အပိုင်း✨🍁(၂၉)

8.8K 846 30
                                    


ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၉)

“သခင်လေး လက်ထဲကပေါင်မုန့်လေးတွေပေးပါ....”

“မပေးနိုင်ဘူး....”
ရှေ့မှ မျက်နှာငယ်လေးနှင့် လာတောင်းနေသော အပျိုတော်များကိုကြည့်ရင်း ဧကလေး ခါးခါးသီးသီးငြင်းလိုက်သည်။
*ရာရာစစ သူကိုယ်ပိုင်တွေကိုများ အတင့်ရဲလို့....*

“နည်းနည်းလေးဖြစ်ဖြစ်....”

“နည်းနည်းလေးလည်းမပေးနိုင်ဘူး...ဒါတွေအကုန်လုံးက ငါ့ဟာတွေ! ငါပိုင်တာ! ငါ့အပိုင်!!.”
ဧကလေး မျက်စိစုံမှိတ်၍ မပေးနိုင်ကြောင်းအော်ပြောလိုက်သည်။

“လုံးဝမပေးနိုင်ဘူး...”

“သျှင်းငယ်... ”

“မပေးနိုင်ဘူး...”

“သျှင်းငယ်‌လေး...”

ဒဝီဦးခိုက် သူ့အင်္ကျီထဲလက်ဝင်၍ ဝမ်းဗိုက်မှ ကြွက်သားများအားထိကိုင်ရင်း အိမ်မက်ယောင်ကာ "မပေးနိုင်ဘူး"အော်နေသော ကောင်လေးကို အသာနှိုးလိုက်သည်။နှိုးမရသည့်အပြင် လူတစ်ကိုယ်လုံး ခန္ဓာကိုယ်ပေါ်တက်လာကာ အင်္ကျီထဲမှ လက်ကိုလည်းဖယ်ခွာမသွားပေ။

“မပေးနိုင်ဘူး ငါ့ဟာတွေပါဆို....”

“အဟွန်း!!! ဘာတွေတောင်းနေလို့ ဒီလောက်မပေးနေရတာလဲ... သျှင်းငယ်...သျှင်းငယ်လေး ထတော့နော်...”
ဒဝီဦးခိုက်ပြောရင်း ရင်ဘက်ပေါ်‌ခေါင်းတစ်ခြမ်းစောင်းထားရာမှ အစ်ထွက်နေသည့် ပါးဖောင်းဖောင်းလေးတစ်ဖက်ကိုအသာဆွဲလိုက်သည်။

“အင်..အွန်း..သား အိပ်ချင်သေးတယ်...ခဏလေးပဲနော် ပါးပါး ခဏလေးအိပ်ပါရစေဦး...”

“အဟွန်း!!ဘာလေးလဲ....”

တစ်ခြမ်းစောင်းအိပ်နေသောကြောင့်ရှေ့အနည်းငယ်စူနေသည့်နှုတ်ခမ်းလုံးလေးမှ မပီမသပြောရင်း ရင်ဘက်ကို ပါးလေးနှင့်ပွတ်တိုက်ကာ ပြန်ငြိမ်သွားသူကြောင့် ဒဝီဦးခိုက်မှာ အသည်းတယားယားကျန်ခဲ့ရသည်။

မိမိရင်ဘက်ပေါ်တက်ပြီးမှောက်ခုံလေး‌အိပ်နေသည့်ပုံလေးကြောင့် ဆက်မနှိုးရက်တော့ပဲ ဒီနေ့ညီလာခံကိုဖျက်ဖို့ပြင်လိုက်သည်။
သျှင်းငယ်လောက် ဘယ်အရာကမှ သူ့အတွက်အရေးမကြီးပေ။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now