Chapter 39.1

890 153 18
                                    

  Chapter ( )
  တောင်ထွဋ်စုံညီပြိုင်ပွဲပြီးနောက် ကျောယွင်မော့နဲ့ ထိုက်ဟွားတောင်၏ကျန်အကြီးအကဲများမှာ အခြားဂိုဏ်းများနှင့်ကလန်များမှ ဧည့်သည်တို့အား ဧည့်ခံရန်အတွက် ခမ်းရွှမ်တောင်ထွဋ်တွက် ကျန်နေခဲ့ကြပြီး လော့ကျန်းချင်နှင့်မော့ချိုးတို့မှာ လင်းယွင်ခန်းမထဲသို့ ဝင်လာခဲ့ကြသည်။ မော့ချိုးမှာ စစချင်းတွင် လာရန်မနှစ်မြို့သော်လည်း လော့ကျန်းချင်သည် သူ့အား တိုးတိုးပြော၏။ "စိတ်လျှော့..ငါ့ရှစ်စွင်းတောင် သတိမထားမိခဲ့ဘူး၊ အကြီးအကဲဟောင်ရှင်းကျီက မင်းကို မေးမြန်းရုံလေးပဲဖြစ်မှာပါ "
  မော့ချိုးသည် အင်တင်တင်နှင့် လင်းယွင်ခန်းမအတွင်း ခြေချလိုက်သည်။
  ခန်းမအတွင်းတွင် ဟောင်ရှင်းကျီမှာ ထိုက်ဟွားတောင်အတွက် ဂုဏ်ကျက်သရေများဆောင်ကြဉ်းပေးလာသည့် လော့ကျန်းချင်အား ချီးကျူးစကားဆိုပြီး ဆုအဖြစ် မှော်ဝင်ရတနာအများအပြားကို ချီးမြင့်ခဲ့ပြီး ထိုအထဲတွင် ကမ္ဘာမြေအဆင့် ပျံသန်းရေးယာဉ်ပျံတစ်ခုပင် ပါလိုက်သေးသည်။ တစ်ယောက်ယောက်မှာ မျက်စိကန်းနေမှသာလျှင် ဟောင်ရှင်းကျီ၏ ပျော်ရွှင်မှုကို မမြင်နိုင်မှာဖြစ်သည်။ သို့သည့်တိုင်နောက်ဆုံးတွင် သူသည် လော့ကျန်းချင်အား တစ်ခုမေးလာသည်။ "ကျန်းချင်..ငါနားမလည်နိုင်သေးတဲ့ကိစ္စတစ်ခုရှိနေတယ် မင်း ယန်စုကိုစိန်ခေါ်ဖို့ ဘာလို့မရမကတောင်းဆိုခဲ့တာလဲ"
  ယန်စုအားအနိုင်ယူခြင်းမှာ တကယ်ကိုကောင်းသည့်အရာဖြစ်သည်။အနိုင်ရရှိသူ၏အမည်မှာ ရွှမ်ထျန်းတိုက်မကြီးတစ်ခုလုံးတွင် ချီးကျူးထောပနာအပြုခံရမည်ပင်။ သို့ပေသိ လော့ကျန်းချင်အနေနဲ့ ယန်စုအားစိန်မခေါ်ပါကလည်း မည်သူမှ သူ့အား အပြစ်တင်ခြင်းပြုလိမ့်မည်မဟုတ်သည်သာ။
  ထိုအမေးအားကြားသောအခါ လော့ကျန်းချင်သည် ယဉ်ကျေးစွာ ဦးညွှတ်၍ သူ့လက်နှစ်ဖက်အားအတူတကွ ထွေးဆုပ်ကာ အရိုအသေပြုလိုက်သည်။ "အကြီးအကဲခင်ဗျာ.. ဒါက ကျွန်တော့်ရှစ်စွင်းနဲ့ကတိပေးထားတဲ့အတွက်ကြောင့်ပါ"
