Chapter 37.5

852 168 8
                                    

  လီရှို့ချန်းသည် ပြန်ဖြေသည်။ " ရှစ်စွင်းက ငါမင်းကို အနိုင်မယူနိုင်မှာကို စိုးရိမ်လို့ ဒီဓားကို ငါ့ဆီပေးလိုက်တာ"

  ထိုဝါကျလေးတစ်ကြောင်းတည်းဖြင့် လော့ကျန်းချင်မှာ ရေခဲဂူအတွင်း ပစ်ချခံလိုက်ရသလိုခံစားရကာ အေးခဲတောင့်တင်းသွားရသည်။သူ့နှလုံးသားမှာတဖြည်းဖြည်းနှင့် အေးခဲလာသည်။ ရှူသွင်းလိုက်သော အသက်တစ်ရှိုက်တိုင်းသည် သူ့ကိုယ်ထဲရှိအကြောပေါင်းများစွာအား အေးခဲမှုများသယ်ဆောင်လာ၏။ သွေးများမှာ သူ့မြင်ကွင်းအားဖုံးလွှမ်းသွားသည်။အဆုံးမဲ့စိတ်ပျက်အားငယ်မှုများမှာ သူ့ကိုယ်အတွင်း ကြီးထွားလာသည်။ ကြီးမားသောအမှောင်ထုကြီးနှင့် နောက်ဆုံးအလင်းတန်းမျှင်ကလေးမှလွဲ သူ့ဆီ ဘာမှမကျန်ရှိတော့ပေ။

  သူသည် အက်ကွဲစွာ ဆိုလာသော်ငြား သူ့အသံမှာတော့ မာကျောနေဆဲ။ " ငါ့ကိုသတ်ဖို့..... မင်းကို တောင်းဆိုခဲ့တာလား ! "

  လီရှို့ချန်းသည် ခဏလောက်တွေးခဲ့ပြီးမှ ပြောလာသည်။ " ရှစ်စွင်းကပြောတယ်.. ဒီဓားကိုမြင်တာက သူ့ကို ကိုယ်တိုင်ကိုယ်ကျတွေ့ရသလိုပဲတဲ့၊ မင်းကိုယ်မင်းအဆုံးစီရင်ပြီးရင် မင်းရဲ့အလောင်းကို ရှစ်စွင်းဆီ ပြန်ယူသွားမယ်.. မင်းအရှုံးပေးလိုက်ပြီဆိုတာရယ် ပြီးရင် ငါတို့ယွီရှောင်းတောင်ထွဋ်ကို ဘယ်တော့မှထပ်ပြီး မျက်နှာပျက်‌စေတော့မှာမဟုတ်ဘူးဆိုတာ သူ့ကိုသိစေမယ်!"

  "လီရှို့ချန်း! "

   နောက်ဆုံးသောအလင်းတန်းလေးမှာ လီရှို့ချန်း၏စကားများနှင့်အတူ ပျောက်ကွယ်သွားပြီဖြစ်သည်။ လော့ကျန်းချင်မှာ ကြီးစွာ၀မ်းနည်းမှုတို့ဖြင့် ပြိုလဲသွားရသည်။လော့ကျန်းချင်ထံမှ နာနာကျင်ကျင်ညည်းညူသံထွက်လာသည်။ နှစ်ပိုင်းကျိုးနေသော ကျွေးယင်ဓားအား ဆွဲထုတ်ကာ ‌လီရှို့ချန်းထံသို့ ပြေး၀င်သွားလေသည်။ သူ့ခန္ဓာကိုယ်မှာ ပြိုလဲကျလုနီးပါးဖြစ်နေ‌သော်လည်း လော့ကျန်းချင်မှာ လုံး၀ဂရုမစိုက်ပါချေ။ အကြောင်းမှာ သူ့နှလုံးသားထံမှ ဒဏ်ရာလောက် ဘယ်အရာမှ ပို၍မနာကျင်နိုင်သောကြောင့်ပင်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now