Chapter 27.3

905 172 11
                                    

လက်ချောင်းထိပ်လေးများဖြင့်ညင်သာစွာထိတွေ့လျက် လော့ကျန်းချင်သည်ခေါင်းငုံ့ကာရွှမ်လင်းကျီ၏နှုတ်ခမ်းအားနမ်းလိုက်လေသည်။အားလုံးမှာ ပုံရိပ်ယောင်များသာဖြစ်သော်လည်း လော့ကျန်းချင်သည် အစစ်မှန်သကဲ့သို့ခံစားရချေ၏။နှုတ်ခမ်းဖျားများမှအထိအတွေ့မှာနူးညံ့‌အိထွေးကာ ရွှမ်လင်းကျီ၏နင့်နဲသောခံစားချက်များပါ၀င်နေသလိုပင်။ယွီရှောင်းတောင်ထွဋ်တွင် ခံစားချက်ရေးရာအမှုကိစ္စများအားကန့်သတ်ထားသည်ဆိုပါသော်ငြား ရွှမ်လင်းကျီပြောခဲ့သလိုပင် လေးစားထိုက်သောအမတများသည် လောကီအနှောင်အဖွဲ့များအားမဖြတ်တောက်ကြပေ။

  ပုံရိပ်ယောင်အားလုံးသည် မကြာခင်တွင်အကုန်လွှင့်ပြယ်သွားကြသည်။

  များပြားလှသောစွမ်းအားများသည် လော့ကျန်းချင်၏ကိုယ်အတွင်းမှ ရုတ်တရက်ထွက်ပေါ်လာသည်။စွမ်းအားများသည် ကြာပွတ်အသွင်ပြောင်းလဲသွားပြီး ပတ်ပတ်လည်တွင်စွမ်းအားများထုတ်လွှတ်ထားချေ၏။‌ လော့ကျန်းချင်သည် ကြာပွတ်အားဝေ့ယမ်းလျက် လေထုတစ်ခုလုံးအားမွေ့ယမ်းပစ်လိုက်လေသည်။အထက်အာကာမှ ထစ်ချုန်းမြည်သံပေါ်ထွက်လာသည်။တိမ်တိုက်များကြား၌ မိုးကြိုးများဖြစ်တည်နေသော်လည်း မြေပြင်ပေါ်ကိုတော့သက်ဆင်းလာခြင်းမရှိပေ။

  "ပရမ်းပတာအခြေအနေတွေမှာ ငါတို့ကမွေးဖွားလာကြပြီး အကောင်းအဆိုးအမှားအမှန်တွေကိုပါသယ်ယူလာကြတယ် ဒါပေမဲ့ မှန်တယ်မှားတယ်လို့ပြောဖို့ ဘယ်သူ့မှာအခွင့်ရှိလို့လဲ"

  "နှလုံးသားမဲ့တာက မသေမျိုးဖြစ်စေပြီးတော့ လျစ်လျူရှုတာက ကျင့်ကြံခြင်းရဲ့အခြေခံလို့ပြောကြတယ်"

  "ဆိုတော့ မသေမျိုးဆိုတာဘာလဲ..ကျင့်ကြံခြင်းဆိုတာကရောဘာလဲ"

  "ငါ့ကံကြမ္မာကို ငါကိုယ်တိုင်စီမံမယ်..ဘုရားသခင်မှာအခွင့်မရှိဘူး။ငါ့မိဘနဲ့ငါ့ကြားကဆက်နွယ်မှုကိုမဖြတ်တောက်သလို ငါ့ရှစ်စွင်းနဲ့ငါ့ကြားကဆက်နွယ်မှုကိုလည်း ဖြတ်တောက်ပစ်မှာမဟုတ်ဘူး!"

  "န၀မကောင်းကင်ဘုံလမ်းစဉ်!တတိယမြောက်သိမ်းယူခြင်း- အမှန်နဲ့အမှားအားသိမ်းပိုက်ခြင်း"

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now