အပိုင်း✨🍁(၄)

17.1K 1.5K 114
                                    

ကုဋေနှင့်ဦးညိုတို့ ရုံးမှပြန်လာကြရာ တိတ်ဆိတ်မဲမှောင်နေသော အိမ်ကြီးကြောင့် သားကြီး အပြင်ကိုထွက်သွားသည်ဆိုတာ သိလိုက်သည်။သားငယ်ကအစည်းအဝေးရှိသေး၍ ပြန်လာဦးမည်မဟုတ်ဆိုတာ သူတို့သိပြီးသားပဲဖြစ်သည်။

“ဒီအဆိုးလေးက ဘယ်တွေလျှောက်လှိမ့်နေပါလိမ့်....”
ဦးညို ကားပေါ်မှ ဆင်းရင်း ပြောလိုက်သည်။

“သားကြီး အကြောင်းလည်း ကိုယ့်အချစ်သိရဲ့သားနဲ့...ဟိုကောင်လေးထူးခြားအောင်နဲ့ ပတ်မွှေနေလောက်ရောပေါ့....”

“အဟင်းးးဟင်းးးသားက ကလေးစိတ်မကုန်သေးတာပါ...ကိုကိုရာ...အဟင်းးး”
ဦးညိုပြောရင်းပင် ရီလိုက်သည်။ဒီစကားသာ ဧကလေးကြားပါက စိတ်ကောက်ပေဦးမည်ပဲဖြစ်သည်။ပိစိလေးကတည်းက လူကြီးဖြစ်ချင်နေတဲ့သူက အသက်20သာ ရောက်လာတယ် ကလေးလေးလို ကပ်ချွဲနေတုန်းပင်။သားငယ်ဖောင်းဖောင်းကြပြန်တော့လည်း လူကြီးလေးကြလို့ အေးတိအေးစက်လေးဖြစ်ပြီး ကိုကိုနှင့်တစ်ပုံစံထဲပင်။

မျက်ဝန်းပြာလေးတွေမှေးကျပြီး ပုခုံးလေးတွေပါ လှုပ်သည်အထိ သဘောတကျရီနေသော ဦးညိုကိုကြည့်ပြီး ကုဋေ အူယားစွာပြောလိုက်သည်။

“ဟွန်း!!ကိုယ့်အချစ်ကတော့ ကိုယ့်ကိုစိတ်မထိန်းနိုင်အောင် လုပ်နေပြန်ပါပြီ...”

“ဟောဗျာ ဦးညိုဘာလုပ်လို့လဲဗျ...”

“ဘာမှမလုပ်ပဲနေတာတောင် စိတ်ကထိန်းမရတာ ခုလိုလေးရီနေတော့ ပိုဆိုးတာပေါ့...”
ကု‌ဋေ ပြောရင်း ကိုယ်လုံးလေးကိုရင်ချင်းဆွဲကပ်လိုက်သည်။

“ကိုကို့!! သားတို့ မြင်သွားမယ်လေ...”
ဦးညို ရင်ဘက်လေးကို လက်ဖြင့်တွန်းထားရင်း ပြောလိုက်သည်။

“သားတို့မှ ပြန်မရောက်သေးတာ မမြင်ပါဘူး....”

ကုဋေစကားအဆုံးမှာပဲ ခြံထဲသို့ အချိန်ကိုက်ဝင်လာသော သားကြီး၏ကားသံကိုကြားလိုက်ရသည်။

ကုဋေမျက်နှာသည်လည်းတည်သွားသည်။
မင်းမြတ်ဧကဦးမာန်က အမြဲတမ်း ပွဲကောင်းခါနီးရင် ရောက်လာသည်က ငယ်ငယ်ထဲကပင်။

“အဟီး..သားကြီးပြန်လာပြီ...”
ဦးညို ကိုကို၏ ဖြစ်သွားသည့်မျက်နှာကြီးကြောင့် မရီမိအောင်ထိန်းရင်း ကိုကို့ရင်ထဲမှ ရုန်းထွက်လိုက်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now