  မော့ချိုးမှာ လော့ကျန်းချင်အား အံ့အားတကြီး ကြည့်နေချိန်တွင် အကြီးအကဲဟောင်ရှင်းကျီသည် သိချင်စွာဖြင့် "အို့?"ဟု ချက်ချင်းဆိုလာသည်။ဒါပေမဲ့လည်း လော့ကျန်းချင်မှာ ဘာမှမပြောလာရာ ဟောင်ရှင်းကျီသည် ဘာကိုမှထပ်မမေးလာတော့ချေ။ ထိုကတိမှာ ဘာအကြောင်းဖြစ်သည်ကို ဘယ်သူမှ မသိရှိကြပေ။ မော့ချိုးသည် သူ့ကိုယ်သူတိတ်တိတ်လေးတွေးမိလေသည်- နှမြောစရာပဲ ။
  ထို့နောက်တွင် အကြီးအကဲဟောင်ရှင်းကျီ၏မျက်လုံးများမှာ နောက်ဆုံးတော့ မော့ချိူးအပေါ်ကျရောက်လာပြီဖြစ်သည်။မျက်စိတစ်မှိတ်အတွင်းမှာပဲ လေးလံကြီးမားသော မဟာယနအဆင့်ဖိအားသည် မော့ချိုး၏ပုခုံးအား ဧရာမတောင်တန်းကြီးကဲ့သို့ အတင်းအကျပ်ဖိချလာသည်။ မော့ချိုးမှာ ထိုသို့မမျှော်လင့်ထားခဲ့ချေ။ သူသည် ညဉ်းသံပြုလိုက်ပြီး ဒယီးဒယိုင်ဖြစ်သွားကာ သူ့ခြေထောက်မှာ လက်မဝက်လောက်ညွှတ်ကျသွားသည်။
  ဖြစ်ပျက်နေသည်အားသဘောပေါက်သွားချိန်တွင် လော့ကျန်းချင်မှာ တုန်လှုပ်သွားပြီး "အကြီးအကဲခင်ဗျ,မင်း..."
   အကြီးအကဲဟောင်ရှင်းကျီသည် ဖိနှိပ်မှုအားပြန်လည်ရုတ်သိမ်းလိုက်ပြီး ရယ်မောလာသည်။ " တကယ်က မင်းမှာ တော်တော်တွေ့ရခဲတဲ့ စိတ်ဝိညာဉ်နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပဲ၊ ငါ့ဘဝတစ်လျှောက်လုံး မင်းရဲ့စိတ်စွမ်းအင်လိုပြင်းထန်ပြီး ယှဉ်နိုင်စွမ်းရှိတဲ့ စိတ်စွမ်းအင်ရှိတဲ့ကျင့်ကြံသူမျိုး နည်းနည်းပဲတွေ့ဖူးတယ်..ကောလဟာလတွေအရတော့ စိတ်ဝိညာဉ်နတ်ဘုရားခန္ဓာကိုယ်လို့ခေါ်တဲ့ လောကမှာပြိုင်ဘက်ကင်းတဲ့ ခန္ဓာကိုယ်တစ်ခုရှိတယ်.. ဒီလိုခန္ဓာကိုယ်မျိုးပိုင်ဆိုင်တဲ့လူတွေက ကျင့်ကြံဆင့်တူတဲ့ကျင့်ကြံသူမှန်သမျှ ယှဉ်နိုင်စွမ်းမရှိတဲ့ စွမ်းအားကြီးတဲ့စိတ်ဝိညာဉ်နှင့်အတူမွေးဖွားလာကြတယ်..ပင်ကိုအနေနဲ့ သူတို့မှာ ထက်ရှတဲ့စိတ်ဝိညာဉ်အာရုံတွေရှိတယ်၊ ဒီနေ့ မင်းက ယန်စုရဲ့ မိစ္ဆာချီကိုပထမဆုံး အာရုံခံနိုင်ခဲ့တဲ့သူပဲ.. မင်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားခန္ဓာကိုယ် က အကြောင်းပြချက်ဖြစ်လိမ့်မယ် "
  လော့ကျန်းချင်သည် မော့ချိုးအား ခေါင်းလှည့်ကာကြည့်လိုက်ပြီး ဟောင်ရှင်းကျီ၏စကားလုံးများကြောင့် ကြက်သေသေသွားရသည်။
