Chapter 39.5

971 144 9
                                    

လော့ကျန်းချင်သည် ကလေးတစ်ယောက်မဟုတ်တော့ရာ သူ့ရှစ်စွင်း၏နွေးထွေးသောရင်ခွင်နှင့် အံဝင်ခွင်ကျမဖြစ်တော့..။ သို့သော်ငြား သူ့လက်မှာ ရွှမ်လင်းကျီ၏ခါး၌ တဖြည်းဖြည်းတွားတက်ကာ သူ့ကိုယ်သူ ရှစ်စွင်းနှင့်နီးကပ်အောင် ဖြည်းညင်းစွာတိုးကပ်လိုက်သည်။ ခဏအကြာတွင်တော့ ရွှမ်လင်းကျီသည် မျက်မှောင်ကြုပ်ကာ သက်ပြင်းချလိုက်သည်။

သူ့လက်အားလော့ကျန်းချင်၏နောက်ကျောတွင်ထား၍ သူတို့ကြားရှိအကွာအဝေးအားလျှော့ချပစ်လိုက်သည်။

ရွှမ်လင်းကျီ သူ့အားတစ်ယောက်တည်းအိပ်ရန် အမိန့်ပေးခဲ့သောနေ့မှစ၍ လွန်ခဲ့သည့်သုံးဆယ့်တစ်နှစ်အတွင်း လော့ကျန်းချင်အတွက် အငြိမ်းချမ်းဆုံးညတစ်ညဖြစ်လေသည်။ လောကရှိ တစ်ခုတည်းသောသူ၏အနွေးဆုံးနှင့်အလုံခြုံဆုံး နားခိုရာသို့ပြန်ရောက်လာခဲ့သလိုမျိုး လော့ကျန်းချင်သည် ရွှမ်လင်းကျီ၏ရင်ခွင်အတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ သူ့ဘေးပတ်လည်တွင်တော့ ကြာပန်းရနံ့ဖျော့ဖျော့မှာ သူ့အားလွှမ်းခြုံထား၏။ သူ့လက်ချောင်းထိပ်မှ သယ်ဆောင်လာသည့် နွေးထွေးမှုမှာ သူ့စိတ်အား အေးချမ်းစေသည်။

ညသန်းခေါင်တွင် မမျှော်လင့်ဘဲ ရွှမ်လင်းကျီပင်အိပ်ပျော်သွားပြီး ထိုသို့အိပ်ပျော်သွားခဲ့သည်မှာ လွန်ခဲ့သည့်နှစ်နှစ်ဆယ်က နောက်ဆုံးအကြိမ်ဖြစ်သည်။

လရောင်မှာ အခန်းအတွင်းဖြာကျနေ၏။ ကုန်လွန်ခဲ့သည့်နှစ်ပေါင်းများစွာသို့ ပြန်ရောက်သွားသည့်အလား..။ ဆရာသခင်ရယ်၊ တပည့်ရယ်၊ ဝါးအိမ်လေးရယ်..။ ဘယ်အရာမှအမှန်တကယ်ပြောင်းလဲသွားခဲ့ခြင်းမရှိပါချေ။

ထိုညမှစ၍ လော့ကျန်းချင်သည် သူ့အိမ်အားစွန့်ပယ်ထားလိုက်ပြီး သူ့ရှစ်စွင်း၏အိမ်တွင် ကြာကြာနေရရေးအတွက် ဖြစ်နိုင်သမျှဆင်ခြေပေါင်းစုံနှင့်ရောက်လာတတ်၏။ အစတွင် ရွှမ်လင်းကျီမှာ သူ့အားဆူပူလေ့ရှိသော်ငြား သူ့တပည့်၏ လိုသည်ထက်ပိုဟန်လုပ်ထားသော စိတ်ပျက်ဝမ်းနည်းသည့်မျက်နှာအားကြည့်ပြီးနောက်တွင် သူ့အိမ်တွင်နေခွင့်ပြုရုံသာရှိတော့လေသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now