အပိုင်း✨🍁(၅၀)

10.8K 1K 116
                                    

ပယင်းကြိုသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၅၀)

တစ်ရွေ့ရွေ့ပြေးလွှားနေသည့်ကားလေးပေါ်တွင် ဧကလေး ဟိုဟိုဒီဒီပတ်ဝန်းကျင်ကရှူခင်းများကိုကြည့်ရင်း ‌မောင်းနှင်လာသည်။ဘေးက ထူးခြားကတော့ ကာလနဂါးပမာအိပ်နေပုံက တစ်လှည့်မောင်းခိုင်းဖို့ မနှိုးချင်တော့သည့်အထိပင်ဖြစ်သည်။အဖော်ခေါ်လာသည့်လူက တစ်လမ်းလုံးအိပ်လိုက်လာသည်မှာ ဧကလေးရှမ်းပြည်နယ်တောင်ရောက်တော့မည်ဖြစ်သည်။

“အိပ်လည်းအိပ်နိုင်တဲ့ကောင်....အတော်အားကိုးရပါတယ်....”

ဧကလေး ထူးခြားအားကြည့်ပြီး ခပ်တိုးတိုးပြောလိုက်ရင်း အနည်းငယ်အိပ်ချင်သလိုဖြစ်နေသောကြောင့် ကားနှင့်bluetooth joinလိုက်ရင်း Musicထဲမှသီချင်းဖွင့်လိုက်သည်။

🎼ပုံပြင်လေးတစ်ပုဒ် ဆင်စွယ်လက်တစ်စုံ..
ငါဟာ လွှတ်ချတတ်ဖို့ တဖွဖွပြောခဲ့ဖူး .....
သူကလည်းငို ကိုယ်ကလဲပြို...
အခု...ချစ်တတ်လွန်းသူမင်းနဲ့...
မချစ်ရက်တော့သူတစ်ဦး ....
ကော်ရစ်ဒါ‌မှာဝင်တိုက်တဲ့အခန်းရိုက်ကူး....
မိုးလင်းကမိုးချုပ်တွေ့ချင်သူနဲ့...
အမြဲအိပ်ငိုက်တတ်‌တဲ့ကိုယ်...
နှလုံးသားလှသူကြီးနှင့်ရင်ဘတ်အပေါက်နဲ့လူတစ်ဦး....
ဒီသံသရာမှာ ပတ်ချာလည်လို့မူး...
မင်းအချစ်က မင်းကိုအခုပဲမြေမြှုပ်ပစ်တော့မလို...
ဒါမှမဟုတ် ငါ့ကိုယ်ငါပဲ သတ်ပစ်လိုက်ရမလို....အိုးးးး...ဒါ ဒါ .......

ထွက်လာသည့်သီချင်းလေးကြောင့် ဧကလေးပြုံးလိုက်ပြီး ကားကိုပဲဂရုတစိုက်မောင်းလိုက်သည်။

ကားလေးက‌ တရွေ့ရွေ့...
သီချင်း‌သံလေးက တလွင့်လွင့်...
ချစ်ခြင်းမေတ္တာများက တသင်းသင်း...

*********

ကမ္ဘာ ခမည်းတော်၏ အမိန့်ကြောင့် တောင်းပိုင်းက မစောယုမာလာနွယ်၏ ခမည်းတော်ဖြစ်သူနှင့် အကြီးအကဲရွေးချယ်ပွဲကိစ္စဆွေးနွေးရန် ထွက်လာလိုက်သည်။နှစ်တိုင်း ခမည်းတော်ကိုယ်တိုင် တက်ရောက်လေ့ရှိပေမယ့် ဒီနှစ်တော့ ဘာစိတ်ကူးပေါက်၍ မသိဘဲ ကမ္ဘာကိုတက်ရောက်စေခဲ့သည်။ကမ္ဘာ ခမည်းတော်ပြောသည့်စကားများကိုပြန်‌ကြားယောင်လာသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now