Chapter 5

1.7K 259 17
                                    

  Unicode Ver

  ကျောက်စိမ်းကဲ့သို့စိမ်းလန်းသောဝါးပင်များသည် လေထဲတွင် လွတ်လပ်စွာယိမ်းနွဲ့နေပြီး ရှည်ရှည်သွယ်သွယ်ဝါးရွက်ကလေးများမှာတော့ ဟိုဟိုသည်သည် လူးလွန့်လှုပ်ရှားနေ၏။

   ယွီရှောင်းတောင်ထွဋ်သည် ထိုက်ဟွားတောင်၏ အလယ်ဗဟိုတွင်ရှိကာ ကျန်တောင်ထွဋ်ခြောက်ခုဖြင့် ပတ်ပတ်လည်တွင်၀န်းရံထားပြီး ကျင့်ကြံရေးအတွက်အလွန်ကောင်းမွန်သော ပထဝီအနေအထားရှိ၍ ဝိညာဉ်စွမ်းအားများပေါကြွယ်၀သဖြင့်ထိပ်တန်းနေရာပင်ဖြစ်သည်။ယွီရှောင်းတောင်ထွဋ်တွင် ပထမအဆင့်ကန့်သတ်ချက် ရှစ်ဆယ်တစ်ချက်၊ဒုတိယအဆင့်ကန့်သတ်ချက် သုံးဆယ်ခြောက်ချက်နှင့် ရွှမ်ထျန်းတိုက်မကြီး၏ ပြည်နယ်သုံးဆယ်ခြောက်ခုနှင့် ဆက်စပ်မှုရှိသော တတိယအဆင့်ကန့်သတ်ချက်ကိုးချက်ရှိပြီး ကိုး ကို ကိုးနှင့်စားခြင်းသည် တစ်နှင့်ညီမျှသည်ဟူသော အမှတ်သားဖြစ်သည်(၁)။

   တောင်ထိပ်တွင် အရင်အကြီးအကဲဟောင်းများသည် အတူတကွစုစည်း၍ မဟာယနအဆင့်နှင့် မဟာယနအဆင့်အောက်ရှိသူများအားလုံးကို ထောင်ချောက်ဆင်ကာ ပိတ်ဆို့ထားနိုင်သည့် စစ်တပ်ကြီးတစ်ခုရှိ၏။

  ထိုက်ဟွားတောင်သည် ကျင့်ကြံရေးလောကသားများအားလုံးအတွက် မြင့်မြတ်သောနေရာတစ်ခုဖြစ်မည်ဆိုလျှင် ယွီရှောင်းတောင်ထွဋ်သည်မူ ထိုက်ဟွားတောင်၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။

  ယွီရှောင်းတောင်ထွဋ်သည် ယခင်မျိုးဆက်တစ်ဆယ့်သုံးဆက်လုံးတွင် တပည့်တစ်ယောက်စီသာလက်ခံခဲ့၏။အကြောင်းပြချက်သည်ယွီရှောင်းတောင်ထွဋ်၏ တပည့်ရွေးချယ်ရေးစံနှုန်းသည် အလွန်မြင့်မားသောကြောင့်ဖြစ်သည်။ထို့အပြင် အရွေးချယ်ခံရရန်မူ အလွန်ကောင်းမွန်သော အခြေခံတည်ဆောက်ပုံရှိရန်လိုအပ်သည်။နောက်အကြောင်းပြချက်တစ်ခုမှာ  တပည့်တစ်ယောက်အားလေ့ကျင့်ပေးရန်အတွက် ကြီးမားသော အားစိုက်ထုတ်မှုနှင့် ဂရုစိုက်မှုတို့လိုအပ်သောကြောင့်ဖြစ်သည်။အကယ်၍သူတို့သည် သာမန်တပည့်သာဖြစ်မည်ဆိုလျှင်တော့ အရေးမကြီးသော်ငြားယွီရှောင်းတောင်ထွဋ်၏ တပည့်များသည်နောင်တစ်ချိန်တွင် အကြီးအကဲများဖြစ်လာရန် ပျိုးထောင်ခြင်းခံရသောကြောင့်ပေ။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now