  သူနှင့် ချင်ခွင်းသာလျှင် မော့ချိုးမှာ မိစ္ဆာကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟူသော အမှန်တရားကိုသိရှိခြင်းဖြစ်သည်။ ရွှမ်လင်းကျီတောင်မှ ထိုသည်အား သတိပြုမိခြင်းမရှိပေ။မတိုင်မီက လော့ကျန်းချင်မှာ မိစ္ဆာကျင့်ကြံသူတစ်ယောက်အနေဖြင့်မော့ချိုးသည် မိစ္ဆာချီအား ထက်ရှစွာအာရုံခံနိုင်မည်ဟု ရိုးရှင်းစွာတွေးထားခဲ့၏။ သို့သော် အကြီးအကဲဟောင်ရှင်းကျီ၏ သဘောထားကိုခန့်မှန်းပြီးနောင်တွင်တော့ ယင်းမှာ ထိုသို့မဟုတ်သည်ကို သိလိုက်ရသည်။ မော့ချိုးမှာ တကယ်ပဲ စိတ်ဝိညာဉ်နတ်ဘုရား ခန္ဓာကိုယ် ရှိနေတာများလား?
  ကြက်သွေးနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသော လှပကြော့ရှင်းသည် ကျင့်ကြံသူမှာ ခံစားချက်မဲ့စွာဆိုလာသည်။
   "သိတယ်"
  လော့ကျန်းချင် : " ............."
  တကယ်ကြီးလား? အရမ်းတည်ငြိမ်ပြီး အေးဆေးနေတာပဲ?
  အကြီးအကဲဟောင်ရှင်းကျီမျာ မော့ချိုး၏တုံ့ပြန်ပုံမှာ ထိုသို့ဖြစ်မည်ဟု မမျှော်လင့်ထားပေ။ သူသည် စိတ်ဝိညာဉ်နတ်ဘုရား ခန္ဓာကိုယ်ကဘာလဲဟု ပျာယာခတ်စွာမေးမြန်းလာခြင်းမရှိသလို စိတ်လှုပ်ရှားသွားသည့်ပုံမျိုးလည်း ပြမလာချေ။သို့သော်လည်း အကြီးအကဲဟောင်ရှင်းကျီသည် မော့ချိုးမှာ မြောက်ပိုင်းရှိအပျက်အစီးနယ်မြေသို့ မော့မျိုးနွယ်ထဲက မျိုးဆက်တစ်ယောက်ဖြစ်သည်ကိုတွေးမိသည်။ သူ့အတွက် ဘဝကအမှန်တကယ်ခက်ခဲကြမ်းတမ်းခဲ့ပေမည်။ ဟောင်ရှင်းကျီသည် ဆက်၍တွေးတောနေခဲ့သည်။ ထိုလူငယ်လေးသည် ခံစားချက်များကိုဖုန်းကွယ်ရာတွင် ဆရာတစ်ဆူဖြစ်နေလောက်ပြီဟူ၍....။
   ဟောင်ရှင်းကျီသည် မော့ချိုးမှာ မော့ကလန်၏ လူဖြစ်နေသည်မှာနှမြောစရာကောင်းသည်ဟုခံစားရသည်။ မော့ကလန်ဘက်က မော့ချိုးအား သူတို့အပိုင်လူဟု ထိန်းသိမ်းထားဖို့ဆန္ဒရှိနေသရွေ့ သူ့အနေဖြင့်မော့ချိုးအား ထိုက်ဟွားတောင်သို့ဝင်ရန် ဖိတ်ခေါ်ဖို့အတွက် သင့်တော်တဲ့ဆင်ခြေတစ်ခုအား ခဲယဉ်းစွာရှာဖွေရပေမည်။ ပြိုင်ပွဲစင်မြင့်ပေါ်တွင် မော့ချိုးလုပ်ခဲ့သည့်အရာမှာ အလွန်အမင်းအံ့ဖွယ်ကောင်းသည်ပင်။ မော့ကလန်သည် မော့ချိုူမှာ ဝိညာဉ်အခြေတည်အဆင့်နောက်ဆုံးတွင်ရှိမနေရင်တောင်မှ သူ့အားးလက်လွှတ်လိုက်မည်မဟုတ်ပေ။
