Chapter 13

1.3K 237 7
                                    

   ကျောက်တုံးအခန်းအတွင်း၌ မြည်ဟည်းသံများ ပဲ့တင်ထပ်သွား၏။

  လီရှို့ချန်း၏ ခန္ဓာကိုယ်သည် ကျောက်သားနံရံအား၀င်ဆောင့်၍ ကျောက်စကျောက်နများ လွင့်စင်ထွက်လာသည်။အကျိုးအပဲ့များကြောင့် လီရှို့ချန်းမှာ နာကျင်သွား၏။ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံရှိအရိုးများမှာ စိစိညက်ညက်ကြေအောင်အထောင်းခံလိုက်ရသလိုဖြစ်သွားပြီး အနည်းဆုံး နံရိုးလေးချောင်းလောက် ကျိုးသွားလေသည်။အကယ်၍ သူသာ သာမန်လူဖြစ်မည်ဆိုပါက အခုအချိန်တွင် သေသွားလောက်ပြီဖြစ်သည်။

  ထိုမျှမက အားကောင်းသည့်အရှိန်အဝါသည် သူ့ခြေထောက်များအား မြေကြီးပေါ်တွင် ကျောက်ချထားသလို ဖိနှိပ်ထားသောကြောင့် ရွှေ့လျားနိုင်ရန်မဖြစ်နိုင်ပေ။

  ထိုအချိန်တွင် ရမ္မက်အာသီသများသည် သူ့ရင်ဘတ်အတွင်း၌ ဟိန်းဟောက်နေကြသော်လည်း သူသည် ထပ်ပြီးဂရုမစိုက်နိုင်တော့ချေ။သူ့ခေါင်းအားမော့ရန် ရုန်းကန်လိုက်ရပြီး ထို့နောက်တွင်တော့ရောက်ရှိလာသူအား ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

  ထိုပုဂ္ဂိုလ် ၏ ခန္ဓာကိုယ်သည် အဖြူရောင်၀တ်စုံကြား၌ ခန့်ညားတင့်တယ်နေ၏။အနက်ရောင်ဆံပင်များသည် နက်မှောက်နေကာ သူ့တစ်ကိုယ်လုံးတွင် ရွှေရောင်ဖျော့ဖျော့သည် ထင်သာမြင်သာရှိစွာ လင်းလက်နေ၏။သူ့နဖူးအလယ်ရှိ ပွင့်လွှာရှစ်ခု ရွှေကြာပန်းသည် မရေမတွက်နိုင်သော အလင်းတန်းများထုတ်လွှတ်နေကာ တောက်ပလွန်းသဖြင့် ယင်းအားတိုက်ရိုက်ကြည့်ရန် မတတ်နိုင်ပေ။

  လီရှို့ချန်း၏ သွားများသည် တခိုက်ခိုက်တုန်နေ၏။သူသည် ရောက်လာသူမှာ မည်သူဖြစ်သည်ကို သိလိုက်ပြီးဖြစ်သော်လည်း ထိုပုဂ္ဂိုလ်၏ သည်နေရာ၌ပေါ်လာခြင်းအား မယုံကြည်နိုင်ဖြစ်နေသည်။

  လော့ကျန်းချင်သည်  မြေကြီးပေါ်ရှိ နောင်တရနေ ပုံဖြင့် လီရှို့ချန်းအား မည်သည့်အမူအယာမှ မပြဘဲ သူ၏ ဒေါသအား ထုတ်ဖော်ခဲ့ပြီးတောင်မှ အေးစက်စွာဖြင့် စေ့စေ့စပ်စပ်ကြည့်ရှုနေလေသည်။သူသည် လီရှို့ချန်းအား သက်မဲ့အရာတစ်ခုလိုကြည့်နေခဲ့ပြီး လီရှို့ချန်းသည် ထိုသူမှာ အနည်းငယ်မျှတွေဝေမနေဘဲ သူ့အား သတ်လိုက်နိုင်သောကြောင့် တုန်လှုပ်နေကာ ထိုနေရာမှာ ထွက်သွားရန်သာ ဆန္ဒရှိနေလေသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now