(၂၀)

10.5K 1K 144
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၀)

"ကျွန်တော်ကယောင်္ကျားလေး..."

"ကိုယ်တော်သိတယ်လေ ရွှေပန်းလေးနဲ့မှန်း..."

"....."

ဧကလေး မျက်နှာကြီးရဲတတ်လာကာ ပြောစရာစကားများပင်ပြောက်ရှသွားရတော့သည်။
*ဒီဘုရင်ကတကယ်ကိုမနိုင်စိန်ပင် အဲ့စကားကပြောစရာလားလို့...*
ဘာပြန်ပြောရမှန်းမသိပဲ ကြောင်ကြည့်နေမိခိုက် အနားသို့ရောက်လာသော အစ်မတော်တို့ကြောင့်စကားစပြတ်သွားရသည်။

"သျှင်းလေး..."

"ဟင်... ဗျာ...."

"နေ‌မကောင်းဘူးလားဟင်...မှန်း ကိုယ်လည်းမပူပါဘူး..."
ခတ္တရာ နှဖူးကိုအသာစမ်းရင်းပြောလိုက်သည်။

"ဟင် ကောင်း ကောင်းပါတယ် အစ်မတော်..."

"မသိပါဘူး မျက်နှာလေးတွေရဲနေလို့ ပြန်ဖျားတာလားလို့ စိုးရိမ်သွားတာ ...လျှောက်ကြည့်ပြီးပြီဆိုတော့ ပြန်ကြစို့လေ မိုးချုပ်တော့မယ်.."

"ဗျာ...ဟုတ် ဟုတ်.."
ဧကလေး ‌ယောင်တောင်တောင်ဖြင့်မျက်နှာကိုစမ်းလိုက်ပြီးနောက် အရှင့်အားကြည့်မိရာ ပြုံးစစဖြင့်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

ထို့နောက်တွင်တော့အရင်လျှောက်တာလိုလိုနှင့် လူနားကပ်ပြီးပြောသွားသည်က...

"ကိုယ်တော့်ကိုစဉ်းစားပေးမယ်မလား..."

*ဟာ....ဒီလူကတော့ မျက်နှာပိုးကိုက...အစ်မတော်ရှေ့တောင်မရှောင်ဘူး...*
ဧကလေး စိတ်ထဲမှမကျေမနပ်ပြောရင်း မျက်စောင်းထိုးကြည့်လိုက်သည်။

"အဟွန်း!!!အသည်းယားစရာလေး..."

ဒါတောင် ကြားအောင်ထပ်ရေရွတ်သွားသေးသည့်အတွက် ဧကလေး ဒီဘုရင်အား ခြေကောလက်ပါအကုန်လန်တော့သည်။

တစ်ယောက်ကခုန်နေသည့်ရင်ကိုလျစ်လျူရှုက ဆူပုတ်ပုတ်လေးဖြစ်နေသော်လည်း တစ်ယောက်မှာမူ တည်တင်းလှပါသည်ဟုအများကသတ်မှတ်ထားသော မျက်နှာတော်က ကျေနပ်စွာပြုံးနေသည်မှာ ထိန်း၍ပင်မရချေ။

**********

ညနက်သန်းခေါ်ကျော်လို့ ၁ချက်တီးမောင်းခေါက်သံပင်ထွက်ပေါ်လာသော်လည်း သလွန်ပေါ်မှ အိပ်မရသော အသေးလုံးလေးဟာဆိုရင် ဟိုဘက်ဒီဘက်လူးလိမ့်လျှက်ရှိသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now