  အကြီးအကဲဟောင်ရှင်းကျီသည် ယင်းအားချိန်ဆတွေးတောပြီးနောက်တွင် မော့ချိုးအား ကမ္ဘာမြေအဆင့် မှော်ဝင်ရတနာနှစ်ခုအား လက်ဆောင်အဖြစ်ပေးအပ်ကာ သူ၏ကူညီမှုအား ကျေးဇူးတင်၍ ကောင်းသောကံကြမ္မာ**တစ်ခုအဖြစ်တည်ဆောက်ခဲ့လေသည်။ (T/N -နှစ်ဦးနှစ်ဖက်ကြား ဆက်ဆံရေးကောင်းအောင် ဖန်တိီးလိုက်တာမျိုးပါ )
   ကျင့်ကြံသူလူငယ်လေးနှစ်ယောက်မှာ လင်းယွင်ခန်းမကနေ ထွက်ခွါလာကြသည်။ သို့သော် သူတို့ ရင်ပြင်ကနေမထွက်သွားရသေးခင်မှာပင် ဘရိုကိတ်ဝတ်စုံဝတ်ဆင်ထားသော ကျင့်ကြံသူလေးငါးယောက်လောက်မှာ သူတို့နှစ်ယောက်အား ဝန်းရံလာလေသည်။ ထိုအမည်မသိသောလူစု၏ခေါင်းဆောင်ဖြစ်သူမှာ ဆံပင်ဖြူများနှင့်အကြီးအကဲတစ်ဦးဖြစ်သည်။ သူသည်မော့ချိုးအား အချိန်အတော်ကြာ စူးရှစွာစိုက်ကြည့်နေပြီးနောက်, နောက်ဆုံးတော့စကားပြောလာသည်။ "ငါက မော့ကလန်ရဲ့ ခုနစ်ယောက်မြောက်အကြီးအကဲပဲ..ငါ့အထင်တော့ ငါက မင်းရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အဖိုးလေးပဲ"
   ထိုသည်မှာ မော့ချိုးတစ်ယောက် ထောင်ချောက်ထဲ ဘယ်လိုပိတ်မိသွားသလဲဆိုသည်ပင်...။
  စစချင်းတွင် မော့ကလန်သည် မော့ချိုးအား အာရုံသိပ်မစိုက်ချင်ခဲ့ပေ..။ အဆင့်နိမ့်စိတ်ဝိညာဉ်တည်ဆောက်ပုံနှင့်မည်သူတစ်ဦးကမှ ပင်မမျိုးနွယ်ဆီ ပြန်မလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့ပေသိ ယခုတွင် အားလုံးကွာခြားသွားလေပြီ။ ကပ်ဘေးဒုက္ခကျော်လွန်ခြင်းအဆင့်ထက်မြင့်သောကျင့်ကြံသူတစ်ယောက်နှင့် ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်ကျင့်ကြံသူသုံးယောက်မှာ မော့ချိုးအား ဝိုင်းထားလိုက်ကြသည်။ လော့ကျန်းချင်မှာ တခစ်ခစ်ရယ်လိုက်ပြီး ပြဿနာကြားရောက်နေသော မော့ချိုးအား စကားတစ်ခွန်းနှင့်ချန်ခဲ့ကာ ယွီရှောင်းတောင်ထွဋ်သို့ တစ်ယောက်တည်းပြန်လာခဲ့လေသည်။
   "နောက်မှတွေ့မယ်နော်!"
