အပိုင်း✨🍁(၄၆)

10.8K 1K 59
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၄၆)

ဧကလေး အိပ်ယာနိုးနိုးချင်း တစ်ဖက်ကလွတ်နေသည့်နေရာကိုအမြန်စမ်းလိုက်သည်။ခပ်နွေးနွေးဖြစ်နေသည့်နေရာက မကြာသေးခင်အချိန်အတွင်း ဒီနေရာမှာ တစ်ယောက်ယောက်ရှိနေခဲ့သည်ဆိုတာကိုညွှန်ပြနေသည်။

“အိမ်မက်မဟုတ်ဘူးဘဲ....အဟင်း ....အိမ်မက်ထင်နေခဲ့တာ...”
ဧကလေး တီးတိုးရေရွတ်ရင်း ထိုနေရာလေးကိုဖွဖွလေးပွတ်သပ်လိုက်သည်။

သရေခေတ္တရာကို သူစ‌ရောက်သည့်နေ့ကလမ်းပျောက်‌ပြီးအပင်ပေါ်တက်နေတုန်း အရှင်နှင့်တွေ့၍ ‌ရေနှင့်သေရည်မှားသောက်မိကာ ပထမဆုံးအနေဖြင့် အရှင့်ကျောပေါ်အတင့်ရဲစွာ လိုက်ခဲ့မိသည့်အချိန်တုန်းကအကြောင်းအရာများကို သတိရလွမ်းဆွတ်သွားမိသည်။တိုင်းပြည်ရဲ့အရှင်သခင်ဖြစ်သူနှင့်မှ စတွေ့တွေ့ချင်း အလွဲတွေလုပ်မိခဲ့သည်ပဲဖြစ်သည်။ထိုအချိန်ကတည်းက သူ့အတွက် ထိုကျောပြင်ကျယ်က စိမ်းသက်မနေဘဲ လုံခြုံနွေးထွေးလွန်းခဲ့သည်။

ဧကလေးအတွက်တော့ ရှင်သန်ခဲ့သမျှကာလပတ်လုံး သရေခေတ္တရာတွင်နေထိုင်ခဲ့ရသောနေ့ရက်များက အဓိပ္ပာယ်အရှိခဲ့ဆုံးဖြစ်သည်။အကယ်၍ အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရခဲ့ပြီး သူ့အားရွေးချယ်ခွင့်ပေးခဲ့မယ်ဆိုလျှင်တောင် ထိုသရေခေတ္တရာမှနေ့ရက်များကို ဖြတ်သန်းဖို့ထပ်ကာထပ်ကာ ရွေးချယ်မိဦးမည်ထင်၏။

ပုံမှန် မူးနေသည့်အချိန်ဆိုလျှင် ဘာမှမမှတ်မိတတ်ပေမယ့် အိမ်မက်လိုလို တကယ့်အဖြစ်အပျက်လိုလိုဖြင့် ညကအကြောင်းအရာများကို ဧကလေးထင်ထင်ရှားရှားမှတ်မိနေသေးသည်။ညကသူ့ကိုချီပိုးပြီးBar ကနေ အိမ်အထိလမ်းလျှောက်လာခဲ့သော မောင့်ကို ‌သူအားနာမိပေမယ့် 4နှစ်လုံးလုံးသူ့ကိုပစ်ထားသည့်အပြင် ပထမဆုံးပြန်တွေ့သည့်အချိန်မှာ မသိပါဘူးဟုပြောသည့်အတွက် သေချာအပြစ်ပေးခြင်းဖြစ်သည်။ဘယ်အချိန်မဆို မောင့်ရဲ့ကျောပြင်ကျယ်ကျယ်က သူ့အတွက် အမြဲလုံခြုံနွေးထွေးစေသည်။

ညကဘယ်အချိန်အိပ်ပျော်သွားလည်းမသိပေမယ့် ဧကလေး တစ်ရေးနိုးလာတော့ ကိုယ့်အခန်းထဲကိုယ်ရောက်နေကာ မောင်ကသူ့လက်ကိုကိုင်ပြီးစကားတွေအများကြီးပြောနေခဲ့သည်။အဓိကပြောသည်ကတော့ မောင်တောင်းပန်ပါတယ် ဆိုတာကိုပင်။ထို့နောက် မောင်ငိုနေခဲ့သည်ကို လက်ဖမိုးပေါ်ကျလာသည့်မျက်ရည်များမှတစ်ဆင့် သူသိရှိခဲ့ရသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Où les histoires vivent. Découvrez maintenant