အပိုင်း✨🍁(၃၅)

9.2K 976 139
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၃၅)

ဒဝီဦးခိုက် ရာဇကုဋေနန်းဆောင်တော်အတွင်း ပေလွှာများကိုဖတ်ရှူပြီးနောက် သေချာသိမ်းနေခိုက် အစောင့်တစ်ဦးမှ ဝင်ခွင့်တောင်းလာသည်။

“‌ လျှောက်ထားအပ်ပါတယ်... ပရောဟိတ်အမတ်ကြီးကဝင်ခွင့်တောင်းနေပါတယ်အရှင်....”

“အတွင်းခေါ်ခဲ့...”

“အမိန့်တိုင်းပါအရှင်...”

အစောင့်ထွက်သွားပြီး မကြာခင် ဆရာအမတ်ကြီး ဝင်လာ၍ ဒဝီဦးခိုက် ဆရာအားနေရာပေးရင်း ပြောလိုက်သည်။

“ညကြီးမင်းကြီး အရေးကြီးကိစ္စများရှိလို့ပါလားဆရာ... ”

“နန်းတွင်းမှာလျှို့ဝှက်လှုပ်ရှားနေမှုတွေရှိနေတယ်ဆို သတိထားမိတယ်မလား ဦးခိုက်...”

ပရောဟိတ်အမတ်ကြီး၏စကားအဆုံး ဒဝီဦးခိုက်လှုပ်ရှားနေမှုများခဏရပ်‌တန့်သွားသည်။ထို့နောက် ဘာမှမဖြစ်သလိုပင်..

“ကိုယ်တော် သတိထားမိပါတယ်...စောင့်‌ကြည့်ဖို့လျှို့ဝှက်အဖွဲ့ကို စေလွှတ်ထားတယ်...နန်းတော်ရဲ့ သုံးချိုးနှစ်ချိုးက သူတို့လူတွေပဲဖြစ်နေတဲ့အပေါ်  ကိုယ်တော်တို့အရမ်းသိသာအောင်လှုပ်ရှားလို့မဖြစ်‌ဘူးမဟုတ်လား...”

“ဘယ်ချိန်ကတည်းက အမတ်ကြီးရဲ့လှုပ်ရှားမှုတွေကိုသိနေခဲ့တာလဲ...”

“သိပ်မကြာခင်ကပါ...ဆရာ သရေခေတ္တရာက ခေတ္တခဏရှောင်တိမ်းနေသင့်တယ်...အရာအားလုံးတည်ငြိမ်သွားတဲ့အခြေအနေမှ နန်းတော်ကိုပြန်လာသင့်တယ်...ဖခမည်းတော် ဘုရားကြီးမှာ တရားအားထုတ်နေပါတယ်...ဆရာလိုက်လာတာသိရင်ခမည်းတော်ဝမ်းမြှောက်နေလောက်တယ်....”

ပရောဟိတ်အမတ်ကြီး ဘာကိစ္စမှမဖြစ်သလို အရေးမကြီးသလို အမူအယာတစ်ချက်မပျက်ဘဲ ပြောနေသော တပည့်ဖြစ်သူကိုကြည့်ရင်း သက်ပြင်းကိုကြိတ်ချလိုက်မိသည်။အရာရာတိုင်းကိုကြိုသိနေသလို ဦး ခိုက်၏အပြုအမူများရဲ့အောက်မှာ ပရောဟိတ်ကြီးအနေဖြင့် ဘာစကားပြောရမှန်းမသိဖြစ်သွားသည်။

“သျှင်းဓနနောင်...”

“....”

“သူဒီအရာတွေကိုသိလား....သူရော....”
ပရောဟိတ်အမတ်ကြီး၏ အမေးစကားမဆုံးခင်

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now