Chapter 23.2

920 153 8
                                    

  သဘာ၀စည်းမျဉ်းများသည် မမျှတမှုတို့ကြီးစိုးလျက်ရှိသည်။မေဖလိုင်း‌ပိုး‌ကောင်များသည် တစ်ရက်တာသာရှင်သန်နိုင်ကြချိန်တွင် နဂါးများနှင့် မိစ္ဆာသားရဲတို့သည် မွေးလာကတည်းက အဆင့်ရှစ်နှင့်ညီမျှသောကျင့်ကြံဆင့်နှင့်အတူ မွေးဖွားလာကြသည်။လောကရှိသက်ရှိဖန်တီးမှုအားလုံးသည် မျှမျှတတရှိသင့်ကာ မည်သည့်အရာကမျှ တစ်ဦးထက်တစ်ဦး ပိုမိုရှည်ကြာသောရှင်သန်မှုမရှိသင့်ပေ။လူသားများနှင့် မတူကွဲပြားသောမျိုးစိတ်များကြားတွင် ကြီးမြတ်မှုနှင့် နိမ့်ကျမှု ခြားနားချက်မရှိဘဲ ရေမြောင်းအတွင်းရှင်သန်နေ‌သည့် အသေးငယ်ဆုံးပိုးမွှား၏ အသက်ပင်လျှင် အသက်သာဖြစ်သည်။

  ထိုသည်မှာ ကောင်းကင်ဘုံ၏စစ်မှန်သောတာအိုဖြစ်သည်။ သက်ရှိဖြစ်တည်မှုအားလုံးသည် တန်းတူညီမျှဖြစ်၏။

  'သက်ရှိဖြစ်တည်မှုများအား သိမ်းယူခြင်း' ၏ တကယ့်အဓိပ္ပါယ်မှာ သက်ရှိအားလုံး၏မမျှတသောစည်းမျဉ်းများအားသိမ်းပိုက်ခြင်းဖြစ်သည်။

  လော့ကျန်းချင်သည် ကျောက်တုံးဖြင့်ပြုလုပ်ထားသောကုတင်ပေါ်တွင်ထိုင်လျက် လက်ဟန်တစ်ခုအား အဆက်မပြတ်ပြုလုပ်နေခဲ့သည်။သိပ်မကြာလိုက် မမြင်သာသောစွမ်းအားတစ်ခု ဖြည်းညင်းစွာထွက်ပေါ်လာပြီး ထိုစွမ်းအားသည် လှေငယ်အတွင်းရှိ လေထုထဲတွင် ညင်သာစွာကခုန်နေသော (ဖဲကြိုးကဲ့သို့)စွမ်းအင်အမျှင်အတန်းလေးအဖြစ်ပြောင်းလဲသွားသည်။ယင်းတွင်အထူးဝိညာဉ်စွမ်းအား အာရုံခံမှုရှိသလိုမျိုး လော့ကျန်းချင်၏ဘေးနားတွင် ဆိုးသွမ်းစွာ လှည့်ပတ်ဆော့ကစားနေလေသည်။

  သို့သော်မကြာခင်တွင် သူတို့သည် လော့ကျန်းချင်၏နှုတ်မှ ထွက်လာသောအသံအား အာရုံခံမိသည်နှင့် တဖြည်းဖြည်းငြိမ်သက်သွားဝောာ့သည်။

  လော့ကျန်းချင်၏နဖူးမှအပြာရောင်အလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာပြီး ပွင့်ဖတ်သုံးခုဖြင့်ကြာပန်းသည် တောက်ပသောအလင်းတန်းများထွက်ပေါ်လာသည်။ 

  စစ်မှန်သောပွင့်လွှာကိုးခုကြာပန်းကျင့်စဉ်အား ကျင့်ကြံသော ကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံဆင့်မြင့်လာသည်နှင့် နဖူးပေါ်၌ ကြာပန်းအမှတ်အသား ထွက်ပေါ်လာမည်ဖြစ်သည်။လော့ကျန်းချင်သည် ပွင့်လွှာကိုးခုကြာပန်းကျင့်စဉ်အား ကျင့်ကြံရာမှရပ်လိုက်ပြီးနောက် န၀မကောင်းကင်ဘုံကျင့်စဉ်အားပြောင်းလဲကျင့်ကြံပြီးနောက် သူ့နဖူးပေါ်ရှိ ထိုကြာပန်းအမှတ်အသားသည် သူ့အတွက် အနှောင့်အယှက်ဖြစ်လာခဲ့သည်။သို့သော် မမျှော်လင့်ထားစွာပင် န၀မကောင်းကင်ဘုံကျင့်စဉ်အားပြောင်းလဲကျင့်ကြံလိုက်တောင်မှ သူ့နဖူးပေါ်ရှိ ပွင့်ချပ်သုံးခုဆိုင်နေသောကြာပန်းသည် ယခုထိတည်ရှိနေဆဲဖြစ်သည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now