Chapter 32.1

907 167 15
                                    

    'အမတလမ်းစဉ်အားရှာဖွေခြင်း'၀တ္ထုထဲတွင်ရေးထားပုံအရ လီရှို့ချန်း၏မောင်းမဆောင်ထဲမှတစ်ယောက်ဖြစ်သော ထိုမိန်းကလေးတွင်ထူးခြားမှုတစ်စုံတစ်ရာရှိရပေမည်။

  လော့ကျန်းချင်သည် အရင်ဘ၀ရှိလီရှို့ချန်း၏မောင်းမဆောင်ထဲမှတော်တော်များများကိုသိသည်။ပြောရရင် သူ့ဂိုဏ်းတူညီမလေးမုထျန်းရှင်းလို လှပပြီးဆေးပညာမှာတစ်ဖက်ကမ်းခတ်ကာ ချင်းလန်တောင်ထွဋ်၏အလေးထားခံရဆုံးတပည့်ဖြစ်သူနှင့် သင်ကြားပေးမည့်သူမရှိဘဲ နှစ်နှစ်ဆယ်အတွင်း ချီဖြစ်တည်ခြင်းအဆင့်ကိုရောက်ရှိလာသည့် မုရော့ရုန်လို တစ်ကိုယ်တော်ကျင့်ကြံသူမျိုးပင်ဖြစ်၏။

  ထိုသို့ကျင့်ကြံမှုအမြန်နှုန်းမှာ ထိုက်ဟွားတောင်၏အတွင်းတပည့်များကြားတွင်ပင် ပါရမီရှင်လို့ဆိုနိုင်နေပြီဖြစ်ကာ မုရော့ရုန်မှာတော့ တစ်ကိုယ်တော်ကျင့်ကြံသူလည်းဖြစ်နေပေသေးသည်။

  ထိုမြို့ထဲ၌ ဗဟိုချက်ဖြစ်တည်ခြင်းအဆင့်နှောင်းပိုင်းကျင့်ကြံသူတစ်ယောက်နှစ်ယောက်သာရှိသည်ကို သိပြီးနောက် လော့ကျန်းချင်သည် သူ၏စိတ်ဝိညာဉ်အာရုံကိုပြန်ရုတ်သိမ်းလိုက်ပြီး လှေကားထောင့်တွင်ရပ်ကာ ပထမထပ်ရှိပဋိပက္ခဖြစ်ရာနေရာအားစောင့်ကြည့်နေသည်။

  စွဲမက်ဖွယ်ကောင်း၍အရပ်ရှည်ရှည်ဖြင့်မိန်းကလေးသည် အလယ်တွင်ရပ်နေကာ သူမ၏ရန်သူများအား မုန်းတီးသောမျက်လုံးများဖြင့်စောင့်ကြည့်နေသည်။သူမသည် မိစ္ဆာသားရဲ၏အမွှေးဖြင့်ပြုလုပ်ထားသည့်ရိုးရှင်းသော၀တ်စုံအား၀တ်ဆင်ထားပြီး လက်နှစ်ဖက်တွင် ဗြက်ကျယ်သည့်တစ်ဖက်သွားဓားအားကိုင်ဆောင်ထားသည်။ပုလဲလေးလိုဖြူဖွေးသောအသားအ‌ရေရှိသည့်မုထျန်းရှင်းနှင့်မတူစွာ မုရော့ရုန်၏ ပျားရည်ရောင်အသားအရေနှင့်ကောက်ကြောင်းမှာ ယောက်ျားတိုင်း၏ကိုယ်ထဲရှိ တဏှာရာဂအား ‌လောင်စာထည့်ပေးနိုင်သော ပုံပန်းသွင်ပြင်ရှိ၏။

  လော့ကျန်းချင်သည် သူရပ်နေသောနေရာမှ ပထမထပ်ရှိယောက်ျားတိုင်း၏တံတွေးမြိုချသံများအား ရှင်းရှင်းလင်းလင်းကြားနေရသည်။
  နေရာကောင်းကောင်းမှရပ်ကြည့်နေသောလီရှို့ချန်းသည် မုရော့ရုန်၏ပေါင်တံများနှင့်ရင်သားအား တဏှာကြီးစွာဖြင့်စိုက်ကြည့်နေလေသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now