အပိုင်း✨🍁(၃၆)

9.2K 969 122
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၃၆)

နှလုံးခုန်နှုန်းကိုပြသည့်စက်မှ မျဉ်းတန်းအတွန့်လေးများကို မျက်ဝန်းနက်များကစူးစူးနစ်နစ်ကြည့်ရင်း တစ်နေရာဆီအကြည့်ရောက်သွားတော့ စိတ်မကောင်းဖြစ်သည့်အရိပ်အယောင်များဖြတ်သမ်းသွားသည်။

“ကိုယ့်အချစ် တစ်မှေးလောက်မှေးလိုက်ပါဦး သားကြီး အခြေအနေစိတ်ချရပါပြီ....”
ကုဋေ သားကြီးအနားမှ တစ်ချက်မ‌ခွာဘဲ စိုးရိမ်စွာကြည့်နေသော ဦးညိုလေး၏ ပခုံးကို ဖွဖွလေးဖက်ရင်း ပြောလိုက်သည်။

မနေ့ညတုန်းက သားကြီးဧက၏ အခြေအနေမတည်ငြိမ်မှုများကြောင့် သူတို့တစ်ညလုံးနှင့်တစ်မနက်လုံး အခြေအနေကို သေချာစောင့်ကြည့်နေခဲ့ရသည်။
ဆရာဝန်တွေကတော့ မကြာခင်အချိန်အတွင်း သတိပြန်လည်လာနိုင်သည်ပြောသော်လည်း ကုဋေတို့စိတ်မချနိုင်သေး။
သားကြီး ကိုမာဝင်နေသည်က တစ်နှစ်ပင်ရှိခဲ့ပြီဖြစ်ပြီး ထိုကဲ့သို့မတည်ငြိမ်သောအခြေအနေများကိုလည်း အခါခါဖြတ်ကျော်ခဲ့ရပြီးပြီဖြစ်သည်။

အခေါက်တိုင်းမှာ စိုးရိမ်ပူပန်ရသည့် အခြေအနေများနှင့် နှလုံးခုန်နှုန်းကို နှိုးဆွပေးရသည်ပဲဖြစ်သောကြောင့် ခန္ဓာကိုယ်လည်း ဒဏ်ခံနိုင်လောက်ပါ့မလားဟုတွေးမိသည်မှာလည်းခဏခဏပင်။
နဂိုဖြူသည့်အသားအရေက ကိုမာဝင်ပြီးနောက်ပိုင်း ပို၍ဖြူလျော့လျော့ဖြစ်သွားကာအနည်းငယ်ပိန်သွားသည်။

“ဦးညို မအိပ်ချင်လို့ပါကိုကို...သားငယ်ရော ပြန်လာပြီလား...”
ဦးညို ကိုကို့အား အားတင်းကာပြုံးပြလိုက်ရင်း အိမ်ခဏပြန်သွားပါသော သားငယ်သက္ကရာဇ်လေးအားမေးလိုက်သည်။

ကုဋေ မှိန်ဖျော့နေသည့် မျက်ဝန်းပြာလေးများကိုကြည့်ရင်း ရင်ထဲမှာ မချိတင်ကဲခံစားရသည်။အရာအားလုံးက ဒီမိသားစုလေးကို ကောင်းကောင်းမကာကွယ်ပေးနိုင်သည့်သူ့အပြစ်များပင်။

“ကိုယ့်အချစ် ခဏလောက်ဖြစ်ဖြစ်နားလိုက်ပါဦး ညကတည်းက တစ်ရေးမှမအိပ်ရသေးဘူးမလား...သားငယ်မကြာခင်ပြန်လာတော့မယ်ထင်တယ်...”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)On viuen les histories. Descobreix ara