Chapter 1

7.9K 402 16
                                    

  Unicode Ver
    မင်ရည်တွေသိပ်သည်းစွာပေကျံနေသကဲ့သို့ တိမ်မဲကြီးတွေက မိုးကုပ်စက်ဝိုင်းတစ်လျှောက် ဖြတ်သန်းရွေ့လျားနေလေသည်။ မိုးကြိုးနှင့်လျှပ်စီးတို့သည် မှောင်မည်းနေသောတိမ်တိုက်များကြား၌ ငွေရောင်မြွေကြီးများကဲ့သို့ ခေါက်တုံ့ခေါက်ပြန်သွားလာနေပြီး လေတိုက်မည့်အရိပ်အယောင်မရှိဘဲ အေးခဲနေပုံရသည့်လေထုသည် လှုပ်ရှားမှုမရှိသည့် ရေခဲစီးကြောင်းတစ်ခုနဲ့ ဆင်တူနေသည်။

    ဖျင်ကြမ်းအ၀တ်တွေကို၀တ်ထားတဲ့ လူငယ်ဒါဇင်ပေါင်းများစွာသည် အဖုအထစ်များဖြင့် ကြမ်းတမ်းသော တောင်တက်လမ်းတစ်လျှောက် တက်လှမ်းလာ‌နေကြသည်။ သူတို့ရဲ့ဦးခေါင်းတွေကို အနောက်သို့တစ်ချက်ကလေး‌တောင် မလှည့်ကြည့်ဘဲ အန္တရာယ်ရှိတဲ့အရာတစ်ခုခုက သူတို့နောက်ကို တိုက်ခိုက်ဖို့လိုက်နေသလိုမျိုးခေါင်းတွေငုံ့ပြီး အလျင်စလိုဖြစ်နေ၏။

        "မြန်မြန်! အချိန်ကုန်တော့မယ်"

         "နာရီဝက်ဘဲ့ ကျန်ပြီ"

     ထိုကဲ့သို့‌ အသံများအား လူတန်းတစ်လျှောက်လုံးကြားနေရပြီး ဤကလေးများ၏ မျက်နှာများ သည်  စိုးရိမ်နေပုံပေါ်ကာ ချွေးများဖြင့် ဖုံးလွှမ်းနေ‌၏။ သူတို့ရဲ့ အရှိန်ကိုမြင့်ပြီးလမ်းလျှောက်လိုက်ကြသော်ငြား တောင်တက်လမ်းက အရမ်းကိုရှည်လျားပြီး အဲ့ဒါက သူတို့တွေလုံး၀မရပ်တန့်နိုင်သလိုမျိုး သူတို့မျက်လုံးထဲ၌ အဆုံးမရှိသကဲ့သို့ပင်။

    တောင်နံရံနှစ်ခုကြားရှိ ထိုလူငယ်လေးတွေလျှောက်နေသော လမ်းကျဉ်းလေးကလွဲ သူတို့ ပတ်ပတ်လည်မှာရှိတဲ့ တောင်နံရံကြီးတွေကတော့ မြင့်မားလွန်းသဖြင့် တိမ်တွေထိတောင် ရောက်နေသလိုပင်။ မကြာခင်မှာပဲမိန်းကလေးငယ်တော်တော်များများဟာ ပင်ပန်းမှုဒဏ်ကိုမခံနိုင်ပဲ ပြိုလဲကျကုန်သည်။ သို့သော် လူစုကြီးဟာ သူတို့ရဲ့ အံကိုကြိတ်ပြီး အရှေ့သို့ ပိုအားစိုက်ထုတ်ပြီးလျှောက်လှမ်းနေကြ၏။

              " ဝုန်း! ဝုန်း!"

     ရေကရားကဲ့သို့ ထူထပ်သော မိုးကြိုးတစ်ခုသည် တောင်တက်လမ်းပေါ်ရှိ ထိုလူစု၏ရှေ့သို့ကျရောက် လာခြင်းကြောင့် မြေကြီးကို နှစ်ခြမ်းကွဲသွားစေကာ ကြီးမားသောတွင်းကြီးတစ်ခုဖြစ်ပေါ်လာစေသည်။ မိုးခြိမ်းသံများသည် ‌ကျယ်လောင်သထက်ကျယ်လောင်လာခဲ့ပြီး တုန်ခါနေသောလျှပ်စီး‌ ကြောင်းသည် မြေပြင်ပေါ်သို့ကျရောက်လာကာ လင်းထိန်သွားစေသည်။ အရပ်ရှည်ပြီးငယ်ရွယ်သည့် ယောင်္ကျားလေးတစ်ယောက်သည် သူ့ရှေ့ရှိ အခြင်း အရာကို ကြည့်ပြီး ကြောက်ရွံ့စွာဖြင့်-

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now