Chapter 35.2

797 156 10
                                    

  ခေါင်းအစခြေအဆုံး ရဲရဲနီအောင်‌၀တ်ဆင်ထားသော မော့ချိုးမှာ မီးပုံဘေးထိုင်လျက် အသားကင်နေသည်။ အသားမှစိမ့်ထွက်နေသောဆီများမှာ တလက်လက်ဖြစ်နေကာ အရည်ရွှမ်းသောအသားမှ‌နေတစက်စက်ကျနေသည်။ အပေါ်ယံအလွှာမှာ အနည်းငယ်အကျက်လွန်နေသော်လည်း အစာစားရန်မလိုသည့်ကျင့်စဉ်ကို နှစ်ပေါင်းများစွာကျင့်ကြံထားသော လော့ကျန်းချင်တောင်မှ ထိုအသား၏ စားချင့်စဖွယ်မွှေးပျံ့သောအနံ့ဆီမှ ဆွဲဆောင်ခံလိုက်ရပြီး မနေနိုင်ဘဲ ခံတွင်းထဲမှတံတွေးမြိုချလိုက်မိသည်။

  မော့ချိုးသည် သူ့အား တိတ်တခိုးကြည့်လိုက်သည်။

   "နိုးပြီလား "

  လော့ကျန်းချင်သည် သူ့တွင်ရှိသမျှခွန်အားအကုန်စုစည်း၍ ထထိုင်လိုက်ပြီး အကြောက်အလန့်မရှိပြောလိုက်သည်။

  " တစ်ချက်ကြည့်ရုံနဲ့တင်သိနေတဲ့ဟာကို "

  မော့ချိုးသည် သူ့မျက်လုံးအားပြူးကျယ်၍ "ဟေး! လော့ကျန်းချင် ငါမင်းကိုကယ်ခဲ့တာနော်.. ဒါက မင်းရဲ့ကယ်တင်ရှင်အပေါ် သဘောထားပေါ့လေ "

  လော့ကျန်းချင်မှာ စိတ်ဆိုးမသွားဘဲ ပြုံးလိုက်ပြီး သူ့ခေါင်းအား တရိုတသေဖြင့်ငုံ့လိုက်ကာ "ကျေးဇူးတင်ပါတယ် မော့ချိုး"

  လော့ကျန်းချင်၏ လျင်မြန်စွာပြောင်းလဲသွားသောသဘောထားကြောင့် မော့ချိုးမှာ ကြက်သေသေသွားပြီး ရုတ်တရက်ကြီး ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိတော့ပေ။ သူတို့သည် အချိန်ခဏလောက်တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြသည်။ နောက်ဆုံးတွက် မော့ချိုးမှာ သူ့၀တ်ရုံလက်အားလွှဲယမ်းလိုက်ကာ သူ့မျက်လုံးများအား မသိမသာလွှဲလျက် " မင်း..မင်းရဲ့မျက်နှာကို အခုချက်ချင်းသွားသစ်လိုက်တာပိုကောင်းမယ်.. ငါထပ်သည်းမခံနိုင်တော့ဘူး "

  လော့ကျန်းချင် : "..........."

  လော့ကျန်းချင်သည် အညစ်အကြေးများနှင့်ရွှံ့များအားလုံး သန့်စင်ပြီးနောက် ဂူရှိရာသို့ပြန်လာခဲ့သည်။ လော့ကျန်းချင်သည် သူတို့ဘယ်နေရာတွင်ရောက်နေမှန်းမသိရှိချေ။ မော့ချိုးတစ်ယောက် ရတနာများတောင်လိုပုံနေသော ဤကဲ့သို့ဂူတစ်ခုအားမည်သို့မည်ပုံတွေ့ရှိသွားသည်ကို အံ့ဩနဘန်းဖြစ်နေရသည်။သူတို့မှာ ရတနာပုံကြီးရှေ့တွင်ထိုင်လျက် ညစာစားနေကြခြင်းဖြစ်သည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now