အပိုင်း✨🍁(၁၁)

12K 1.2K 109
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၁၁)

“သျှင်းလေး...”

“ဟင်.....”

ဧကလေး ရင်းနှီး‌နေသောအသံအပြင် ကိုယ့်ကို အမြဲနူးညံ့စွာကြည့်တက်သော ပြုံးယောင်သန်းနေသော မျက်ဝန်းညိုများကို မြင်တွေ့လိုက်ရသည့်အခိုက် နေရာမှာပဲ ရပ်တန့်သွားရသည်။
အံ့ဩစိတ် ဝမ်းသာစိတ်ဖြင့် ကြည့်နေမိရင်း မျက်ဝန်းပြာလေးထဲတွင် ငွေ့ရည်လေးများရစ်သိုင်းလာပြီးနောက် ပါးပြင်ပေါ်ကို ဖြတ်သန်းစီးဆင်းသွားတော့သည်။

*သူအိမ်မက်မက်နေတာများလား...တကယ်ပဲ ရှေ့ သူက ဖောင်းဖောင်းလေးလား...ဖောင်းဖောင်းလေးက ဘယ်က ဘယ်လိုလုပ်....*
ဧကလေး ဆက်မတွေးနိုင်တော့ မျက်ရည်စများနှင့်အတူ ပြေးဖက်လိုက်သည်။

“ဖောင်းဖောင်းလေး....”

အရှင်သီဟရာဇာမှာ ရုတ်တရက် သူ့ကိုကြည့်ရင်း မျက်ရည်စတွေ ဝေ့သီလာသည့် မျက်ဝန်းပြာလေးများကြောင့် စိုးရိမ်သွားခိုက် သူ့မသိသည့်အမည်နာမတစ်ခုကိုခေါ်၍ ပြေးဖက်လာသော ညီငယ်လေးကြောင့် အမြန် ထိန်းဖက်လိုက်သည်။

ပုခုံးပေါ်စိုစွတ်လာသောအထိအတွေ့ပြင်
တသိမ့်သိမ့်ရှိုက်နေသော ကိုယ်လုံးလေးကြောင့် သီဟရာဇာ ကျောပြင်လေးကို ဖွဖွလေးပွတ်သပ်ပေးလိုက်သည်။

“ညီငယ်လေး သျှင်းလေး ဘာဖြစ်လို့လဲ...ဘာအဆင်‌မပြေတာများရှိလို့လဲ အစ်ကိုတော်ကို ပြောပါဦး ကလေးရဲ့...”

ခတ္တရာနှင့် သက္ကမှာလည်း သျှင်းလေး၏ ထူးဆန်းသောအမူအရာကို အံ့ဩပြီး ကြည့်နေမိသည်။
ခတ္တရာစိတ်ထဲတွင်လည်း မောင်ငယ်လေး အစ်ကိုတော်ကိုအတော်လေးသတိရနေပြီး ဒီ‌သရေခေတ္တရာတွင် နေရတာမပျော်လို့များလားဟုတွေးရင်း စိတ်မကောင်းဖြစ်မိသွားရသည်။
မောင်ငယ်လေးကို ပျော်ပျော်ရွှင်ရွှင်လေးဖြစ်စေချင်သည်က သူ့ဆန္ဒပင်။

ဧကလေး ‌ဘာစကားမှမပြောပဲ ဖက်ပြီး ငိုနေမိရင်း အသံကိုထိန်းကာ တိုးတိုးလေးပြောလိုက်မိသည်။
“ညီညီလေးကို ကိုကိုကလွမ်းနေတာ...အင့်...”

“အစ်ကိုတော်ကလည်း သျှင်းလေးကိုလွမ်းနေပါတယ်....”

“ညီညီလေး ဒီကိုဘယ်လိုရောက်လာတာလဲဟင်... ကိုကို့နောက်လိုက်လာတာလား...ဟင်....”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Donde viven las historias. Descúbrelo ahora