Chapter 6

1.4K 262 5
                                    

Unicode Ver

   သူသည် ပတ်ပတ်လည်ရှိချီများကိုစုပ်ယူ၍ သူ့ခန္ဓာရှိ သွေးကြောများ၊ကြွက်သားများနှင့် အရိုးများတစ်လျှောက်ဖြတ်သန်း၍ အသေးငယ်ဆုံးသောစကြ၀ဠာချီပတ်လမ်းတစ်ခုဖြစ်ပေါ်စေသည်။သူသည် ထိုနည်းလမ်းဖြင့် ရှစ်ဆယ့်တစ်ကြိမ် ကျင့်ကြံခဲ့၏။ထိုသည်မှာ ကျင့်ကြံရေးသမားများ၏ ပုံမှန်ကျင့်စဉ်ပင်ဖြစ်သည်။

   သူသည် ပြန်လည်ရှင်သန်လာပြီးနောက် ထိုက်ဟွားတောင်သို့အပြန်လမ်းတွင် ပတ်၀န်းကျင်ရှိချီများအား ယခင်ကဲ့သို့ မရှူသွင်းနိုင်တော့သည်ကိုတွေ့ရှိခဲ့သည်။အကယ်၍ ပတ်၀န်းကျင်ရှိလောကချီများအား စွမ်းအားမြင့်ကာသန့်စင်သော ကလေးအဖြစ်နှိုင်းယှဉ်မည်ဆိုပါက ၎င်းသည် အရင်တုန်းကစွမ်းအားမြင့်သောကျင့်ကြံရေးအဆင့်ရှိသည့် လော့ကျန်းချင်နှင့်အတူ ကစားခဲ့သည်ဆိုသော်ငြား ယခုတွင်တော့ သူ့အား ပလိပ်ရောဂါကဲ့သို့ရှောင်ခွာသွားခဲ့သလိုပင်။

   လော့ကျန်းချင်သည် သူ့ကျင့်ကြံရေးနည်းလမ်းများဖြင့် ဘယ်လိုပင်ကျင့်ကြံသော်လည်း သူ့ခန္ဓာကိုယ်၏ သုံးကျန်းအတွင်း ချီတစ်စက်တောင်ရှိမနေပေ။ (တစ်ကျန်း-၃.၂မီတာ)

   လော့ကျန်းချင် ကျင့်ကြံသည့်နည်းစနစ်မှာ ယွီရှောင်းတောင်၏အတုမရှိပြိုင်ဘက်ကင်းသော ပွင့်လွှာကိုးချပ်ပဒုမ္မာကြာပန်းကျင့်စဉ်ဖြစ်၍ အမြဲတစေလျှို့ဝှက်ထားသောကျင့်စဉ်ဖြစ်သည်။၎င်းကျင့်စဉ်မှာ ထိုက်ဟွားတောင်မှ ကာကွယ်ထားသောအထူးလျှို့ဝှက်ချက်ဖြစ်၏။ပြောကြသည်မှာ လွန်လေပြီးသောနှစ်ပေါင်းများစွာတုန်းက အကြီးအကဲများသည် ထိုကျင့်စဉ်ကိုမလွဲမသွေကျင့်ကြံခဲ့ကြပြီး ၎င်းအပေါ်မှီခို၍ ကောင်းကင်ဘုံသို့ မသေမျိုးများအဖြစ်တက်လှမ်းနိုင်ခဲ့ကြသည်ဟူ၍ပင်။

    ပွင့်လွှာကိုးချပ်ပဒုမ္မာကြာပန်းကျင့်စဉ်နှင့်ပတ်သက်၍ လုံး၀မှားယွင်းနေခြင်းမရှိ‌‌ပေမဲ့ ဝိညာဉ်စွမ်းအားအရှိန်အဝါသည် သူ့နှင့်နီးကပ်လာရန်ဆန္ဒရှိပုံမရပေ။

   အချိန်အတော်ကြာပြီးနောက်တွင် လော့ကျန်းချင်သည် ဆုတောင်းဖျာပေါ်တွင်ထိုင်ကာ ထိုအခြင်းအရာအားစဉ်းစားနေခဲ့၏။သို့သော် နောက်ဆုံးတွင်တော့ သူသည်အဖြေအားမတွေးတောနိုင်ခဲ့ပေ။သူသည် ပြန်လည်မွေးဖွားလာပြီးနောက်တွင် ဗဟိုချက်ဖြစ်တည်ခြင်းအဆင့်၏ အလယ်အလတ်အဆင့်တွင် အသားကျထားပြီးဖြစ်သော်လည်း ယခုတွင်တော့ အလယ်အလတ်အဆင့်၏ အစပိုင်းသို့ အဆင့်ကျဆင်းသွား၏။အကယ်၍သူသည် ထိုကဲ့သို့ထပ်၍ အဆင့်ကျသွားမည်ဆိုလျှင် အစောပိုင်းဗဟိုချက်ဖြစ်တည်ခြင်းအဆင့်သို့ တစ်နှစ်အတွင်းကျဆင်းသွားမည်ကို စိုးရိမ်မိသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now