   "လော့ကျန်းချင်! မင်းက ငါ့သူငယ်ချင်း ဟုတ်ရောဟုတ်ရဲ့လား " မော့ချိုးမှာ ဒေါသတကြီး အော်ဟစ်လာသည်။
  မော့ချိုး၏မကျေမနပ်ပြောဆိုမှုအား ကြားသောအခါ လော့ကျန်းချင်သည် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည် — မြန်မြန်လေး!!
  စိမ်းလန်းစိုပြည်၍ ကြီးမားခမ်းနားသော တောက်တန်းများကြားတွင် အပြာနုရောင်အလင်းတန်းလေးသည် ကောင်းကင်ထက်တွင်တောက်ပနေသောကြယ်ပျံတစ်စင်းလိုမျိုးတရိပ်ရိပ်ပြေးနေပြီး ထိုက်ဟွားတောင်၏ အလယ်တည့်တည့်တွင်တည်ရှိသော ယွီရှောင်းတောင်ထွဋ်၏ ဂိတ်တံခါးအရှေ့တွင် သက်ဆင်းလိုက်သည်။ အပြာဖျော့ရောင်ဝတ်စုံဖြင့် လှပကြော့ရှင်းသောကျင့်ကြံသူမှာ သူ့ဝတ်ရုံလက်ကို လွှဲယမ်းလိုက်ကာ၊ထို့နောက်တွင်တော့ မဟာယနအဆင့်ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်နိုင်စွမ်းရှိသည့် တောင်အကာအကွယ်မှာ ရုတ်တရက် အက်ကွဲလာပြီး ကျင့်ကြံသူလူငယ်လေးအား အထဲဝင်ရန်အတွက် အပေါက်တစ်ပေါက်ဖြစ်ပေါ်လာသည်။
  လော့ကျန်းချင်သည် ယွီရှောင်းတောင်ထွဋ်၏ မြေပြင်ပေါ်ခြေချကာ သက်ဝင်လှုပ်ရှားနေသော ဝါးရုံတောအား ဖြတ်လျှောက်လာခဲ့သည်။ သူသည် စစချင်းတွင် အလျင်မလိုသော်လည်း တောင်ထိပ်ရောက်ဖို့နီးလာလေ သူ့အရှိန်မှာ မြန်လာလေပင်။ နောက်ဆုံးတော့ သူသည် ဘာကိုမှတွေးမနေတော့ဘဲ လျှပ်စီးလိုအလျင်ဖြင့် စတင်ပျံသန်းလိုက်တော့သည်။
  ဝါးတော၏အဆုံးတွင် အဖြူရောင်ပုံရိပ်တစ်ခုမှာ ကျက်သရေတင့်တယ်စွာ ရပ်နေသည်ကိုတွေ့ရသောအခါ လော့ကျန်းချင်မှာ ကြက်သေသေသွားလေ၏။
  သူ့ရှစ်စွင်းသည် တောက်ပခမ်းနားသောနေရောက်အောက်တွင် ပုလဲဖြူရောင်ဝတ်ဆင်၍ နေပူဆာလုံနေပြီး သူ့ဝါးအိမ်အရှေ့တွင် တည်ကြည်ခန့်ငြားစွာ ရပ်နေလေသည်။ နောက်ကျောဘက်တွင် လက်နှစ်ဖက်အား ယှက်ကာထားလျက် အဖြူရောင်ဝတ်ကျင့်ကြံသူမှာ ပြာလဲ့လဲ့မိုးကောင်းကင်၏ အနားသတ်ကိုကြည့်ရှုနေကာ လေညင်းသွဲ့သွဲ့အဝှေ့တွင် ဝါးရွက်များ၏ တိုက်ခတ်သံကို နားဆင်နေသည်။ ရွှေရောင်အကွက်အရက်များသည် သူ့ဝတ်ရုံလက်ဖျားတွင် အနားကွပ်တန်ဆာဆင်ထားသည်။ နူးညံ့သောလေပြည်မှာ သူ့ရှစ်စွင်း၏မျက်နှာအား ထိတွေ့သွားပြီး သူ၏ ညအမှောင်လိုနက်မှောင်သော ဆံနွယ်များအား တိုးဝှေ့သွားပါလေ၏။
