Chapter 32.3

1K 154 6
                                    

အခွင့်အလမ်းနည်းသောအမျိုးသမီးကျင့်ကြံသူတစ်ယောက်အနေဖြင့် မုရော့ရုန်သည်သူမအား ကူညီထောက်ကန်ပေးမည့်သူများအား ရှာဖွေရန်လိုအပ်ပေသည်။ထို့ကြောင့် အစောပိုင်းကျင့်ကြံဆင့်ကာလတွင်ရှိစဉ်ကပင် အမျိုးသမီးတစ်ယောက်အနေနှင့် သူမ၏ ခန္ဓာကိုယ်နှင့်ပတ်သက်သောအားသာချက်အား ရှာတွေ့ခဲ့လေသည်။သူမသည် ရှင်သန်နိုင်ရန်အတွက် အခွင့်အလမ်းပိုများများရစေရန် ယောက်ျားများအားသူမနှင့်အတူ အဖွဲ့တစ်ခုအဖြစ်ပူးပေါင်းစေဖို့ လှည့်စားရန်အတွက် သူမသည် ရာဂပြင်းထန်ပုံဟန်ဆောင်ကာ  ရည်ရွယ်ချက်ရှိရှိ လျပ်ပေါ်လီအ၀တ်အစားများအား ၀တ်ဆင်ခဲ့သည်။

  မုရော့ရုန်သည် သူမကိုယ်ပေါ်တက်ရန်မှလွဲ ဘာမှမတွေးတတ်ကြသော ထိုဦးနှောက်မဲ့သူအားလုံးကိုစက်ဆုပ်ရွံရှာလေသည်။သူမသည် အပျိုလေးတစ်ယောက်ဖြစ်နေဆဲစေကာမူ မုရော့ရုန်သည် သူမ၏၀တ်ဆင်မှုမှာ သင့်လျော်မှုမရှိသည်အားသဘောမပေါက်ပါချေ။

   အပြင်ပန်းသွင်ပြင်မှာ လက်နက်တစ်မျိုးဖြစ်ကာ လော့ကျန်းချင်သည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်အနေဖြင့်ရှင်သန်ရသည်မှာ မည်မျှခက်ခဲကြောင်းသိရှိပေ၏။

  လီရှို့ချန်းသည် ထိုက်ဟွားတောင်မှတပည့်တစ်ဦးမဟုတ်ပါက မုရော့ရုန်သည် သူမအားထိတွေ့ရန်ကြိုးစားချိန်ကပင် သတ်ပစ်လိုက်ပြီးဖြစ်ပေလိမ့်မည်။သို့ပေသိ သူမသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်သာဖြစ်ရာ သူမတွင်ကျောထောက်နောက်ခံလည်းမရှိပေ။ သူမတွင်သည်းခံရုံမှတစ်ပါး အခြားမရှိပေ။

  သို့သော် ထိုသို့သည်းခံမှုသည် သူမအားမလေးမစားဆက်ဆံလာစေမှုများအတွက် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်၏။

  လော့ကျန်းချင်သည် သူကြား၀င်နှောင့်ယှက်လိုက်မှုအား အများကြီးတွေး‌ဆမနေခဲ့ပေ။သူ့တွင် မုရော့ရုန်အား နားလည်ပေးနိုင်ပြီး သူမသည်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟုမထင်သော်လည်း သူမနှင့်ပတ်သက်၍ အမြင်ကောင်းရှိသည်ဟုပြောရန်အတွက်တော့ ခက်ခဲပေသည်။ လော့ကျန်းချင်သည် လီရှို့ချန်းအား ဒီနေ့ မုရော့ရုန်၏ ယုံကြည်မှုအားမရလိုက်စေရန် လုပ်ဆောင်ခဲ့သည်အား အတော်လေးစိတ်ကျေနပ်နေခဲ့သည်။၎င်းမှာ အခိုက်အတန့်တစ်ခုမျှသာဖြစ်သော်လည်း သူ့အား အိပ်မက်လှလှလေးမက်စေဖို့ အာမခံနိုင်ဖို့လုံလောက်သည့် အားတက်ဖွယ်ရာအဖြစ်အပျက်တစ်ခုဖြစ်နေဆဲပင်။နောက်တစ်နေ့မနက်တွင် စောစောစီးစီးအိပ်ရာထကာ လီရှို့ချန်းအနောက်နောက်ယောင်ခံလိုက်လေတော့သည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now