အပိုင်း✨🍁(၁၇)

10.6K 1.1K 98
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၁၇)

*ဟင်...ဒီအခြေအနေကြီးက အိမ်မက်ထဲနဲ့တူလှချည်လား...*
ဧကလေး ပယင်းရောင်မျက်ဝန်းများကို စိုက်ကြည့်ရင်း တွေးနေမိသည်။
အိမ်မက်ထဲကလူက ပယင်းရောင်မျက်ဝန်းများဖြင့် ရိုးရိုးအဝတ်အစားနှင့်အတူ အနက်ရောင်‌ကုတ်တစ်ထည်ကိုဝတ်ထားကာ ဧကလေးအား‌ဆွေးဆွေးမြေ့မြေ့ကြည့်နေပြီး ထွက်သွားသည်ပဲဖြစ်သည်။
ယခု သူ့ရှေ့မှာ ရှိနေသည့် အရှင်၏ ပယင်းရောင်မျက်ဝန်းများကမူ သူ့အားပြုံးပြီးကြည့်နေသည်။
အကြည့်များ ၊အဝတ်စားများမတူညီသော်လည်း ထပ်တူညီသော လူနှစ်ယောက်။
ဧကလေး လိုက်မမှီနိုင်သည့်အခြေအနေအား အသည်းအသန်‌အဖြေရှာနေခိုက်

“သျှင်းငယ်...”

“အမ်...ဗျာ....”
ဧကလေး အယောင်ယောင်အမှားမှားဖြင့်ထူးလိုက်မိသည်။

“အဟွန်း!!အနားလာလေ သျှင်းငယ်...”

“ဟုတ်ကဲ့...”

ဒဝီဦးခိုက် မျက်ဝန်းပြာလေးများကို ပြုံးလျက်ကြည့်ပြီးနောက် ရှေ့တည့်တည့်မှ အပင်လေးများဆီကို အကြည့်ပြန်ပို့လိုက်သ ည်။
ဥယျာဉ်တော်တစ်ခုလုံးကို အကြည့်များလွှမ်းခြုံရင်း မယ်မယ့်အားသတိရသွားမိသည်။
ဒဝီဦးခိုက်၏ငယ်ဘဝတစ်လျှောက်လုံးဟာ ဥယျာဉ်တော်ထဲမယ်မယ်နှင့်အတူ ကုန်ဆုံးခဲ့တာများသည်။
မယ်မယ်နှင့်အတူပန်းပင်လေးများပျိုးထောင်ရင်း၊မယ်မယ်ပြောပြသည့် ဘိုးဘေးတို့အကြောင်းပုံပြင်လေးများနားထောင်ရင်း ပျော်ရွှင်စွာ ကုန်ဆုံးခဲ့သည့်အချိန်များကို လွမ်းဆွတ်မိသည်။

ဧကလေး ဥယျာဉ်တော်တစ်ခုလုံးအား ဆွေးဆွေးမြေ့မြေ့ကြည့်နေသော အရှင့်ကြောင့် အလိုက်တသိ ဘေးမှာရပ်နေလိုက်သည်။

“ကိုယ်တော် မယ်မယ်နဲ့အတူပျိုးထောင်ခဲ့တာတွေလေ....”

အဆက်အစပ်မရှိပြောလာသည့်အရှင့်စကားကြောင့် ဧကလေး အမြန်အဖြေပေးလိုက်သည်။

“ဗျာ... ဟုတ်...”

“မယ်မယ်က ပန်းပင်လေးတွေပျိုးထောင်စိုက်ပျိုးရတာ အရမ်းသဘောကျခဲ့တယ်..အမြဲတမ်းလိုလို ဥယျာဉ်ထဲမှာ နေတတ်တယ်...”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now