အပိုင်း✨🍁(၂၆)

9.5K 915 90
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၆)

“သူတစ်ယောက်ထဲကပဲပြောနေတယ် ကျွန်တော်လည်းအဖြေပေးချင်နေပြီလေ...အဖြေတောင်းတော့လို့... အီးဟီး...”

ဒဝီဦးခိုက်မှာတော့ သူနားကြားမှားသွားသည်လားဟုပြန်စမ်းစစ်ရင်းပင်
“အဟွန်း!!!!!”

“ဘာရယ်တာလဲ ...လှောင်တာလား.. ဟုတ်လား.. ဟုတ်တယ် လှောင်လိုက်တာပါ.. ခုလှောင်လိုက်တာ သေချာပါတယ်....အီးဟီး ပါးပါးရေ သားဘာမှားလို့ အဲ့ဘျင်ကြီးက လှောင်ရတာလဲ အီးဟီး သားကအဖြေလေးပဲတောင်းခိုင်းတာကို သားကိုလှောင်နေတယ်....ပါးပါးရေ...အီးဟီး....”
(#ဧကနုသွေးပါ:3 )
ဧကလေး သပ်သပ်မဲ့ ဘုရင်ကြီးပြာယာခက်တာကို ကြည့်ချင်၍ စလိုက်သည်။မျက်ရည်များကတော့ တကယ်ပင် ဝမ်းနည်းဝမ်းသာစိတ်ကြောင့်ထိန်းမရ။

“ကိုယ်တော် မလှောင်ရပါဘူး သျှင်းငယ်... ကိုယ်တော်သဘောကျလို့ရယ်မိတာပါ...မရယ်တော့ဘူးနော်...မငိုနဲ့တော့နော် မျက်လုံးတွေ နီရဲနေပြီ...ကလေးရဲ့...”
ဒဝီဦးခိုက် မျက်နှာလေးကိုအသာပွတ်သုတ်ပေးရင်း ပြောလိုက်သည်။

“အဲ့ဒါအရှင့်ကြောင့်လေ...အရှင့်ကြောင့်ငိုတာ....”

“အွန်းအွန်း!!ကိုယ်တော့်ကြောင့်ပါ...”

“ပြီးတော့ ကျော်ကကလေးမဟုတ်ဘူး ကျော့်အသက် ၂၁ အဲ ၁၇နှစ်ပြည့်မှာဆို ကျော်ကလူကြီးဖြစ်နေပြီ ဗျသိရဲ့လား...”
(ကျော်=ကျွန်တော်)

“ကျော်က ဘယ်သူ...”

“ကျော်က ကျွန်တော်လို့ပြောတာလေ အတိုကောက် မသိရင်မှတ်ထားဗျ...တုန်းလိုက်တာ...ဟွန့်...”

“အွန်းအွန်း!!ကိုယ်တော်သေချာမှတ်ထားလိုက်ပါ့မယ်..မော့ပါဦး မျက်နှာလေးသေချာ သုတ်ပါရစေဦး မျက်ရည်တွေနဲ့ပေတူးနေပြီ...”
ဒဝီဦးခိုက် မျက်နှာလေးကို အသာပင့်တင်ရင်း မယ်မယ်ထိုးပေးထားခဲ့သည့်ပဝါလေးကိုထုတ်ကာ သုတ်ပေးလိုက်သည်။

“ဟင်...ပဝါ...”
*ပဝါဆိုတာ ကိုယ်ချစ်တဲ့သူအတွက်ရည်ရွယ်ပြီးထိုးတယ်လို့ အစ်မတော်ကပြောတာပဲ မဟုတ်မှ ဒီဘုရင်...*

“ မယ်မယ်ထိုးပေးခဲ့တာ...ကိုယ်တော့်မယ်မယ်က ခမည်းတော်နဲ့ ကိုယ်တော့်အတွက် ဆင်တူလေးထိုးပေးခဲ့တာ...မယ်မယ် မကွယ်လွန်ခင်အချိန်ကပေါ့ ....”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now