  လော့ကျန်းချင်သည် သူယွီရှောင်းတောင်ထွဋ်သို့ ပြန်လာချိန်တွင် သူ့ရှစ်စွင်းအား တွေ့ရမည်ဟု မျှော်လင့်မထားမိခဲ့ချေ။
  သူ၏ခေါင်းကြောမာသော ရှစ်စွင်းဖြစ်သူမှာ ဝါးအိမ်ထဲတွင် သူ့ကိုယ်သူပိတ်လှောင်ထားမည်ဟုတွေးထင်ခဲ့သည်။ အဆုံးကျ သူဘယ်အချိန်မှ ထွက်လာမည်ဟု မပြောနိုင်ပေ။ လော့ကျန်းချင်သည် သူ့ရှစ်စွင်းအား အိမ်ထဲမှထွက်လာရန်ဖိအားပေးနိုင်ဖို့ရာ မသေမျိုးအဖြစ်တက်လှမ်းခြင်းအဆင့်မရောက်မချင်း သူ့ရှစ်စွင်းအားမတွေ့ဘဲနေကာ ထို့နောက်တွင်တော့ သူတို့သည် ထိုငြီးငွေ့ဖွယ် ကျင့်ဝတ်ထုံးတမ်းများကို ရင်ဆိုင်ကြရလိမ့်မည့် အဆိုးဆုံးအခြေအနေအတွက် သူ့ကိုယ်သူပြင်ဆင်ထားပြီးဖြစ်သည်။
  သို့သော်ငြား အခုတွင်တော့ သူ့ရှစ်စွင်းမှာ အပြင်ထွက်လာပြီဖြစ်သည်။
  လော့ကျန်း၏ စိတ်အာရုံမှာ ဗလာဖြစ်သွားပြီး ဝါးရုံတော၍ အစွန်နားလေးတွင် မှင်တက်လျက် ရပ်နေမိ၏။ ရုတ်တရက်သူသည် ကြီးမားသော စွမ်းအားဖြင့် ဆွဲယူခံလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ ရွှမ်လင်းကျီအနီး မျက်နှာချင်းဆိုင်အနေအထားဖြင့် ဆွဲခေါ်ခံလိုက်ရသည်ပင်။
  တကယ်လို့ သူတို့နှစ်ယောက်ကြား တံခါးတစ်ချပ်ရှိပါက လော့ကျန်းချင်မှာ ပြောဆိုမည့် စကားပေါင်းသန်းချီရှိသော်လည်း သူကြာမြင့်စွာတောင့်တခဲ့ရသော ထိုလူ အား တကယ့်တကယ်မြင်လိုက်ရချိန်တွင်တော့ သူ့နှလုံးသားမှာ ကြောက်ရွံ့မှုအနည်းငယ်ဖြင့် တုန်ခါနေသည်ကို ခံစားမိလေသည်။
  လော့ကျန်းချင်သည် ဆယ်စုနှစ်အတော်ကြာ သူတို့၏ဆရာတပည့်ဆက်ဆံရေးအား ချစ်ကြောက်ရိုသေမှုမရှိရန်မတတ်နိုင်ပါချေ။ လက်ချောင်းထိပ်ကလေးများမှာ ခပ်ရေးရေးတုန်ရီနေပြီး သူသည် စကားတစ်ခွန်းမှ မဆိုနိုင်ခဲ့...သို့ပေသိ ရွှမ်လင်းကျီသည် သူ့လက်အား ရုတ်တရက်ကိုင်လိုက်သည်။ လော့ကျန်းချင်သည် လုံးဝ ကြက်သေ သေသွားချေပြီ။
  ရွှမ်လင်းကျီသည် သူ့အားအမေးရှိ၏။ "မင်း ဒဏ်ရာမရတာ အမှန်ပဲလား"

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now